အဖြဲ႔ကြဲမလုိထိျဖစ္ခဲ႔ေၾကာင္း ေျပာျပလာတဲ႔ BTS

ေဟာင္ေကာင္မွာက်င္းပခဲ႔တဲ႔ 2018 MAMA ပြဲအခမ္းအနားမွာ BTS အဖြဲ႔က သူတုိ႔အဖြဲ႔နဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြကုိေျပာျပလာခဲ့ပါတယ္။ဒီဇင္ဘာ ၁၄ရက္ေန႔တုန္းက MAMA ပြဲမွာ BTS အဖြဲ႔ဟာ “Album of the Year” နဲ႔ “Artist of the Year”ဆုေတြကုိပုိင္ဆုိင္ခဲ႔တာျဖစ္ပါတယ္။

အဲ႔ဒီဆုကုိၾကားလုိက္ရတဲ႔အခ်ိန္မွာ အဖြဲ႔၀င္ေတြက တစ္ေယာက္ကုိတစ္ေယာက္ေပြ႔ဖက္ခဲ႔ျပီး တစ္ေယာက္ခ်င္းစီက ဒီဆုေတြကုိပုိင္ဆုိင္ခြင့္ရလို႔၀မ္းသာဂုဏ္ယူေၾကာင္းစကားေတြေျပာခ့ၾကပါတယ္။

Jin က သူစကားေျပာရတဲ႔အလွည့္အေရာက္မွာေတာ့ “ဒီ ၂၀၁၈ အစပုိင္းက ကြ်န္ေတာ္တုိ႔အတြက္ အေတာ္ေလးခက္ခဲတဲ႔အခ်ိန္ျဖစ္ခဲ႔တာပါ။စိတ္ေရာလူပါပင္ပန္းလုိ႔ တစ္ေယာက္ခ်င္းစီေဆြးေႏြးညိွႏိႈင္းၾကနဲ႔ ေနာက္ဆံုး အဖြဲ႔ကြဲမလိုထိေတာင္ျဖစ္ခဲ႔ၾကတာပါ”လုိ႔ေျပာျပခဲ့ပါတယ္။ဒါေပမဲ႔သူတုိ႔က
အဲ႔ဒီအခက္အခဲေတြကုိအတူေျဖရွင္္းၾကိဳးစားခဲ႔လို႔ ဒီ ၂၀၁၈ အတြင္းမွာ ေအာင္ျမင္မႈတရွိန္ထိုးရရွိခဲ႔တာပဲျဖစ္ပါတယ္။Jin က အခုခိ်န္ထိ အတူရွိေနၾကတဲ႔အဖြဲ႔၀င္ေတြကုိေက်းဇူးတင္စကားေျပာခဲ့ျပီး အတူတူေရွ႔ဆက္ၾကိဳးစားသြားမယ္ဆုိတဲ႔အေၾကာင္း ပရိသတ္ေတြကုိကတိေပးခဲ႔ပါေသးတယ္။

ဒါ့အျပင္ Jin က သူတုိ႔ရဲ ႔ARMY ေတြကုိလည္း ေက်းဇူးတင္ခဲ႔ပါတယ္။မေျပာင္းလဲတဲ႔အခ်စ္နဲ႔အျမဲတမ္းအားေပးေနတဲ႔အတြက္ေပါ့ ❤

ျပိဳကြဲမလုိထိျဖစ္ခဲ႔ၾကေပမဲ႔ အတူေရွ႔ဆက္ၾကဳိးစားခဲ႔တဲ႔အတြက္ သူတုိ႔ရဲ ႔ရလဒ္က ပရိသတ္ေတြျမင္တဲ႔အတုိင္းပါပဲ။ပရိသတ္ေတြက သူတုိ႔အတြက္ အျမဲတမ္းဂုဏ္ယူေနၾကပါတယ္။BTS အဖြဲ႔၀င္ေတြရဲ ႔ဆုေပးပြဲပံုရိပ္ေလးေတြ ျပန္ျပီးေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ဟောင်ကောင်မှာကျင်းပခဲ့တဲ့ 2018 MAMA ပွဲအခမ်းအနားမှာ BTS အဖွဲ့က သူတို့အဖွဲ့နဲ့ပတ်သက်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ်။ဒီဇင်ဘာ ၁၄ရက်နေ့တုန်းက MAMA ပွဲမှာ BTS အဖွဲ့ဟာ “Album of the Year” နဲ့ “Artist of the Year”ဆုတွေကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆုကိုကြားလိုက်ရတဲ့အချိန်မှာ အဖွဲ့ဝင်တွေက တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ခဲ့ပြီး တစ်ယောက်ချင်းစီက ဒီဆုတွေကိုပိုင်ဆိုင်ခွင့်ရလို့ဝမ်းသာဂုဏ်ယူကြောင်းစကားတွေပြောခ့ကြပါတယ်။

Jin က သူစကားပြောရတဲ့အလှည့်အရောက်မှာတော့ “ဒီ ၂၀၁၈ အစပိုင်းက ကျွန်တော်တို့အတွက် အတော်လေးခက်ခဲတဲ့အချိန်ဖြစ်ခဲ့တာပါ။စိတ်ရောလူပါပင်ပန်းလို့ တစ်ယောက်ချင်းစီဆွေးနွေးညှိနှိုင်းကြနဲ့ နောက်ဆုံး အဖွဲ့ကွဲမလိုထိတောင်ဖြစ်ခဲ့ကြတာပါ”လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့သူတို့က
အဲ့ဒီအခက်အခဲတွေကိုအတူဖြေရှင််းကြိုးစားခဲ့လို့ ဒီ ၂၀၁၈ အတွင်းမှာ အောင်မြင်မှုတရှိန်ထိုးရရှိခဲ့တာပဲဖြစ်ပါတယ်။Jin က အခုချိန်ထိ အတူရှိနေကြတဲ့အဖွဲ့ဝင်တွေကိုကျေးဇူးတင်စကားပြောခဲ့ပြီး အတူတူရှေ့ဆက်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ပရိသတ်တွေကိုကတိပေးခဲ့ပါသေးတယ်။

ဒါ့အပြင် Jin က သူတို့ရဲ ့ARMY တွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။မပြောင်းလဲတဲ့အချစ်နဲ့အမြဲတမ်းအားပေးနေတဲ့အတွက်ပေါ့ ❤

ပြိုကွဲမလိုထိဖြစ်ခဲ့ကြပေမဲ့ အတူရှေ့ဆက်ကြိုးစားခဲ့တဲ့အတွက် သူတို့ရဲ ့ရလဒ်က ပရိသတ်တွေမြင်တဲ့အတိုင်းပါပဲ။ပရိသတ်တွေက သူတို့အတွက် အမြဲတမ်းဂုဏ်ယူနေကြပါတယ်။BTS အဖွဲ့ဝင်တွေရဲ ့ဆုပေးပွဲပုံရိပ်လေးတွေ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

100 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.