ခရစ်စမတ်ကာလအပြီးမှာ ဖက်ရှင်တွေ တစ်မျိုးပြောင်းသွားလိမ့်မယ် မျှော်လင့်ထားကြ ပါတယ်။ ဒီတစ်ပါတ် အွန်လိုင်းရှော့ပင်းက ချပြလိုက်တဲ့ ဒီဇိုင်းတွေကတော့ ပရိသတ်ရဲ့ ဆာလောင်မှုကို ဖြည့်စွမ်းပေးနိုင်မယ်ထင်ပါတယ်။ ၀ဘ်ဆိုဒ်တွေက ဘယ်တော့မှ အိပ်ပျော်မနေတတ် ပါဘူး။ ရာသီအသစ်အတွက် တစ်ချက်လောက် လိုက်ပါစီးမျောကြည့်လိုက်ရအောင်။
(၁) ELLE မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်Candice Swanepoel က ဒီဇင်ဘာလအတွက် ကာဗာမှာ ဒါကိုဝတ်ပြီး အစွံထုတ်သွားပါတယ်။ Richard Nicoll ရဲ့ ဒီဂျက်ကက်ကတော့ ယူရို ၆၅၀တန်ပါတယ်။
(၂) ဒီဘောင်ထူထူနဲ့ နေကာမျက်မှန်ပုံစံဟာ ဆောင်းရာသီရဲ့ သဘာဝကို ပြည့်စုံစေပါတယ်တဲ့။ ပြီးတော့ အပြင်ထွက်တဲ့အခါ ပိုပြီးထင်ရှားတဲ့အသွင်ကို ရစေပါတယ်။ Céline Sunglasses ယူရို ၂၀ ပါတဲ့။
(၃) ဒီဂါဝန်ဟာ အသားကပ်ဘောင်းဘီခပ်ထူထူတစ်ထည်နဲ့ အကြမ်းစီးဖိနပ်ပါး တစ်ရံနဲ့ဆို ဆောင်းရာသီ ရသပြည့်ဝစေတယ်လို့ ဆိုပါတယ်။ Cos တံဆိပ်ဖြစ်ပြီး ယူရို၆၉ပါ။
(၄) ဒီ ဗစ်တိုးရီးယန်း ဆွဲသီးပုံစံလေးတွေဟာ လက်နဲ့ရေးဆွဲထားတဲ့ အနုပညာတစ်ရပ်ဖြစ်လို့ သူနဲ့တူတာ (၂)ခုမရှိနိုင်ပါဘူး။ Annina Vogel ချစ်သူတွေကတော့ ဒါကိုအသည်းစွဲ ဖြစ်ကြမှာပါ။ တစ်ခုကို ယူရို ၃၅၀ကျပါတယ်။
(၅) ဒီသိုးမွှေးသားဆန်ဆန် ဦးထုပ်ပြားကြီးတွေကတော့ ဆောင်းရာသီရဲ့ အစဉ်အဆက် မရိုးသွားတဲ့ ဖက်ရှင်ပါ။ ဒီလိုဦးထုပ်မျိုးကို နေဗီရောင် ကုတ်အင်္ကျံနဲ့ တွဲဝတ်လိုက်ရင်တော့ တကယ့် ဖက်ရှင်ပါပဲ။ ယူရို ၃၅ပါ။
ဖက်ရှင်နဲ့ပတ်သက်လို့ ခေတ်ရှေ့ပြေးနေချင်သူတွေ ၊ သူများနဲ့ မတူချင်တဲ့ သူတွေအတွက် ကမ္ဘာမှာ လက်ရှိခေတ်စားနေတဲ့ ဖက်ရှင်ကိုကြည့်ပြီး ကိုယ့်ဒေသနဲ့ကိုက်ညီအောင် အသုံးချနိုင်ကြပါစေ။
Ref:elleuk