ဒီရိုးရှင်းတဲ့အချက်လေးတွေက သင့်ကို အသက်ပိုရှည်စေနိုင်ပါသတဲ့
*ကပါ
Source:Brightside
Unicode
အသက်ကိုဉာဏ်စောင့်ဆိုသလို ကျန်းမာရေးအသိရှိမယ်ဆိုရင် အသက်ပိုရှည်စွာနေထိုင်ရမှာအမှန်ပါပဲ။သေချိန်တန်ရင်သေရမှာပဲဆိုပေမဲ့ ဒီလိုအချက်လေးတွေက သင့်ရဲ ့လက်ရှိနေထိုင်ဆဲကာလမှာ ကျန်းမာရေးပိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးထားမှာပါ။
စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ ဒီအချက်လေးတွေကို မှတ်ထားသင့်ပါတယ်။ဘာတွေလဲဆိုတော့…
*အကောင်းဆုံးအိပ်စက်ချိန်က ည ၁၀ နာရီကနေ မနက် ၆နာရီထိ
ဒီအချိန်အတွင်းအိပ်စက်တာဟာ ကျန်းမာရေးအတွက်အသင့်တော်ဆုံးပါပဲတဲ့။ဘာလို့လဲဆိုရင် အဲ့ဒီအချိန်တွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သူ့အချိန်နဲ့သူ လုပ်ဆောင််နေကြလို့ပဲဖြစ်ပါတယ်။အိပ်ပျော်နေတဲ့အချိန်မှ အထဲက အစိတ်အပိုင်းတွေရဲ ့လုပ်ဆောင်ချက်ကလည်းပိုုပြီးကောင်းမွန်မှာပါ။ဒါကြောင့် ဒီအချိန်အတောအတွင်းအိပ်စက်တာအကောင်းဆုံးပါပဲ။
*အများအမြင်ကို လျစ်လျူရှုသင့်တာ ရှုပါ
မလိုအပ်တဲ့သူများတွေကို အမြင်ကိုလျစ်လျူရှုတာက စိတ်ဖိစီးမှုတွေကင်းဝေးစေတဲ့အတွက် ကိုယ့်ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။သူများတွေပြောတဲ့အကြောင်းကို လိုက်စဉ်းစားပြီးတွေးတောနေရင် ကိုုယ်ပဲ ပျော်ရွှင်မှုနည်းသွားမှာပါ။မပျော်ရွှင်တဲ့လူတစ်ယောက်က အသက်ရှည်ရှည်
မနေနိုင်ကြဘူးဆိုတာကို သိပ္ပံပညာရှင်တွေက စမ်းသပ်လေ့လာပြီးပါပြီ။
*ခရမ်းချဉ်သီးများများစားပါ
ခရမ်းချဉ်သီးမကြိုက်ဘူးဆိုရင်တောင် အခုကစပြီးစားသင့်ပါပြီ။ဘာလို့လဲဆိုတော့ အမေရိကန်က သိပ္ပံပညာရှင်တွေဟာ လူအယောက် ၅၀၀၀ ကျော်ကိုစမ်းသပ်လေ့လာခဲ့ပြီးတဲ့နောက် ခရမ်းချဉ်သီးများများစားတဲ့သူဟာ နာတာရှည်ရောဂါဖြစ်ခြင်းကနေ ၂၆ရာခိုင်နှုန်းပိုပြီးကာကွယ်နိုင်ကြောင်း
တွေ့ရှိခဲ့ရပါတယ်။ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ဇီဝဓာတ်တစ်ခုပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အပြင် ကိုယ်အလေးချိန်ကိုပါထိန်းသိမ်းပေးနိုင်ပါတယ်။
*Alarm သံကိုဂရုစိုက်ပါ
ကိုယ်က ဆူညံနေမှနိုးတယ်ဆိုရင်တောင် အရမ်းဆူညံတဲ့အသံမျိုးမထားသင့်ပါဘူး။ဂျပန်လူမျိုးတွေရဲ့လေ့လာချက်အရ ကျယ်လောက်တဲ့နှိုးစက်မြည်သံကြောင့် လန့်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေပိုများတယ်လို့တွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ဒီလိုဆူညံသံတွေဟာ အာရုံကြောတွေအတွက်ပါမကောင်းစေပါဘူးတဲ့။ဒါကြောင့် ကိုယ့်ရဲ ့Alarm သံကို သေချာရွေးချယ်ထားဖို့မမေ့ပါနဲ့
*ကပါ
တကယ်လို့သင်ဟာ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ရမှာပျငး်တယ်ဆိုရင် အကသင်တန်းတွေဘာတွေတက်လို့ရပါတယ်။အကတွေဘာတွေကျတော့ ပျင်းစရာလည်းမကောင်းတဲ့အပြင် ကတတ်တော့ ပိုပြီးလည်းလူကိုစမတ်ကျစေပါတယ်။လှုပ်ရှားနေရတာဖြစ်လို့ ကိုယ်အလေးချိန်ကိုလည်းထိန်းပြီး
သားဖြစ်စေပါတယ်။ဒီတော့ အကသင်တန်းလေးတွေ တက်ဖြစ်အောင်တက်တာမျိုး၊ဗီဒီယိုလေးတွေကြည့်ပြီးလိုက်ကတာမျိုးလုပ်ကြည့်နော်
*သွားခဏခဏတိုက်တာမျိုးမလုပ်ပါနဲ့
သန့်ရှင်းတာက ကောင်းပါတယ်။ဒါပေမဲ့ ချင့်ချိန်ပြီးတော့လုပ်ပေါ့။ထမင်းတစ်ခါစားပြီးတိုင်း ချက်ချင်းသွားတိုက်မယ်။ခံတွင်းသန့်ဆေးရည်သုံးမယ် ဆိုရင် သွားတွေကို ခဏလေးနဲ့ပျက်စီးလာစေနိုင်ပါတယ်။သန့်ရှင်းမသွားပဲ သွားကြွေလွှာတွေကို ပျက်စီးစေမှာပါ။ဒါကြောင့် ထမင်းစားပြီးတာနဲ့ချက်ချင်း
သွားတိုက်တာမျိုးမလုပ်သင့်သလို ပုံမှန် မနက်တစ်ကြိမ်၊ညတစ်ကြိမ်နဲ့ ကြားချိန်တွေမှာ ခံတွင်းသန့်ဆေးရည်တစ်ကြိမ်လောက်သုံးပေးရင် သွားပျက်စီးတာမျိုးမဖြစ်စေတော့ပါဘူး။
ဒီအချက်လေးတွေကိုသေချာသတိထားမယ်ဆိုရင် အရင်ကထက်သာယာကျန်းမာတဲ့ဘဝကြီးကိုပိုင်ဆိုင်နိုင်ကြမှာပါ။
Source:Brightside
209 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.