ဘယ္အရြယ္မွာ လက္ထပ္တာက အေကာင္းဆံုးလဲ?

အသက္ တစ္ႏွစ္နဲ႔တစ္နွစ္ကြာသြားရင္ေတာင္ ၂၀တုန္းကကုိယ္နဲ႔ ၂၁က ကုုိယ္ဟာ အေတာ္ေလးကြာျခားသြားတတ္ပါတယ္။အျမင္ေတြလည္းမတူသလုိခံစားခ်က္အယူအဆေတြကလည္း မတူေတာ့ပါဘူး။ဒါေၾကာင့္ အသက္ ၂၀ ေက်ာ္အရြယ္မွာလက္ထပ္တာနဲ႔ အသက္ ၃၀ မွာလက္ထပ္တာဟာလည္းအထုိက္အေလ်ာက္ကြာျခားမႈရွိပါတယ္။ေလ့လာသူပညာရွင္တစ္ခ်ိဳ႔ကေတာ့ အသက္ ၃၀အရြယ္မွာလက္ထပ္တာက အေကာင္းဆံုးပဲလုိ႔ေျပာထားပါတယ္။ဘာလို႔လဲဆုိတာ အတူတူ ၾကည့္လိုက္ရေအာင္

အသက္ ၂၀ေက်ာ္အရြယ္ဟာ ကုိယ့္ကုိယ့္ကုိယ္အဓိပၸာယ္ဖြင့္ဆုိေနဆဲအခ်ိန္
အသက္ ၂၀ေက်ာ္အရြယ္ဆုိတာ ကုိယ္ဘယ္သူလဲ၊ကုိယ္ဘာေတြလုပ္နုိင္လဲရွာေဖြေနဆဲအခ်ိန္ပါ။ႏွစ္ဖက္အသုိင္းအ၀ုိင္းကလည္းအဆင္ေျပ၊ဘာကုိမွလည္းစိတ္ပူစရာမလို၊ႏွစ္ဦးႏွစ္ဖက္လံုးကလည္းခ်စ္ျမတ္ႏုိးၾကလုိ႔အိမ္ေထာင္ျပဳၾကတဲ႔စံုတြဲေတြရွိေပမဲ႔ အမ်ားစုက အခ်စ္ကုိ မ်က္စိစံုမွိတ္လုိ႔ ခက္ခက္ခဲခဲရွင္သန္ဖို႔ၾကိဳးစားၾကတဲ႔စံုတြဲေတြပါ။ဒီအရြယ္မွာ အိမ္ေထာင္ျပဳတာကုိ မွားယြင္းတယ္လုိ႔ဆုိလိုတာမဟုတ္ေပမဲ႔ ဒီအရြယ္မွာ အိမ္ေထာင္ျပဳတာဟာ အသက္ ၃၀ အရြယ္မွာအိမ္ေထာင္ျပဳတာထက္ ပုိျပီးအခက္အခဲေတြမ်ားမ်ားၾကံဳေတြ႔ရမွာအမွန္ပါပဲ။

*အသက္ ၂၀တုန္းက ကုိယ္နဲ႔ အသက္ ၃၀က ကိုယ့္ရဲ ႔ လူမႈဆက္ဆံေရးက ကြာျခားသြားတယ္
အရင္တုန္းကေလးစိတ္နဲ႔ေတြးခဲ႔ေျပာခဲ့သမ်ွေတြဟာအသက္ ၃၀ အရြယ္ျပန္ေတြးတဲ႔အခါမွာေတာ့ အဓိပၸာယ္မရွိတာေတြျဖစ္လာပါတယ္။အသက္ ၃၀ အရြယ္မွာ ကုိယ္ေျပာသမ်ွစကားေတြက အေလးအနက္ျဖစ္လာျပီး တစ္ျခားသူေတြရဲ ႔စကားေတြကုိလည္း အေလးအနက္ထားတတ္လာ၊နားလည္ေပးတတ္တာ၊ျဖည့္ေတြးေပးတတ္လာပါတယ္။ဒီေန႔ေခတ္ ၂၀ေက်ာ္လူငယ္ေတြဟာလည္းအေပါင္းအသင္းဆက္ဆံေရးမညံ႔ဘူးဆုိေပမဲ႔လည္း အသက္ ၃၀ အရြယ္လူတစ္ေယာက္ရဲ႔အေတြးအျမင္၊ဆံုးျဖတ္ခ်က္ေတြနဲ႔ေတာ့ ကြာျခားေနဆဲပါ။

*အသက္ ၃၀ အရြယ္မွာကုိယ္လိုခ်င္တာဘာလဲတိတိက်က်သိလာတယ္
တစ္ခ်ိဳ႔အသက္ ၃၀ အရြယ္ထိ မရင့္က်က္ေသးဘူးဆုိတာေတြရွိပါတယ္။ဒါေပမဲ႔ အသက္ ၃၀အရြယ္လူလတ္ပုိင္းအမ်ားစုကေတာ့ ဒီအရြယ္မွာ ကုိယ္ဘာကုိလိုခ်င္တယ္ဆုိတာ တိတိက်က်သိၾကပါတယ္။အသက္ ၂၀၊အသက္ ၂၀ေက်ာ္အရြယ္မွာ ေယာင္၀ါး၀ါးျဖစ္ေနေပမဲ႔ အသက္ ၃၀ အရြယ္မွာေတာ့ ကုိယ့္ရဲ႔ရည္ရြယ္ခ်က္က ပုိျပီးတိက်လာပါတယ္။ဟုတ္တယ္ဟုတ္!

*ယံုၾကည္မႈလည္းပုိျပီးတည္ေဆာက္တတ္လာတယ္
အသက္ ၃၀ဆုိတဲ႔အရြယ္မွာ ကုိယ့္ကိုယ့္ကုိယ္ယံုၾကည္မႈလည္း အျပည့္အ၀တည္ေဆာက္တတ္လာျပီး ဘယ္အရာက ကုိယ့္အတြက္အေကာင္းဆံုးျဖစ္မလဲဆုိတာ စဥ္းစားေတြးေတာတတ္လာပါတယ္။အဲ႔ဒီလုိအေတြးအျမင္ဟာ အိမ္ေထာင္ဖက္ေရြးခ်ယ္တဲ႔အခါမွာလည္း အေထာက္အကူျပဳေနပါတယ္။လြယ္လြယ္ေျပာရမယ္ဆုိရင္ေတာ့ အသက္ ၃၀ အရြယ္ဆုိတာ အခ်စ္ကုိဦးစားမေပးေတာ့ပဲ လုိက္ဖက္မ်ွတစြာေရြးခ်ယ္တတ္လာတယ္လို႔ဆုိရမွာပါပဲ။

*ေငြေၾကးစီမံခန္႔ခြဲမႈပုိေကာင္းလာတယ္
အသက္တစ္ႏွစ္ၾကီးလာတာနဲ႔အမ်ွ ကုိယ္ရွာရတဲ႔၀င္ေငြနဲ႔ထြက္ေငြကုိ ကုိယ္တုိင္တြက္ခ်က္ရတာပုိမ်ားလာပါတယ္။ငယ္တုန္းကေတာ့ၾကိဳတင္စဥ္းစားထားတာမရွိေပမဲ႔ တျဖည္းျဖည္းအရြယ္ေရာက္လာေလ ကုိုယ့္ေငြကုိ ကုိယ္ပုိျပီးတန္ဖုိးထားတတ္လာေလ၊စီမံခန္႔ခြဲမႈပုိေကာင္းလာေလပါပဲ။အဲ႔ဒီအခိ်န္မွာအိမ္ေထာင္ျပဳမယ္ဆုိရင္လည္း သင့္ရဲ ႔အိမ္ေထာင္ေရးက ေငြေၾကးယုိဖိတ္မႈကင္းစင္ေနမွာပါ။အိမ္ေထာင္ဖက္ကလည္း စည္းစနစ္တက်ေငြေၾကးခန္႔ခြဲရွာေဖြတတ္မယ္ဆုိရင္ေပါ့။

*အလုပ္အကုိင္အတည္တက်ရွိေနျပီ
ငယ္တုန္းမွာေတာ့ ဟုိေျပာင္းဒီေျပာင္းနဲ႔ အလုပ္အကိုင္အတည္တက်မရွိတတ္ေသးပါဘူး။ဒါေပမဲ ႔အသက္ ၃၀ဆုိတဲ႔အရြယ္မွာေတာ့ အလုပ္အကုိင္အတည္တက်ျဖစ္ေနျပီး ၀င္ေငြကလည္း အသက္ ၂၀အရြယ္ကထက္ ပုိမ်ားေနပါျပီ။ဒါေၾကာင့္ မိဘေတြကိုလည္းေကာင္းေကာင္းေထာက္္ပံ႔ႏုိင္သလုိ အိမ္ေထာင္ျပဳမယ္ဆုိရင္လည္းဘာမွေနာက္ဆံတင္းစရာမလိုေတာ့ပါဘူး။

ဒီလုိအခ်က္ေတြေၾကာင့္ တစ္ခ်ိဳ႔အမ်ိဳးသမီးေတြဟာ အသက္ ၃၀ အရြယ္မွာအိမ္ေထာင္ျပဳတာက ပုိျပီးေကာင္းမြန္ေၾကာင္း၊အိမ္ေထာင္ေရးပုိျပီးအဆင္ေျပသာယာႏုိင္ေၾကာင္းအေတြ႔အၾကံဳေတြကုိျပန္ျပီးမ်ွေ၀ခဲ႔တာျဖစ္ပါတယ္။

Ref:everydaypowerblog

Unicode

အသက် တစ်နှစ်နဲ့တစ်နှစ်ကွာသွားရင်တောင် ၂ဝတုန်းကကိုယ်နဲ့ ၂၁က ကုုိယ်ဟာ အတော်လေးကွာခြားသွားတတ်ပါတယ်။အမြင်တွေလည်းမတူသလိုခံစားချက်အယူအဆတွေကလည်း မတူတော့ပါဘူး။ဒါကြောင့် အသက် ၂၀ ကျော်အရွယ်မှာလက်ထပ်တာနဲ့ အသက် ၃၀ မှာလက်ထပ်တာဟာလည်းအထိုက်အလျောက်ကွာခြားမှုရှိပါတယ်။ကျွမ်းကျင်သူပညာရှင်တွေကတော့ အသက် ၃ဝအရွယ်မှာလက်ထပ်တာက အကောင်းဆုံးပဲလို့ပြောထားပါတယ်။ဘာလို့လဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်

အသက် ၂ဝကျော်အရွယ်ဟာ ကိုယ့်ကိုယ့်ကိုယ်အဓိပ္ပာယ်ဖွင့်ဆိုနေဆဲအချိန်
အသက် ၂ဝကျော်အရွယ်ဆိုတာ ကိုယ်ဘယ်သူလဲ၊ကိုယ်ဘာတွေလုပ်နိုင်လဲရှာဖွေနေဆဲအချိန်ပါ။နှစ်ဖက်အသိုင်းအဝိုင်းကလည်းအဆင်ပြေ၊ဘာကိုမှလည်းစိတ်ပူစရာမလို၊နှစ်ဦးနှစ်ဖက်လုံးကလည်းချစ်မြတ်နိုးကြလို့ပြုကြတဲ့စုံတွဲတွေရှိပေမဲ့ အများစုက အချစ်ကို မျက်စိစုံမှိတ်လို့ ခက်ခက်ခဲခဲရှင်သန်ဖို့ကြိုးစားကြတဲ့စုံတွဲတွေပါ။ဒီအရွယ်မှာ အိမ်ထောင်ပြုတာကို မှားယွင်းတယ်လို့ဆိုလိုတာမဟုတ်ပေမဲ့ ဒီအရွယ်မှာ အိမ်ထောင်ပြုတာဟာ အသက် ၃၀ အရွယ်မှာအိမ်ထောင်ပြုတာထက် ပိုပြီးအခက်အခဲတွေများများကြုံတွေ့ရမှာအမှန်ပါပဲ။

*အသက် ၂ဝတုန်းက ကိုယ်နဲ့ အသက် ၃ဝက ကိုယ့်ရဲ ့ လူမှုဆက်ဆံရေးက ကွာခြားသွားတယ်
အရင်တုန်းကလေးစိတ်နဲ့တွေးခဲ့ပြောခဲ့သမျှတွေဟာအသက် ၃၀ အရွယ်ပြန်တွေးတဲ့အခါမှာတော့ အဓိပ္ပာယ်မရှိတာတွေဖြစ်လာပါတယ်။အသက် ၃၀ အရွယ်မှာ ကိုယ်ပြောသမျှစကားတွေက အလေးအနက်ဖြစ်လာပြီး တစ်ခြားသူတွေရဲ ့စကားတွေကိုလည်း အလေးအနက်ထားတတ်လာ၊နားလည်ပေးတတ်တာ၊ဖြည့်တွေးပေးတတ်လာပါတယ်။ဒီနေ့ခေတ် ၂ဝကျော်လူငယ်တွေဟာလည်းအပေါင်းအသင်းဆက်ဆံရေးမညံ့ဘူးဆိုပေမဲ့လည်း အသက် ၃၀ အရွယ်လူတစ်ယောက်ရဲ့အတွေးအမြင်၊ဆုံးဖြတ်ချက်တွေနဲ့တော့ ကွာခြားနေဆဲပါ။

*အသက် ၃၀ အရွယ်မှာကိုယ်လိုချင်တာဘာလဲတိတိကျကျသိလာတယ်
တစ်ချို့အသက် ၃၀ အရွယ်ထိ မရင့်ကျက်သေးဘူးဆိုတာတွေရှိပါတယ်။ဒါပေမဲ့ အသက် ၃ဝအရွယ်လူလတ်ပိုင်းအများစုကတော့ ဒီအရွယ်မှာ ကိုယ်ဘာကိုလိုချင်တယ်ဆိုတာ တိတိကျကျသိကြပါတယ်။အသက် ၂၀၊အသက် ၂ဝကျော်အရွယ်မှာ ယောင်ဝါးဝါးဖြစ်နေပေမဲ့ အသက် ၃၀ အရွယ်မှာတော့ ကိုယ့်ရဲ့ရည်ရွယ်ချက်က ပိုပြီးတိကျလာပါတယ်။ဟုတ်တယ်ဟုတ်!

*ယုံကြည်မှုလည်းပိုပြီးတည်ဆောက်တတ်လာတယ်
အသက် ၃ဝဆိုတဲ့အရွယ်မှာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလည်း အပြည့်အဝတည်ဆောက်တတ်လာပြီး ဘယ်အရာက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားတွေးတောတတ်လာပါတယ်။အဲ့ဒီလိုအတွေးအမြင်ဟာ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါမှာလည်း အထောက်အကူပြုနေပါတယ်။လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသက် ၃၀ အရွယ်ဆိုတာ အချစ်ကိုဦးစားမပေးတော့ပဲ လိုက်ဖက်မျှတစွာရွေးချယ်တတ်လာတယ်လို့ဆိုရမှာပါပဲ။

*ငွေကြေးစီမံခန့်ခွဲမှုပိုကောင်းလာတယ်
အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ကိုယ်ရှာရတဲ့ဝင်ငွေနဲ့ထွက်ငွေကို ကိုယ်တိုင်တွက်ချက်ရတာပိုများလာပါတယ်။ငယ်တုန်းကတော့ကြိုတင်စဉ်းစားထားတာမရှိပေမဲ့ တဖြည်းဖြည်းအရွယ်ရောက်လာလေ ကိုုယ့်ငွေကို ကိုယ်ပိုပြီးတန်ဖိုးထားတတ်လာလေ၊စီမံခန့်ခွဲမှုပိုကောင်းလာလေပါပဲ။အဲ့ဒီအချိန်မှာအိမ်ထောင်ပြုမယ်ဆိုရင်လည်း သင့်ရဲ ့အိမ်ထောင်ရေးက ငွေကြေးယိုဖိတ်မှုကင်းစင်နေမှာပါ။အိမ်ထောင်ဖက်ကလည်း စည်းစနစ်တကျငွေကြေးခန့်ခွဲရှာဖွေတတ်မယ်ဆိုရင်ပေါ့။

*အလုပ်အကိုင်အတည်တကျရှိနေပြီ
ငယ်တုန်းမှာတော့ ဟိုပြောင်းဒီပြောင်းနဲ့ အလုပ်အကိုင်အတည်တကျမရှိတတ်သေးပါဘူး။ဒါပေမဲ ့အသက် ၃ဝအရွယ်ဆိုတဲ့အရွယ်မှာတော့ အလုပ်အကိုင်အတည်တကျဖြစ်နေပြီး ဝင်ငွေကလည်း အသက် ၂ဝအရွယ်ကထက် ပိုများနေပါပြီ။ဒါကြောင့် မိဘတွေကိုလည်းကောင်းကောင်းထောက််ပံ့နိုင်သလို အိမ်ထောင်ပြုမယ်ဆိုရင်လည်းဘာမှနောက်ဆံတင်းစရာမလိုတော့ပါဘူး။

ဒီလိုအချက်တွေကြောင့် တစ်ချို့အမျိုးသမီးတွေဟာ အသက် ၃၀ အရွယ်မှာအိမ်ထောင်ပြုတာက ပိုပြီးကောင်းမွန်ကြောင်း၊အိမ်ထောင်ရေးပိုပြီးအဆင်ပြေသာယာနိုင်ကြောင်းအတွေ့အကြုံတွေကိုပြန်ပြီးမျှဝေခဲ့တာဖြစ်ပါတယ်။

269 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.