ဒါေတြေၾကာင့္ သင့္မ်က္ႏွာေပၚက ၀က္ျခံေတြမေပ်ာက္ႏုိင္ေသးတာပါ…

ဆယ္ေက်ာ္သက္အရြယ္ကစလုိ႔ မိန္းကေလးအမ်ားစု စိတ္ညစ္ရတဲ႔ကိစၥဟာ ၀က္ျခံေပါက္တာပါပဲ။၀က္ျခံေပါက္တာဟာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္ျပီး တစ္ခ်ိဳ႔ကေတာ့ အခ်ိန္အတိုင္းအတာတစ္ခုေရာက္တဲ႔အခါ ေပ်ာက္ကင္းသြားၾကတယ္။ဒါေပမဲ႔ တစ္ခ်ိဳ႔ကေတာ့ မေပ်ာက္ပဲ ၀က္ျခံျဖစ္လိုက္
ျပန္ေပ်ာက္လိုက္ ျပန္ျဖစ္လိုက္နဲ႔သံသရာလည္ေနတတ္ပါတယ္။

အဆီေတြ၊ဆဲလ္ေသေတြ၊ဘတ္တီးရီးယားပိုးေတြေၾကာင့္ျဖစ္ပြားလာတဲ႔၀က္ျခံဟာ အလွၾကိဳက္တဲ႔ပ်ိဳေမတို႔အတြက္ အေႏွာင့္အယွက္ၾကီးတစ္ခုပါပဲ။တကယ္လုိ႔ သင္ဟာ ၀က္ျခံခဏခဏေပါက္လိုက္ ျပန္ေပ်ာက္လိုက္ျဖစ္ေနတယ္ဆုိရင္ ဒီႏွစ္ခ်က္ကုိေသခ်ာစဥ္းစားသင့္ပါျပီ။ဒီအေၾကာင္းရင္းႏွစ္ခုက ၀က္ျခံေတြမေပ်ာက္ရတဲ႔ အဓိကအခ်က္ပါပဲ။

၀က္ျခံျဖစ္ေစတဲ႔အဓိကအေၾကာင္းရင္းႏွစ္သြယ္ဟာ ႏုိ႔ထြက္ပစၥည္းစားသံုးျခင္းနဲ႔သၾကားဓာတ္မ်ားျပားတဲ႔အတြက္ေၾကာင့္ျဖစ္ပါတယ္။

Nurse’s Health ရဲ ႔ေလ့လာခ်က္အရ ႏြားႏုိ႔မ်ားမ်ားေသာက္တဲ႔ ဆယ္ေက်ာ္သက္ကေလးေတြဟာ ႏြားႏုိ႔နည္းနည္းပဲေသာက္တဲ႔ကေလးေတြ၊လံုး၀မေသာက္တဲ႔ကေလးေတြထက္ ပုိျပီး ၀က္ျခံျဖစ္လြယ္တယ္လုိ႔သိရပါတယ္။ႏြားႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းအမ်ားစုဟာ ေဟာ္မုန္းဓာတ္ျမင့္တက္ေစျပီး ေဟာ္မုန္းဓာတ္မညီမ်ွတာဟာ ၀က္ျခံျဖစ္ျခင္းကုိ ဦးတည္ေနပါတယ္။ႏြားႏု႔ိမ်ားမ်ားေသာက္ျဖစ္တဲ႔အခါ အဆီဂလင္းေတြလည္းစုလာျပီး အဆီျပန္တာမ်ားေလ ၀က္ျခံျဖစ္လြယ္ေလပါပဲ။ႏြားနုိ႔က အသားအရည္လွေစျပီး က်န္းမာေရးနဲ႔ညီညြတ္တယ္ဆုိေပမဲ႔လည္း အေရျပားအတြက္ အဆီစုေစျပီး၀က္ျခံျဖစ္လြယ္ေစတာေၾကာင့္ တကယ္လု႔ိသင္ဟာ အျမဲတမ္းႏြားႏို႔ ေသာက္ေလ့ရွိသူဆုိရင္ ေလ်ွာ့ေသာက္ဖုိ႔ အၾကံေပးခ်င္ပါတယ္။

ႏြားႏုိ႔က ၀က္ျခံျဖစ္ေစတဲ႔အေၾကာင္းရင္းတစ္ခုျဖစ္သလုိ သၾကားဓာတ္ပါ၀င္ေနတဲ႔အစားအစာေတြ၊အေအးေတြကလည္း ၀က္ျခံျဖစ္ပြားဖုိ႔ကုိ အားေပးေနပါတယ္။သေရစာေတြ၊အလြယ္တကူရႏုိင္တဲ႔အေအးေတြ၊အခ်ိဳဓာတ္လြန္ကဲေနတဲ႔သစ္သီး၀လံေဖ်ာ္ရည္ေတြအျမဲေသာက္ေလ့ရွိတယ္ဆုိရင္
ေလ်ွာ့ေသာက္သင့္ပါတယ္။၀က္ျခံမျဖစ္ေစဖုိ႔ ကာကြယ္ေပးႏုိင္တဲ႔တစ္ခုတည္းေသာအရာက က်န္းမာေရးနဲ႔ညီညြတ္သင့္တင့္မ်ွတေအာင္စားေသာက္ဖုိ႔ပါပဲ။အဲ႔ဒါမွ ေဟာ္မုန္းဓာတ္ေတြညီမ်ွေစျပီး ၀က္ျခံျဖစ္ျခင္းကေန ကာကြယ္ေပးႏုိင္မွာပါ။

၀က္ျခံျဖစ္ျခင္းကေန ဒီနည္းလမ္းေတြကလည္း ကာကြယ္ေပးႏုိင္ပါတယ္။
*ႏြားႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းစားေသာက္ျခင္းကုိ အတန္အသင့္ေလ်ွာ့ခ်ပါ။
*သၾကားဓာတ္နည္းပါးျပီး အင္ဆူလင္ဓာတ္ျမင့္တက္ေစတဲ႔အစားအစာေတြကုိေရွာင္ပါ
*အသီးအရြက္နဲ႔သစ္သီး၀လံမ်ားမ်ားစားပါ။အထူးသျဖင့္ ဟင္းသီးဟင္းရြက္ေတြမွာ antioxidants နဲ႔ anti-inflammatory compounds ပါ၀င္လုိ႔၀က္ျခံျဖစ္ျခင္းေလ်ာ့နည္းေစပါတယ္။ေန႔တုိင္း ဟင္းသီးဟင္းရြက္ ႏွစ္မ်ိဳးသံုးမ်ိဳးပါ၀င္ပါေစ။
*မိတ္ကပ္ျပင္ဆင္ျခယ္သျပီးရင္ ေသခ်ာျပန္ဖ်က္ျပန္သန္႔စင္ဖု႔ိ မပ်င္းပါနဲ႔
*စိတ္ဖိစီးမႈေတြ အ၀င္မခံပါနဲ႔
*ေရမ်ားမ်ားေသာက္ပါ
*ဆရာ၀န္နဲ႔တုိင္ပင္ျပီး အေရျပားနဲ႔ပတ္သက္လုိ႔ေဆးေသာက္သင့္ရင္ေသာက္ပါ။

ဒီအခ်က္ေလးေတြကုိလည္းသတိထားျပီးေရွာင္မယ္ဆုိရင္ အသားအရည္က အရင္ကထက္ပုိုျပီးၾကည္လင္လာကာ ၀က္ျခံေတြလည္းေလ်ာ့နည္းသြားတာေတြ႔ရပါလိမ့္မယ္။

Source:bewell

Unicode

ဆယ်ကျော်သက်အရွယ်ကစလို့ မိန်းကလေးအများစု စိတ်ညစ်ရတဲ့ကိစ္စဟာ ဝက်ခြံပေါက်တာပါပဲ။ဝက်ခြံပေါက်တာဟာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပြီး တစ်ချို့ကတော့ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ပျောက်ကင်းသွားကြတယ်။ဒါပေမဲ့ တစ်ချို့ကတော့ မပျောက်ပဲ ဝက်ခြံဖြစ်လိုက်
ပြန်ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့သံသရာလည်နေတတ်ပါတယ်။

အဆီတွေ၊ဆဲလ်သေတွေ၊ဘတ်တီးရီးယားပိုးတွေကြောင့်ဖြစ်ပွားလာတဲ့ဝက်ခြံဟာ အလှကြိုက်တဲ့ပျိုမေတို့အတွက် အနှောင့်အယှက်ကြီးတစ်ခုပါပဲ။တကယ်လို့ သင်ဟာ ဝက်ခြံခဏခဏပေါက်လိုက် ပြန်ပျောက်လိုက်ဖြစ်နေတယ်ဆိုရင် ဒီနှစ်ချက်ကိုသေချာစဉ်းစားသင့်ပါပြီ။ဒီအကြောင်းရင်းနှစ်ခုက ဝက်ခြံတွေမပျောက်ရတဲ့ အဓိကအချက်ပါပဲ။

ဝက်ခြံဖြစ်စေတဲ့အဓိကအကြောင်းရင်းနှစ်သွယ်ဟာ နို့ထွက်ပစ္စည်းစားသုံးခြင်းနဲ့သကြားဓာတ်များပြားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Nurse’s Health ရဲ ့လေ့လာချက်အရ နွားနို့များများသောက်တဲ့ ဆယ်ကျော်သက်ကလေးတွေဟာ နွားနို့နည်းနည်းပဲသောက်တဲ့ကလေးတွေ၊လုံးဝမသောက်တဲ့ကလေးတွေထက် ပိုပြီး ဝက်ခြံဖြစ်လွယ်တယ်လို့သိရပါတယ်။နွားနို့နဲ့ နို့ထွက်ပစ္စည်းအများစုဟာ ဟော်မုန်းဓာတ်မြင့်တက်စေပြီး ဟော်မုန်းဓာတ်မညီမျှတာဟာ ဝက်ခြံဖြစ်ခြင်းကို ဦးတည်နေပါတယ်။နွားနို့များများသောက်ဖြစ်တဲ့အခါ အဆီဂလင်းတွေလည်းစုလာပြီး အဆီပြန်တာများလေ ဝက်ခြံဖြစ်လွယ်လေပါပဲ။နွားနို့က အသားအရည်လှစေပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမဲ့လည်း အရေပြားအတွက် အဆီစုစေပြီးဝက်ခြံဖြစ်လွယ်စေတာကြောင့် တကယ်လို့သင်ဟာ အမြဲတမ်းနွားနို့ကို သောက်လေ့ရှိသူဆိုရင် လျှော့သောက်ဖို့ အကြံပေးချင်ပါတယ်။

နွားနို့က ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်သလို သကြားဓာတ်ပါဝင်နေတဲ့အစားအစာတွေ၊အအေးတွေကလည်း ဝက်ခြံဖြစ်ပွားဖို့ကို အားပေးနေပါတယ်။သရေစာတွေ၊အလွယ်တကူရနိုင်တဲ့အအေးတွေ၊အချိုဓာတ်လွန်ကဲနေတဲ့သစ်သီးဝလံဖျော်ရည်တွေအမြဲသောက်လေ့ရှိတယ်ဆိုရင်
လျှော့သောက်သင့်ပါတယ်။ဝက်ခြံမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကျန်းမာရေးနဲ့ညီညွတ်သင့်တင့်မျှတအောင်စားသောက်ဖို့ပါပဲ။အဲ့ဒါမှ ဟော်မုန်းဓာတ်တွေညီမျှစေပြီး ဝက်ခြံဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်မှာပါ။

ဝက်ခြံဖြစ်ခြင်းကနေ ဒီနည်းလမ်းတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။
*နွားနို့နဲ့ နို့ထွက်ပစ္စည်းစားသောက်ခြင်းကို အတန်အသင့်လျှော့ချပါ။
*သကြားဓာတ်နည်းပါးပြီး အင်ဆူလင်ဓာတ်မြင့်တက်စေတဲ့အစားအစာတွေကိုရှောင်ပါ
*အသီးအရွက်နဲ့သစ်သီးဝလံများများစားပါ။အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေမှာ antioxidants နဲ့ anti-inflammatory compounds ပါဝင်လို့ဝက်ခြံဖြစ်ခြင်းလျော့နည်းစေပါတယ်။နေ့တိုင်း ဟင်းသီးဟင်းရွက် နှစ်မျိုးသုံးမျိုးပါဝင်ပါစေ။
*မိတ်ကပ်ပြင်ဆင်ခြယ်သပြီးရင် သေချာပြန်ဖျက်ပြန်သန့်စင်ဖို့ မပျင်းပါနဲ့
*စိတ်ဖိစီးမှုတွေ အဝင်မခံပါနဲ့
*ရေများများသောက်ပါ
*ဆရာဝန်နဲ့တိုင်ပင်ပြီး အရေပြားနဲ့ပတ်သက်လို့ဆေးသောက်သင့်ရင်သောက်ပါ။

ဒီအချက်လေးတွေကိုလည်းသတိထားပြီးရှောင်မယ်ဆိုရင် အသားအရည်က အရင်ကထက်ပိုုပြီးကြည်လင်လာကာ ဝက်ခြံတွေလည်းလျော့နည်းသွားတာတွေ့ရပါလိမ့်မယ်။

279 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.