ဆေးဝါးတွေအရမ်းမှီဝဲရတဲ့သူတွေအတွက် အကျိုးရှိစေမဲ့နည်းလမ်းကောင်းများ












Unicode

အခုခေတ်ကြီးထဲမှာ ဆေးဝါးနဲ့လုံးဝမထိတွေ့ရတဲ့ သူဆိုတာခက်ရှားရှားပါ။ လူကြီးလူငယ်မရွေး ဆေးသောက်နေကြရတဲ့သူတွေကြီးပါပဲ။ ဆေးနဲ့လည်းပြတ်လို့မရပင်မဲ့ ဆေးသောက်များရင်လည်း တစ်ဖက်က ကျန်းမာရေးထိခိုက်နိုင်တာ မလို့ ဘာလုပ်ရမလဲဆိုပြီး တွေးပူနေတတ်တဲ့သူတွေရှိပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဆေးကိုလည်းမှီဝဲရင်း ခန္ဓာကိုယ်ရဲ့ တစ်ခြားအစိတ်အပိုင်းတွေမထိခိုက်နိုင်အောင် ဘယ်လိုနည်းလမ်းလေးတွေကို သုံးသင့်သလဲဆိုတာ…

(၁) ရေများများသောက်ပေးပါ

ရေများများသောက်ဖို့လိုပါတယ်။ ဆေးသောက်များတဲ့လူတွေဟာ ကျောက်တည်တာများတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးကနေဘေးမဖြစ်အောင်ရေများများသောက်ဖို့လိုပါတယ်။

(၂) အစာများများစားပြီးမှဆေးသောက်ပါ

ဆေးတစ်ခုခုသောက်တော့မယ်ဆိုရင် အစားကိုများများစားပါ။  အစားနည်းပြီးဆေးသောက်တဲ့အခါ အစာအိမ်နဲ့ တစ်ခြားသောခန္ဓာကိုယ်တွင်းကအစိတ်အပိုင်းတွေကိုထိခိုက်နိုင်စေပါတယ်။

(၃) ရောဂါကင်းရှင်းသွားတယ်ဆိုတာနဲ့ဆေးကိုရပ်ပါ

ရောဂါကပျောက်နေပြီးတာကို လိုရမယ်ရဆိုပြီး စွဲသောက်နေတာမျိုးကိုမလုပ်သင့်ပါဘူး။ ရောဂါကင်းရှင်းသွားတယ် ဆိုတာနဲ့ ဆေးကိုရပ်လိုက်ပါ။

(၄) ဆေးပတ်လည်အောင်သောက်ပေးပါ

ဆေးပတ်လည်အောင်သောက်သင့်ပါတယ်။ ဆေးပတ်မလည်ပဲခဏနဲ့ရပ်လိုက်ပြီး နောက်တစ်ခောက်ထပ်ဖြစ်မှာ ထပ်သောက် ထပ်ကုရတဲ့အခါ လူကိုပိုထိစေပါတယ်။

(၅) မလိုအပ်ပဲဆေးသောက်တာမျိုးကိုရှောင်ပါ

သိပ်အကြီးအကျယ်မဖြစ်ပဲ တော်ရုံလောက်နဲ့တင် ဆေးပြင်းပြင်းတွေသောက်တာမျိုးကို ရှောင်ပါ။ တကယ်တမ်းဖြစ်လာတဲ့အခါကျရင် ဆေးမတိုးတာမျိုးတွေဖြစ်လာတတ်ပြီး ရောဂါနဲ့ဆေးမတွေ့တတ်တာမျိုးအတွက်စိတ်ပူရပါတယ်။

750 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.