လာမယ့်နှစ်သစ် ၂ဝ၁၉ကိုကူးဖို့ ဒါတွေကိုလက်လွှတ်လိုက်ပါတော့…

ကဲ… နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်ဆိုတော့ နယူးရီးယားကဲဖို့အတွက်ရော အဆင်သင့်ဖြစ်နေကြပြီလား ။ နှစ်သစ်ရောက်ပြီိဆိုတာနဲ့ ကိုယ့်ရဲ့အသက်တစ်နှစ်ကြီးသွားပါပြီ။ အသက်တစ်နှစ်ကြီးလာတာနဲ့အတူ မကောင်းတဲ့အကျင့်တွေဖယ်ရှားကာ နေထိုင်မှုအပြုအမူဟောင်းတွေကိုလည်း လွှတ်ချခဲ့သင့်ပါပြီ။

Related image

အသက်တစ်နှစ်သာကြီးလာတယ်။ ငါဘာတွေလုပ်ခဲ့ပြီးပြီလဲ … ဘဝအတွက် ဘာတွေကိုပြင်ဆင်ခဲ့ပြီးပြီလဲအရာရာမှာ စိတ်တွေကြီးနေတယ်။ ဒေါသထွက်လွယ်နေတယ်ဆိုရင် စိတ်တွေလျော့ပါတော့။ သည်းခံပါ။ စိတ်ခံစားချက်တွေကို များများထိန်းချုပ်ပါ။

မလုပ်ဖူးတာတွေ ၊ မသွားဖူးတဲ့နေရာတွေ သွားကြည့်ပါ။ စိတ်လှုပ်ရှားစရာ ခရီးစဉ်တွေကလည်း
သင့်ကို စိတ်ခံစားမှုအသစ်တွေ ပေးစွမ်းနိုင်မှာပါ။ ကိုယ့်အပေါ်အပြစ်တွေလုပ်ထားသူကိုလည်း
ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။

Related image

သူငယ်ချင်းတွေ ၊ အပေါင်းသင်းမိတ်ဆွေတွေ ဒီထက်ပိုတိုးအောင်လုပ်ပါ။ မှန်ကန်တဲ့ မိတ်ဆွေတွေဖြစ်ဖို့လိုပါတယ်။ ဒီလို စစ်မှန်တဲ့လူတွေဝန်းရံနေခြင်းဟာ သင့်အတွက်စိတ်ချမ်းသာရခြင်းတစ်မျိုးပါပဲ။ ကိုယ်ကလည်း သူတို့ကို ဂရုစိုက်တယ်၊ သူကလည်း ကိုယ့်ကိုဂရုစိုက်တယ်ဆိုတဲ့ ဆက်ဆံရေးတွေဟာ ချောမွေ့ပါတယ်။

Image result for trip with friends

အခုထိ အိပ်ရာထနောက်ကျနေတုန်းလား။ အချိန်တွေ မသတ်မှတ်ပဲ လုပ်ချင်သလိုတွေ လုပ်နေတုန်းလား။ ကြိုတင်စီစဉ်မှုမရှိပဲ ဘယ်အလုပ်မဆို ပေါ့ပေါ့ပျက်ပျက်လေးလုပ်တတ်နေတုန်းလား။ ဒီအကျင့်ဆိုးလေးတွေကို ပြင်နိုင်လိုက်ပြီဆိုတာနဲ့ ဘာလုပ်လုပ်အရာရာမှာ အသုံးဝင်လာမှာပါ။နှစ်သစ်မှာ အကျင့်သစ်တွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့နေရက်တွေကို ပိုင်ဆိုင်ပါစေနော်။

78 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.