မီးသတ်သမားတွေအတွက် တကယ်အသုံးဝင်တဲ့ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ Park Shin Hye





Unicode

တောင်ကိုရီးယားမင်းသမီးချော Park Shin Hye ဟာ မီးသတ်သမားတွေအတွက် အဓိပ္ပာယ်လေးနက်ပြီးအရေးပါအကျိုးရှိတဲ့လှူဒါန်းမှုတစ်ခုကို လုပ်ခဲ့တယ်လို့ Soompi မီဒီယာကနေ ဖော်ပြထားပါတယ်။

Park Shin Hye ရဲ ့အေဂျင်စီက “Park Shin Hye ဟာ မီးသတ်သမားတွေရဲ ့ဝတ်စုံတွေကိုသေချာလျှော်ဖွပ်နိုင်ဖို့ ဝမ်ငွေ သန်း ၅၀ တန်ဖိုးရှိ အဝတ်လျှော်စက် အလုံး ၂ဝလှူဒါန်းခဲ့ပါတယ်”လို့ဖော်ပြလာခဲ့တာပါ။

LG Electronics က မီးသတ်သမားတွေအတွက် သီးသန့်အဝတ်လျှော်စက်ထုတ်ပြီးတဲ့နောက်မှာ Park Shin Hye က မီးသတ်စခန်းတွေမှာ သွားရောက်လှူဒါန်းဖို့ အလုံး ၂၀ ဝယ်ယူခဲ့တာပါ။ပြီးတော့ သူမအနေနဲ့ တစ်ခြားသူတွေရဲ ့အသက်တွေ၊ဘဝတွေကိုကယ်တင်ပေးနေတဲ့မီးသတ်သမားတွေကို တစ်ခုခုပြန်ပြီးကူညီပေးချင်တဲ့စိတ်ဆန္ဒက အမြဲတမ်းရှိနေခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ရက်နေ့က မီးသတ်စခန်းကိုသွားရောက်ခဲ့ပြီး လှူဒါန်းမှုပြုလုပ်ခဲ့တာပါ။ဒီလို Park Shin Hye ရဲ ့လှူဒါန်းမှုကိုသိသွားတဲ့အချိန်မှာ LG ကလည်း အဝတ်လျှော်စက်အလုံး ၂ဝနဲ့ကိုက်ညီစွာ Dryer တစ်ခုစီလှူဒါန်းခဲ့ကြောင်းသိရပါတယ်။အခုလက်ရှိမှာတော့ Park Shin Hye ဟာ
“Memories of the Alhambra” ဇာတ်လမ်းတွဲရိုက်ကူးထားပြီး ထိုဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ဇာတ်လမ်းတွဲအဖြစ် အောင်မြင်လျက်ရှိပါတယ်။အဘက်ဘက်ကပြည့်စုံနေတဲ့ Park Shin Hye လေးပါပဲ

816 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.