Beyonce ရဲ့ “Beyonce” အယ်လ်ဘမ်ဟာ စတင်ဖြန့်ချိတဲ့ရက်ကနေ ၁၀ရက်အတွင် အချပ်ရေ ၉၉၁၀၀၀ (ကိုးသိန်းကိုးသောင်း တစ်ထောင်) ရောင်းချခဲ့ရပြီး ခုလက်ရှိထိ ၂၀၁၃ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး စာရင်းမှာ ၁၂ ချိတ်နေခဲ့ပါတယ်။
“Beyonce” အယ်လ်ဘမ်ဟာ billboard top 200စာရင်းမှာ တရကြမ်းဖြစ်နေဆဲဖြစ်ပြီး ဒုတိယပတ်ထိ နံပါတ် ၁နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒီဇင်ဘာ ၂ရက်နေ့ထိ အချိန်အတွင်း “Beyonce” အယ်လ်ဘမ် ချပ်ရေ ၃၇၄၀၀၀ ရောင်းထွက်ခဲ့တယ်လို့ Nielsen SoundScan စာရင်းအရသိရပါတယ်။ အရင်တစ်ပတ် Billboard နံပါတ် ၁ ချိတ်ပြီးတဲ့နောက် ၃ရက်အတွင်းမှာပဲ အယ်လ်ဘမ် အချပ်ရေ ၆၁၇၀၀၀ ထပ်မံရောင်းချခဲ့ရပါတယ်။
Ref:billboard
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။