ယူတုိ႔ရဲ ႔၀ိတ္ေလးအျမန္က်ေစမယ့္ မ်က္လွည့္ေဖ်ာ္ရည္

၀ိတ္မက်လု႔ိစိတ္ညစ္ေနတယ္ဆုိရင္ ဒီေဖ်ာ္ရည္ေလးကုိ အဓိကထားျပီးေသာက္သံုးသင့္တယ္ဆုိတဲ႔အေၾကာင္း စာဖတ္ပရိသတ္ၾကီးကုိ အၾကံေကာင္းဥာဏ္ေကာင္းေပးပါရေစ။ဘာေဖ်ာ္ရည္လဲဆုိေတာ့ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ပါပဲ။အရင္ကလည္း ၾကားဖူးၾကမွာပါ။ရွားေစာင္းလက္ပတ္
ေဖ်ာ္ရည္ကုိ ၀ိတ္ခ်တဲ႔ေနရာမွာသံုးတယ္ဆုိတာ။ဒါေပမဲ႔ ဘယ္လုိေတြအေထာက္အကူျပဳတယ္၊ဘယ္လိုေတြေသာက္ေပးရမယ္ဆုိတာ ေသခ်ာသိၾကေသးမယ္မထင္ပါဘူး။ဒါေၾကာင့္ဆက္ဖတ္ၾကည့္ေနာ္

ရွားေစာင္းလက္ပတ္ဟာ ေစ်းမွာလည္းအလြယ္တကူရျပီး အရသာလည္းမဆုိးတဲ႔အတြက္ အားလံုးေသာက္ႏုိင္ၾကမွာပါ။ဒီရွားေစာင္းလက္ပတ္ပင္ကုိတစ္ခိ်ဳ႔ကလည္း မ်က္လွည့္ပင္လုိ႔ေခၚၾကတယ္။ဘာလို႔လဲဆုိေတာ့ ရွားေစာင္းလက္ပတ္က က်န္းမာေရးအက်ိဳးအာနိသင္ေတြေတာ္ေတာ္မ်ားမ်ားရွိေနလုိ႔ပါပဲ။ရွားေစာင္းလက္ပတ္မွာ ေရဓာတ္ ၉၉ ရာခုိင္ႏႈန္းပါ၀င္ျပီး antioxidants ၊ antibiotics ဓာတ္ေတြပါ၀င္လုိ႔ ဆဲလ္ေတြျပဳျပင္ေျပာင္းလဲတဲ႔ေနရာမွာအမ်ားၾကီးအသံုး၀င္ေနပါတယ္။

ရွားေစာင္းလက္ပတ္မွာ ဗီတာမင္မ်ိဳးစံုပါ၀င္ပါတယ္။ကုိလက္စထေရာကုိလည္းညီမ်ွေစျပီး အစာေခ်စနစ္ေကာင္းမြန္ေစတဲ႔ polysaccharide ၊ fatty acids ေတြလည္းပါ၀င္ပါတယ္။ဒါ့အျပင္ ဆီးခိ်ဳနဲ႔သက္ဆုိင္ရာေရာဂါျဖစ္ပြားမႈကိုလည္းေလ်ွာ့ခ်ေပးပါတယ္။ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ေသာက္ေပးတာက ကုိယ္အေလးခ်ိန္က်ေစရံုသာမက အရုိးအဆစ္နာက်င္တာေတြ၊ေနာက္ေက်ာနာက်င္တာေတြ၊အစာမေၾကတာေတြလည္း သက္သာေစပါတယ္တဲ႔။ဒူးနာတဲ႔အခါ ရွားေစာင္းလက္ပတ္ဂ်ယ္ေလးကုိလိမ္းေပးရင္ သက္သာသြားတာကုိျမင္ေတြ႔ရမွာပါ။

ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ေသာက္တာ၀ိတ္က်တယ္ဆုိေပမဲ႔ သေရစာေတြမေလ်ွာ့ရင္၊မျဖတ္ရင္ေတာ့ ဒီတုိင္းပဲျဖစ္ေနမွာပါ။ဒီေဖ်ာ္ရည္ကသင့္ရဲ႔ခႏၶာကုိယ္ခုခံစြမ္းအားကုိျမွင့္တင္ေပးျပီး အထဲက အညစ္အေၾကးေတြကုိသန္႔စင္ဖယ္ထုတ္ေပးတဲ႔အတြက္ ဒီလုိအခ်ိန္မွာ သေရစာေတြကုိစားျမဲစားေနမယ္ဆုိရင္ ဘာမွထူးလာမွာမဟုတ္ပါဘူး။အဲ႔ဒီလုိအခ်ိန္မွာ ဟင္းသီးဟင္းရြက္ေတြ၊အသီးအႏွံေတြပဲပုိျပီးစားေပးသင့္ပါတယ္။

ဒီေတာ့ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကုိဘယ္လုိလုပ္ရမလဲ…
ပထမဆံုးရွားေစာင္းလက္ပတ္ေတြကုိ ေရနဲ႔ေသခ်ာသန္႔စင္ေအာင္ေဆးပါ။ျပီးရင္အေပၚယံအလႊာကုိခြာလုိက္ျပီး ဂ်ယ္လ္ေတြကုိျခစ္ထုတ္ပါ။ရလာတဲ႔အသားေတြကုိ ၾကိတ္စက္ထဲမွာထည့္ေမႊလုိက္ျပီး အရည္ရေအာင္ စစ္ထုတ္ပါ။အရည္ေတြရလာျပီဆုိရင္ ေရခဲေသတၱာထဲအေအးခံလုိ႔ေသာက္
လို႔ရပါျပီ။အရသာကုိမၾကိဳက္ဘူးဆုိရင္ ပ်ားရည္နည္းနည္းထည့္ေပးႏုိင္ပါတယ္။အဲ့ဒါက သင့္ရဲ႔အစာအိမ္အတြက္ေကာင္းမြန္ေစျပီး ၀မ္းမခ်ဳပ္ေအာင္ကာကြယ္ေပးပါတယ္။ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ ၃၀ ml ကုိ ညအိပ္ရာမ၀င္ခင္ပံုမွန္ေသာက္သံုးေပးသြားတာက သင့္ရဲ ႔ကုိယ္အေလးခ်ိန္ကုိ
သိသိသာသာေလ်ွာ့ခ်ေပးႏုိင္ပါလိမ့္မယ္။တစ္ပတ္ႏွစ္ပတ္ေလာက္ဆုိတာနဲ႔ လူက ေပါ့ပါးသြားတာခံစားရမွာပါ။

ကဲ ဒီေတာ့ ရွားေစာင္းလက္ပတ္ေလးျမန္ျမန္ေျပး၀ယ္ျပီး ၀ိတ္ခ်ဖုိ႔ျပင္ေတာ့ေနာ္

Source:practo/timesnownews

Unicode

၀ိတ်မကျလို့စိတ်ညစ်နေတယ်ဆိုရင် ဒီဖျော်ရည်လေးကို အဓိကထားပြီးသောက်သုံးသင့်တယ်ဆိုတဲ့အကြောင်း စာဖတ်ပရိသတ်ကြီးကို အကြံကောင်းဉာဏ်ကောင်းပေးပါရစေ။ဘာဖျော်ရည်လဲဆိုတော့ ရှားစောင်းလက်ပတ်ဖျော်ရည်ပါပဲ။အရင်ကလည်း ကြားဖူးကြမှာပါ။ရှားစောင်းလက်ပတ်
ဖျော်ရည်ကို ၀ိတ်ချတဲ့နေရာမှာသုံးတယ်ဆိုတာ။ဒါပေမဲ့ ဘယ်လိုတွေအထောက်အကူပြုတယ်၊ဘယ်လိုတွေသောက်ပေးရမယ်ဆိုတာ သေချာသိကြသေးမယ်မထင်ပါဘူး။ဒါကြောင့်ဆက်ဖတ်ကြည့်နော်

ရှားစောင်းလက်ပတ်ဟာ စျေးမှာလည်းအလွယ်တကူရပြီး အရသာလည်းမဆိုးတဲ့အတွက် အားလုံးသောက်နိုင်ကြမှာပါ။ဒီရှားစောင်းလက်ပတ်ပင်ကိုတစ်ချို့ကလည်း မျက်လှည့်ပင်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ ရှားစောင်းလက်ပတ်က ကျန်းမာရေးအကျိုးအာနိသင်တွေတော်တော်များများရှိနေလို့ပါပဲ။ရှားစောင်းလက်ပတ်မှာ ရေဓာတ် ၉၉ ရာခိုင်နှုန်းပါဝင်ပြီး antioxidants ၊ antibiotics ဓာတ်တွေပါဝင်လို့ ဆဲလ်တွေပြုပြင်ပြောင်းလဲတဲ့နေရာမှာအများကြီးအသုံးဝင်နေပါတယ်။

ရှားစောင်းလက်ပတ်မှာ ဗီတာမင်မျိုးစုံပါဝင်ပါတယ်။ကိုလက်စထရောကိုလည်းညီမျှစေပြီး အစာချေစနစ်ကောင်းမွန်စေတဲ့ polysaccharide ၊ fatty acids တွေလည်းပါဝင်ပါတယ်။ဒါ့အပြင် ဆီးချိုနဲ့သက်ဆိုင်ရာရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်သောက်ပေးတာက ကိုယ်အလေးချိန်ကျစေရုံသာမက အရိုးအဆစ်နာကျင်တာတွေ၊နောက်ကျောနာကျင်တာတွေ၊အစာမကြေတာတွေလည်း သက်သာစေပါတယ်တဲ့။ဒူးနာတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လေးကိုလိမ်းပေးရင် သက်သာသွားတာကိုမြင်တွေ့ရမှာပါ။

ရှားစောင်းလက်ပတ်ဖျော်ရည်သောက်တာဝိတ်ကျတယ်ဆိုပေမဲ့ သရေစာတွေမလျှော့ရင်၊မဖြတ်ရင်တော့ ဒီတိုင်းပဲဖြစ်နေမှာပါ။ဒီဖျော်ရည်ကသင့်ရဲ့ခန္ဓာကိုယ်ခုခံစွမ်းအားကိုမြှင့်တင်ပေးပြီး အထဲက အညစ်အကြေးတွေကိုသန့်စင်ဖယ်ထုတ်ပေးတဲ့အတွက် ဒီလိုအချိန်မှာ သရေစာတွေကိုစားမြဲစားနေမယ်ဆိုရင် ဘာမှထူးလာမှာမဟုတ်ပါဘူး။အဲ့ဒီလိုအချိန်မှာ ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေပဲပိုပြီးစားပေးသင့်ပါတယ်။

ဒီတော့ရှားစောင်းလက်ပတ်ဖျော်ရည်ကိုဘယ်လိုလုပ်ရမလဲ…
ပထမဆုံးရှားစောင်းလက်ပတ်တွေကို ရေနဲ့သေချာသန့်စင်အောင်ဆေးပါ။ပြီးရင်အပေါ်ယံအလွှာကိုခွာလိုက်ပြီး ဂျယ်လ်တွေကိုခြစ်ထုတ်ပါ။ရလာတဲ့အသားတွေကို ကြိတ်စက်ထဲမှာထည့်မွှေလိုက်ပြီး အရည်ရအောင် စစ်ထုတ်ပါ။အရည်တွေရလာပြီဆိုရင် ရေခဲသေတ္တာထဲအအေးခံလို့သောက်
လို့ရပါပြီ။အရသာကိုမကြိုက်ဘူးဆိုရင် ပျားရည်နည်းနည်းထည့်ပေးနိုင်ပါတယ်။အဲ့ဒါက သင့်ရဲ့အစာအိမ်အတွက်ကောင်းမွန်စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည် ၃၀ ml ကို ညအိပ်ရာမဝင်ခင်ပုံမှန်သောက်သုံးပေးသွားတာက သင့်ရဲ ့ကိုယ်အလေးချိန်ကို
သိသိသာသာလျှော့ချပေးနိုင်ပါလိမ့်မယ်။တစ်ပတ်နှစ်ပတ်လောက်ဆိုတာနဲ့ လူက ပေါ့ပါးသွားတာခံစားရမှာပါ။

ကဲ ဒီတော့ ရှားစောင်းလက်ပတ်လေးမြန်မြန်ပြေးဝယ်ပြီး ၀ိတ်ချဖို့ပြင်တော့နော်

Source:practo/timesnownews

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.