Dr.Dreရဲ့Beats အီလက်ထရောနစ်ကုမ္ပဏီဟာ အဓိက ရင်းနှီးမြှုပ်နှံသူအသစ် ပြောင်းပြီးသွားတဲ့နောက်မှာ ကုမ္ပဏီတန်ဖိုးဟာ ကန်ဒေါ်လာသန်းတစ်ထောင်အထိ အဆမတန် တက်သွားပါတယ်။
Beats audio ကုမ္ပဏီကို ၂၀၀၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီးDre Headphoneတွေအပြင်၊ Justin Bieber, Lady Gaga, Sean “Diddy” Combsနဲ့ Nicki Minajဆိုပြီးတော့ အသံအပိုင်းအခြားတွေခွဲပြီး ထုတ်လုပ်ရောင်းချခဲ့တာဟာ ဈေးကွက်ထဲမှာအတော့်ကို ပေါက်ခဲ့ပါတယ်။
Beats audioရဲ့ အောင်မြင်မှုကြီးကို Carlyle အစုစပ်ကုမ္မဏီလို့ ခေါ်တဲ့ပုဂ္ဂလိက အစုရှယ်ယာ အဖွဲ့အစည်းက စိတ်ဝင်စားလာပါတယ်။ ကာကွယ်ရေးနဲ့ လေကြောင်းကုမ္ပဏီတွေ အဖြစ်နဲ့ ကျော်ကြားတဲ့Carlyeအစုစပ်ကုမ္ပဏီဟာ Beats audio ကုမ္ပဏီမှာ ရင်နှီးမြှုပ်နှံမှုအဖြစ်နဲ့ ကန်ဒေါ်လာ သန်း၅၀၀ ထည့်သွင်းမယ်လို့ စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။ ဒီတော့ Beats audioရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ကန်ဒေါ်လာသန်းတစ်ထောင်အဖြစ်နဲ့ တဟုန်ထိုးထိုးတက်သွားပါတော့တယ်။ ၂၀၁၁ခုနှစ်မှာ Beats audioရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ၅၁ရာခိုင်နှုန်း (ကန်ဒေါ်လာ သန်း၃၀၀)ကို ၀ယ်ယူခဲ့တဲ့ HTC (ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ)ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရောင်းဖို့အစီအစဉ်ရှိတယ်လို့ ကြေညာထားပါတယ်။