ဘော်ဒါတွေနဲ့စကိတ်ကွင်းမှာ သာယာနေတဲ့ Selena Gomez
Source:Dailymail
Unicode
နာမည်ကျေ်ာအဆိုတော်မလေး Selena Gomez ကတော့ မီဒီယာတွေထက်မှာ ပြန်ပြီးနေရာယူလာပါပြီ။စက်တင်ဘာလတုန်းက ကျန်းမာရေးအခြေအနေအရ အနားယူနေခဲ့ပြီး အင်စတာဂရမ်၊တွစ်တာတွေသုံးတာ မတွေ့ခဲ့ရပေမဲ့ အခု ဒီဇင်ဘာမှာတော့ သူမ ကျန်းမာရေးကောင်းပြီးပျော်ရွှင်နေတယ်ဆိုတာသိသာနေတဲ့ ပုံလေးတွေ မြင်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက သူမရဲ ့သူငယ်ချင်းတွေဖြစ်တဲ့ Connar Franklin နဲ့ Bailee Madison ဟာ သူငယ်ချင်းအုပ်စု ကယ်လီဖိုးနီးယားစကိတ်ကွင်းမှာ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ပုံလေးတွေ ပြန်တင်ပေးခဲ့တာဖြစ်ပါတယ်။သူမကိုကြည့်ရတာ ကျန်းမာရေးလည်းကောင်းနေပြီး
ပျော်ရွှင်နေတဲ့ပုံပါ။ဒါက ကျန်းမာရေးကြောင့်အနားယူပြီး ပြန်မြင်ခဲ့ရတဲ့သူမရဲ ့ပထမဆုံးပုံရိပ်တွေလည်းဖြစ်ပါတယ်။
People မီဒီယာရဲ့ဖော်ပြချက်အရ “သူမရဲ့ကျန်းမာရေးအခြေအနေက ပိုကောင်းလာပြီး ဒီထက်ပိုကောင်းမွန်လာဖို့ကြိုးစားနေပါတယ်။အခုလက်ရှိမှာမိသားစုတွေ၊သူငယ်ချင်းတွေနဲ့ပဲ သူမရဲ ့အချိန်တွေကုန်ဆုံးနေပါတယ်”လို့သိရပါတယ်။
Selena ဟာ ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေကိုသာ ကောင်းမွန်အောင်အာရုံစိုက်နေတာပါ။အခုလက်ရှိမှာတော့ နေပြန်ကောင်းနေပြီဖြစ်လို့ မကြာခင် သူမကို အင်စတာဂရမ်ထက်မှာ မြင်တွေ့ရမယ်ထင်ပါတယ်။Selena ရဲ ့ပျော်ရွှင်ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
Source:Dailymail
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.