တစ္ကယ္ခ်စ္ျကတဲ႔စံုတြဲေတြရဲ႕ဘ၀မွာ တစ္ေယာက္အေပၚတစ္ေယာက္ အနိုင္ယူလုိမႈဆိုတာမ်ိဳးမရွိပါဘူး

ကိုယ္႔ခ်စ္သူအေပၚခ်စ္လို႕ ႏြဲ႕ဆိုးဆိုးတာမ်ိဳးကေတာ႔ ရပါတယ္ေနာ္ 😛 ကိုယ္ေျပာခ်င္တာက လူသားဆန္ဆန္ အတၱဆန္ဆန္ အနိုင္ယူလုိမႈမ်ိဳးကို ေျပာတာပါ။ တကယ္ကိုခ်စ္ျကျပီးေပ်ာ္ရႊင္ေနျကတဲ႔ အတြဲေတြရ႕ဲစိတ္ထဲခဏေလာက္ပဲျဖစ္ျဖစ္၀င္ျကည္႔လုိက္ ကိုယ္႕အတၱကိုယ္႔မာန ထက္ ကိုယ္႔ခ်စ္သူေလးအတြက္ ကိုယ္႔ခ်စ္သူ စိတ္ေအးခ်မ္းသာေပ်ာ္ရႊင္မႈအတြက္ ဆုိတာေတြျကီးျမင္ရမွာအေသခ်ာပါပဲ။

တကယ္အဲ႔လိုရွိလို႕လားမေမးပါနဲ႕…ရွိတဲ႔အတြဲေတြရွိျပီးသားပါ…ဒီလုိမ်ိဳးေလးခ်စ္ခ်င္ရင္ဘာလိုပါသလဲဆိုရင္ ကိုယ္႔ရဲ႕စိတ္ ကိုယ္႔ရဲ႕အတၱ ေတြကိုေလ်ာ႔ခ်ေပးဖို႕ပါပဲ။ တစ္ေယာက္နဲ႕တစ္ေယာက္စကားမ်ားရန္ျဖစ္ေနတယ္ဆုိပါစို႕ အရိုးရွင္းဆံုးေျပာရရင္ ဘယ္သူ႕ဘက္ကမွမာနကို မေလ်ာ႕ဘူးဆုိရင္ျပတ္ျပီေလ…ဒီလုိပဲစျပီးရန္မျဖစ္ခင္ကတည္းကကိုယ္႔ခ်စ္သူနဲ႕ရန္ျဖစ္မဲ႔ကိစၥမွန္းသိလုိ႕ေရွာင္လုိက္တာကလည္းကိုိယ္႔အတၱကို ေလ်ာ႔ခ်ျပီးသူ႕အတြက္ဦးစားေပးလုိက္ျခင္းပဲမလား။

တကယ္ေတာ႔ ဒီလိုေလးလူတစ္ေယာက္အတြက္ ကိုယ္႔အတၱေတြကိုေလ်ာ႔ခ်ျပီးခ်စ္ရတာကုသိုလ္လည္းရသလုိ ေနာင္တကင္းျပီးေအးခ်မ္းပါတယ္။ နွစ္ဦးနွစ္ဖက္ဒီလုိခ်စ္ျကရင္ေတာ႔အတိုင္းထက္အလြန္ေပါ႔…ဒီလုိမဟုတ္ပဲကိုယ္႔ဘက္ကပဲခ်စ္ေနရတယ္ဆုိလည္း ခ်စ္နုိင္တဲ႔စိတ္ရွိသေလာက္ျပည္႔ျပည္႔၀အေလ်ာ႔ေပးခ်စ္လုိက္ပါ။ အတၱဆန္တဲ႔ အနုိင္ယူမႈေတြပါတဲ႔ ခ်စ္ေရးခ်စ္ရာတစ္ခုဟာ အျပည္႔အ၀ေပ်ာ္ရႊင္စရာေကာင္းမွာမဟုတ္ပါဘူး။

ကိုယ္႕အတၱေျကာင္႔ မထိန္းခ်ဳပ္သင္႔တဲ႔အရာေတြကို ပါလိုက္ထိန္းခ်ဳပ္တဲ႔အခါ တကယ္တမ္းထိန္းခ်ဳပ္ရမဲ႔ကိစၥမ်ိဳးေရာက္လာတဲ႔အခါ လံုး၀ထိန္းခ်ဳပ္လို႕မရတာမ်ိဳးေတြျဖစ္လာနိုုင္ပါတယ္။ အေလ်ာ႔ေပးရင္းခ်စ္ျကတဲ႔ အခ်စ္ေရးမ်ိဳးျဖစ္ပါေစ…ကိုယ္႔ဘက္ကေနာင္တကင္းတဲ႔အခ်စ္ေရးမ်ိဳးျဖစ္ပါေစ…တစ္ကယ္ခ်စ္ျကတဲ႔စံုတြဲေတြရဲ႕ဘ၀မွာ တစ္ေယာက္အေပၚတစ္ေယာက္ အနိုင္ယူလုိမႈဆိုတာမ်ိဳးမရွိပါဘူး…

Unicode

ကိုယ့်ချစ်သူအပေါ်ချစ်လို့ နွဲ့ဆိုးဆိုးတာမျိုးကတော့ ရပါတယ်နော် 😛 ကိုယ်ပြောချင်တာက လူသားဆန်ဆန် အတ္တဆန်ဆန် အနိုင်ယူလိုမှုမျိုးကို ပြောတာပါ။ တကယ်ကိုချစ်ကြပြီးပျော်ရွှင်နေကြတဲ့ အတွဲတွေရဲ့စိတ်ထဲခဏလောက်ပဲဖြစ်ဖြစ်ဝင်ကြည့်လိုက် ကိုယ့်အတ္တကိုယ့်မာန ထက် ကိုယ့်ချစ်သူလေးအတွက် ကိုယ့်ချစ်သူ စိတ်အေးချမ်းသာပျော်ရွှင်မှုအတွက် ဆိုတာတွေကြီးမြင်ရမှာအသေချာပါပဲ။

တကယ်အဲ့လိုရှိလို့လားမမေးပါနဲ့…ရှိတဲ့အတွဲတွေရှိပြီးသားပါ…ဒီလိုမျိုးလေးချစ်ချင်ရင်ဘာလိုပါသလဲဆိုရင် ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့အတ္တ တွေကိုလျော့ချပေးဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်စကားများရန်ဖြစ်နေတယ်ဆိုပါစို့ အရိုးရှင်းဆုံးပြောရရင် ဘယ်သူ့ဘက်ကမှမာနကို မလျော့ဘူးဆိုရင်ပြတ်ပြီလေ…ဒီလိုပဲစပြီးရန်မဖြစ်ခင်ကတည်းကကိုယ့်ချစ်သူနဲ့ရန်ဖြစ်မဲ့ကိစ္စမှန်းသိလို့ရှောင်လိုက်တာကလည်းကိိုယ့်အတ္တကို လျော့ချပြီးသူ့အတွက်ဦးစားပေးလိုက်ခြင်းပဲမလား။

တကယ်တော့ ဒီလိုလေးလူတစ်ယောက်အတွက် ကိုယ့်အတ္တတွေကိုလျော့ချပြီးချစ်ရတာကုသိုလ်လည်းရသလို နောင်တကင်းပြီးအေးချမ်းပါတယ်။ နှစ်ဦးနှစ်ဖက်ဒီလိုချစ်ကြရင်တော့အတိုင်းထက်အလွန်ပေါ့…ဒီလိုမဟုတ်ပဲကိုယ့်ဘက်ကပဲချစ်နေရတယ်ဆိုလည်း ချစ်နိုင်တဲ့စိတ်ရှိသလောက်ပြည့်ပြည့်ဝအလျော့ပေးချစ်လိုက်ပါ။ အတ္တဆန်တဲ့ အနိုင်ယူမှုတွေပါတဲ့ ချစ်ရေးချစ်ရာတစ်ခုဟာ အပြည့်အဝပျော်ရွှင်စရာကောင်းမှာမဟုတ်ပါဘူး။

ကိုယ့်အတ္တကြောင့် မထိန်းချုပ်သင့်တဲ့အရာတွေကို ပါလိုက်ထိန်းချုပ်တဲ့အခါ တကယ်တမ်းထိန်းချုပ်ရမဲ့ကိစ္စမျိုးရောက်လာတဲ့အခါ လုံးဝထိန်းချုပ်လို့မရတာမျိုးတွေဖြစ်လာနိုုင်ပါတယ်။ အလျော့ပေးရင်းချစ်ကြတဲ့ အချစ်ရေးမျိုးဖြစ်ပါစေ…ကိုယ့်ဘက်ကနောင်တကင်းတဲ့အချစ်ရေးမျိုးဖြစ်ပါစေ…တစ်ကယ်ချစ်ကြတဲ့စုံတွဲတွေရဲ့ဘဝမှာ တစ်ယောက်အပေါ်တစ်ယောက် အနိုင်ယူလိုမှုဆိုတာမျိုးမရှိပါဘူး…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.