ထိပ်တန်းကြော်ငြာမော်ဒယ်လ်အဖြစ် ပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့ Park Seo Joon
Kim Yuna (5.1 percent)
Gong Yoo (4.3 percent)
Park Bo Gum (4.3 percent)
Yoo Jae Suk (3.0 percent)
Suzy (2.5 percent)
IU (2.5 percent)
Won Bin (2.3 percent)
Jun Ji Hyun (2.3 percent)
Source:Soompi
Unicode
အခုလက်ရှိတောင်ကိုရီးယားရဲ့အနုပညာလောကမှာ ခေတ်အစားဆုံး၊နာမည်အကြီးဆုံးလူငယ်မင်းသားကိုပြောပါဆိုရင် မင်းသားချော Park Seo Joon ကိုပြောရမှာပါပဲ။အသက် ၃၀ အရွယ် မင်းသားချောဟာ နာမည်ကျော်ဇာတ်လမ်းတွဲတွေများစွာမှာပါဝင်ခဲ့ပြီး အထူးသဖြင့် “What’s Wrong With Secretary Kim?” ဇာတ်လမ်းတွဲနဲ့ နှုတ်ခမ်းနီမလေးတွေရင်ထဲရောက်ခဲ့တာပါ။
ဒီလိုမင်းသားချောဟာ စစ်တမ်းကောက်ချက်အရ ဒီနှစ်တောအတွင်း ပရိသတ်တွေအကြိုက်ဆုံး၊အချစ်ဆုံး ကြော်ငြာမော်ဒယ်လ်အဖြစ်ထိပ်ဆုံးမှာရှိနေခဲ့တယ်လို့သိရပါတယ်။အွန်လိုင်း၊သတင်းစာ၊တီဗီစတဲ့မြင်ကွင်းတွေမှာ မြင်တွေ့ရတဲ့ ကြော်ငြာပေါင်း ၂၀ ကိုရိုက်ကူးထားခဲ့တာပါ။အဲ့ဒီကြော်ငြာတွေ
ဟာလည်း ပရိသတ်အကြိုက်များခဲ့ပြီး Park Seo Joon ဟာဆိုရင် ဖိလစ်ပိုင်၊ဗီယက်နမ်နဲ့တရုတ်နိုင်ငံတွေအတွက်ပါ ကြော်ငြာရိုက်ကူးဖို့စာချုပ်ချုပ်ထားတယ်လို့လည်းသိရပါတယ်။
“Youn’s Kitchen 2” ရသစုံရှိုးနဲ့လည်းပရိသတ်အားပေးမှုအခိုင်အမာရထားခဲ့သူပါ။ဒီတော့ သူ့ကို ပရိသတ်တွေက သဘောကျကြပြီး အခုလို ထိပ်တန်းကြော်ငြာမော်ဒယ်လ်တစ်ယောက်အဖြစ် အသိအမှတ်ပြုအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။Park Seo Joon က ၅.၈ ရာခိုင်နှုန်းနဲ့
ထိပ်ဆုံးကရပ်တည်နေပြီး
Kim Yuna (5.1 percent)
Gong Yoo (4.3 percent)
Park Bo Gum (4.3 percent)
Yoo Jae Suk (3.0 percent)
Suzy (2.5 percent)
IU (2.5 percent)
Won Bin (2.3 percent)
Jun Ji Hyun (2.3 percent)
Lee Seo Jin (2.2 percent) တို့က အသီးသီးအောင်မြင်ကျော်ကြားနေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက် Park Seo Joon ရဲ ့ပုံရိပ်လေးတွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
11K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.