ဇာတ်ကားသစ်အတွက် Script စဖတ်နေပြီဖြစ်တဲ့ Han Ji Min နဲ့ Nam Joo Hyuk

JTBC ရဲ့ ဒရာမာဇာတ်ကားသစ် ”Dazzling” မှာ မင်းသားချော Nam Joo Hyukနဲ့ မင်းသမီး
Han Ji Min တို သရုပ်ဆောင်သွားမှာဖြစ်ပြီး အခုဆို ဇာတ်ညွှန်းကိုတောင် စဖတ်နေပြီလို့ သိရပါတယ်။

ဒီဇာတ်ကားလေးဟာ စိတ်ကူးယဉ်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီး တစ်ဘဝတည်းမှာပဲ မတူညီတဲ့အချိန်တွေမှာနေထိုင်နေတဲ့ လူသားနှစ်ယောက်အကြောင်းပေါ့။ ဇာတ်ညွှန်းဖတ်ပွဲမှာ အခြားအနုပညာရှင်များဖြစ်တဲ့ Kim Hye Ja , Son Ho Jun, Ahn Nae Sang, Lee Jung Eun, Kim Ga Eun တို့လည်း ပါဝင်ပါတယ်။

Han Ji Min, Nam Joo Hyuk, Son Ho Jun, And More Gather For First Script Reading Of New JTBC Drama

ပရိတ်သတ်အချစ်တော် မင်းသားလေး Nam Joo Hyuk နဲ့ Han Ji Min တို့ရဲ့ ပေါင်းဆုံမှုဟာ ဒါဟာပထမဆုံးဖြစ်သလို စိတ်ဝင်စားစရာ ဇာတ်လမ်း ၊ ဇာတ်ကွက်တွေနဲ့ ဘယ်လို ဆွဲဆောင်သွားဦးမလဲဆိုတာ လာမယ့် ၂၀၁၉ အောက်တိုဘာလမှာ Dazzling ကို ကြည့်ရှုရတော့မှာဖြစ်ပါတယ်နော်။

124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.