မနဲ့မောင်အချစ်ေရးတွေမှာဖြစ်လေ့ရှိတဲ့ပြဿနာလေးတွေက








(၇) နောက်ဆုံးတစ်ခုကတော့ တစ်ချို့အတွဲတွေဖြစ်တတ်ကြတဲ့ပြဿနာပါ မိန်းကလေးဖြစ်သူက အသက်ကြီးတော့ အိမ်ထောင်ပြုချိန်တန်ပင်မဲ့ယောက်ျားလေးက ငယ်သေးတော့ အဆင်သင့်မဖြစ်လို့ပြဿနာတတ်ကြတာမျိုးပါ။


Unicode

ကောင်လေးတွေက မိန်းကလေးတွေထက် အသက်ပိုငယ်တဲ့မနဲ့မောင်ဇာတ်လမ်းတွေမှာ တစ်ခါတစ်ရံ ထင်မထားတဲ့ ပြဿနာလေးတွေ အဖုအထစ်လေးတွေရှိတတ်ကြပါတယ်။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက်အသက်ရွယ်ကွာဟမှုနဲ့ အယူအဆချင်းကွာခြားချက်တွေကြောင့်ပါပဲ။ အတွဲတိုင်းတော့ မဆိုလိုပါဘူးနော်။ အခုပြောပြမဲ့တော်တော်များများသောအချက်တွေကတော့ မနဲ့မောင်အချစ်ဇာတ်လမ်းတွေမှာဖြစ်တတ်ကြတဲ့ ပြဿနာလေးတွေပါပဲ…ဒါပင်မဲ့လည်းချစ်ခြင်းမေတ္တာနဲ့ နားလည်မှုရှိရင်ဒါလေးတွေက အေးဆေးရှင်းရလွယ်ပါတယ်။

(၁) ဆရာလုပ်တတ်တဲ့မမကြောင့်နာပူရမယ်

(၂) လူငယ်ဆန်ချင်တဲ့ကောင်လေးကြောင့် မမတွေစိတ်မချဖြစ်မယ်

(၃) ကောင်လေးတွေက တော်တော်များများကိစ္စတွေကို ကလေးဆန်ဆန်တွေးသလောက်မမတွေကလေးလေးနက်နက်အကုန်လိုက်တွေးတော့  ပြဿနာတွေတတ်ကြတယ်

(၄) သူငယ်ချင်းအပေါင်းသင်းမှားမှာဆိုးလို့ မိန်းကလေးဖြစ်တဲ့မမကစိတ်ပူသလို ကောင်လေးကတော့ ငယ်တော့အပေါင်းသင်မက်တာမျိုးဖြစ်မယ်

(၅) ကိုယ့်မမကို သူနဲ့အသက်ရွယ်တူတဲ့ဘဲကြီးတွေနောက်ပါသွားမှာ အင်မတန်သဝန်တိုရင်း ရစ်တတ်ကြတယ်

(၆) မမတွေကလည်း သူ့ချစ်သူကောင်လေးကို ရွယ်တူဖလန်းဖလန်းမလေးတွေလက်ထဲပါသွားမှာကြောက်ရင်း ပြဿနာဖြစ်တတ်ကြတယ်

(၇) နောက်ဆုံးတစ်ခုကတော့ တစ်ချို့အတွဲတွေဖြစ်တတ်ကြတဲ့ပြဿနာပါ မိန်းကလေးဖြစ်သူက အသက်ကြီးတော့ အိမ်ထောင်ပြုချိန်တန်ပင်မဲ့ယောကျ်ားလေးက ငယ်သေးတော့ အဆင်သင့်မဖြစ်လို့ပြဿနာတတ်ကြတာမျိုးပါ။

ဘယ်လိုပြဿနာမျိုးမဆိုတစ်ယောက်အပေါ်တစ်ယောက်နားလည်တဲ့စိတ် သည်းခံတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ် ချစ်တဲ့စိတ်နဲ့တွေးပေးမယ် ပြေလည်အောင်ညှိကြမယ်ဆိုရင်တော့ ပြဿနာတွေကပိုကြီးလာနိုင်စရာမရှိပါဘူး။

 

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.