သူငယ်ချင်းဖြစ်တဲ့ Ariana အတွက် Miley Cyrus ရဲ့ ချစ်စဖွယ်အားပေးနှစ်သိမ့်မှု
Miley နဲ့ Ariana တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
Unicode
Miley Cyrus ဆိုရင် ဂီတကိုချစ်မြတ်နိုးသူတိုင်းသိကြမှာပါ။သူမရဲ့သီချင်းလေးတွေက နားထောင်လို့ကောင်းသလို လူကလည်းချစ်ဖို့ကောင်းပါတယ်။ဒ့ါအပြင်သူမဟာ သူငယ်ချင်းတွေအပေါ်မှာ အမြဲဂရုတစိုက်ရှိသူတစ်ယောက်ဖြစ်ပါတယ််။သူမနဲ့ အဆိုတော်မလေး Ariana Grande ဟာ
အခင်ဆုံးသူငယ်ချင်းတွေလို့ဆိုလို့ရပြီး Ariana တစ်ယောက် Pete Davidson နဲ့လမ်းခွဲပြတ်စဲချိန်မှာ Miley ဟာ သူငယ်ချင်းဖြစ်သူကို အားပေးနှစ်သိမ့်ဖို့ မမေ့လျော့ခဲ့ပါဘူး။
တစ်ခါတစ်လေ အီမိုဂျီတွေဟာ စကားသံတွေထက် ပိုုပြီးကျယ်လောင်ထိရှပါတယ်။Miley ဟာ အီမိုဂျီလေးတွေကိုစွဲစွဲမြဲမြဲသုံးတဲ့လူဖြစ်တဲ့အလျောက်သူငယ်ချင်းဖြစ်သူ Araina ကိုလည်း အသည်းပုံလေးတွေနဲ့အတူ အသည်းပုံမျက်လုံးနဲ့ကြောင်ရုပ်လေးကိုပို့ခဲ့ပါသတဲ့။အဲ့ဒီအီမိုဂျီလေးတွေဟာ Araina ရဲ ့စိတ်ခံစားချက်ကိုုသက်သာစေမယ်၊အနည်းငယ်အားဖြစ်စေမယ်လို့သူမက တွေးထင်ခံစားရတဲ့အတွက်အဲ့ဒီအီမိုဂျီလေးတွေပို့ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပြီးတော့ အဲ့ဒီအီမိုဂျီလေးတွေဟာ “မင်းကိုတစ်ယောက်ယောက်ချစ်နေတဲ့အခါမှာလည်းငါရှိနေတယ်။ဘယ်သူမှမရှိခဲ့ရင်လည်း ငါကတော့ရှိနေပါတယ်”လို့ Miley က အဓိပ္ပာယ်မှတ်ယူထားတာဖြစ်ပါတယ်။
Ariana ကလည်းတိမ်ပုံအီမိုဂျီလေးနဲ့စာပြန်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒါကို Miley က ဘယ်လိုအဓိပ္ပာယ်ကောက်လဲဆိုရင် “ငါအဆင်ပြေပါတယ်။င့ါအတွက်စဉ်းစားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်”လို့ မှတ်ယူပါသတဲ့။အီမိုဂျီလေးတွေကိုတောင်အဓိပ္ပာယ်ဖော်တဲ့ Miley ရယ် ❤
Miley နဲ့ Ariana တို့သူငယ်ချင်းနှစ်ယောက်ရဲ ့ပုံရိပ်လေးတွေကိုုပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
139 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.