YG Entertainment ရဲ့ အနုပညာရှင်တွေနဲ့ အယ်လ်ဘမ်တွေဟာ ဒီနှစ်အတွင်း U.S.K-Pop ဈေးကွက်မှာ အအောင်မြင်ဆုံးသော သူတွေဖြစ်ကြပါတယ်။
မကြာသေးခင်က အမေရိကမှာ ၂၀၁၃ ခုနှစ်အတွင်း အရောင်းရဆုံး K-Pop သီချင်းများထဲက (၇)ပုဒ်ဟာ YG ရဲ့ အနုပညာရှင်တွေ သီဆိုထားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ YG ဖျော်ဖြေရေးအဖွဲ့အစည်းကြီးရဲ့ ကမ္ဘာကျော် အောင်မြင်မှုပဲဖြစ်ပါတယ်။
နံပါတ်(၁)နဲ့(၂)မှာ Psyရဲ့ “Gangnam Style” နဲ့ “Gentleman” ၊ နံပါတ်(၃)မှာ Big Bangရဲ့ “Fantastic Baby”၊ နံပါတ်(၆)မှာ 2NE1 ရဲ့ “I am the Best” ၊ နံပါတ်(၇)မှာ CL ရဲ့ “Baddest Female” ၊ နံပါတ်(၈)မှာ Psyရဲ့ “Right Now”နဲ့ နံပါတ်(၁၀)မှာတော့ 2NE1 ရဲ့ “Falling in Love” စတဲ့ YG ရဲ့ သီချင်း ၇ပုဒ်ဟာ top ten list ထဲမှာ ပါဝင်နေပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဒီသီချင်း(၇)ပုဒ်ထဲက (၃)ပုဒ်ဟာ လွန်ခဲ့တဲ့ (၂)နှစ်အတွင်းက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သူတို့ရဲ့ သီချင်းတွေဟာ နှစ်အနည်းငယ်ကြာပြီးတဲ့ အထိအောင်တောင် ကျော်ကြားနေဆဲ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။
Ref:kpopstarz