သွားမနှုတ်ရဲဘူးဆိုတဲ့သူတွေကို ဒီနည်းလေးတွေက ကူညီပါလိမ့်မယ်
*အချိန်ရွေးတတ်ပါစေ
Unicode
သွားနာသွားကိုက်တဲ့အခါ သွားနှုတ်ရမှာကိုတွေးပြီးကြောက်နေတဲ့သူတွေရှိပါတယ်။ဒါကသင်တစ်ယောက်တည်းမဟုတ်ပါဘူး။အများစုက သွားနှုတ်တဲ့အခါ ရလာမယ့်နာကျင်မှုကို ကြိုတွေးပြီး မနှုတ်ရဲကြတာမျိုး၊ဆေးခန်းတောင်မသွားရဲတာမျိုးဖြစ်တတ်ပါတယ်။လေ့လာချက်တွေအရဆို အရွယ်ရောက်လူငယ််တွေကြားထဲမှာ သွားနှုတ်ရမှာကြောက်တဲ့ လူဟာ ၇.၈ ရာခိုင်နှုန်းကနေ ၁၈.၈ ရာခိုင်နှုန်းထိမြင့်တက်လာတယ်လို့သိရပါတယ်။
အဲ့ဒီလိုသွားနှုတ်ရမှာကြောက်တဲ့လူတွေအတွက် စိတ်သက်တောင့်သက်သာဖြစ်စေမယ့်နည်းလမ်းလေးတွေကို ပြန်ပြီးမျှဝေပေးသွားမှာပါ။ဘယ်လိုနည်းလမ်းလေးတွေလဲဆိုရင်…
*သွားဆရာဝန်ဖြစ်စေ၊ဝန်ထမ်းကိုဖြစ်စေ ဘယ်လိုပုံစံမျိုးနဲ့သွားနှုတ်ချင်တယ်ဆိုတာ ကြိုပြောထားပါ
သွားနှုတ်တဲ့အခါမှာ ပုံစံလေးတွေရှိပါတယ်။ကိုယ်က နာကျင်မှာကိုကြောက်တတ်တဲ့အကြောင်း၊စိတ်လှုပ်ရှားတတ်တဲ့အကြောင်းကြိုပြောပြထားရင်သက်ဆိုင်ရာတာဝန်ရှိသူက သင့်အတွက် သက်တောင့်သက်သာဖြစ်အောင်ကူညီပေးပါလိမ့်မယ်။
*အသက်ကိုဖြည်းဖြည်းရှု၊ပုံမှန်ရှုပါ
သွားနှုတ်ဖို့ပြင်ဆင်နေပြီဆိုရင် သင့်ရဲ ့အသက်ကိုဖြည်းဖြည်းချင်း ရှုပါ။ပုံမှန်လေးရှုပေးပါ။ကိုယ့်ရဲ ့အသက်ရှုနှုန်းကိုထိန်းထားတာက ကြောက်လန့်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။
*ကိုယ်အကြိုက်ဆုံးသီချင်းတွေ နားထောင်နေပါ
စိတ်ပေါ့ပါးအောင်၊ထိတ်လန့်မှုနည်းအောင် ကိုယ်အကြိုက်ဆုံးသီချင်းလေးတွေဖွင့်ပြီးနားထောင်နေတာက ကြောက်စိတ်ကိုလျော့နည်းစေပါလိမ့်မယ်
*အချိန်ရွေးတတ်ပါစေ
အလုပ်ဆင်းပြီးပြီးချင်း ဆေးခန်းတန်းသွား၊သွားနှုတ်မယ့်အစား ကိုယ့်စိတ်အဆင်သင့်ဖြစ်တဲ့အချိန်၊စိတ်ဖိစီးမှုတွေမရှိတဲ့အချိန် ရွေးချယ်ပြီးသွားသင့်ပါတယ်။အားလပ်ရက်မှာပဲဖြစ်ဖြစ်ပေါ့။စိတ်ထဲမှာ ဖိစီးမှုတွေကလည်းများ၊သွားနှုတ်ရမှာလည်း လန့်ဆိုရင် သွားနှုတ်တဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။
*သူငယ်ချင်းတွေဆီက အကြံတောင်းပါ
ကိုယ်က သွားနှုတ်ဖို့လိုနေတယ်။ဒါပေမဲ့ ဘယ်ဆရာဝန်က ကောင်းလဲ၊လူနာကို ဘယ်လိုမနာမကျင်သွားနှုတ်ပေးတတ်လဲစသဖြင့် ရင်းနှီးရာမိတ်ဆွေတွေကို အရင်မေးမြန်းသင့်ပါတယ်။တစ်ချို့တွေပြောကြပါလိမ့်မယ်။အဲ့ဒီဆရာဝန်သွားနှုတ်ပေးတာ လုံးဝမနာဘူးတို၊ဆက်ဆံရေးပြေပြစ်တယ်တို့
အဲ့ဒီလိုစကားသံတွေကြားရင် ဦးစားပေးစဉ်းစားပြီးသွားသင့်ပါတယ်။ဒါက သင့်ရဲ ့သွားနှုတ်ရမှာကြောက်နေတဲ့စိတ်ကို တစ်ဝက်လောက်လျှော့ချပေးမှာပါ။
မဖြစ်မနေ သွားနှုတ်ရမယ်ဆိုရင်တော့ ဒီနည်းလေးတွေကသင့်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။
401 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.