‘Suecomma Bonnie’ Brand အတွက် ရိုက်ကူးပေးထားတဲ့ မတ်မတ် Kyo ရဲ့အမိုက်စားပုံရိပ်တွေ
Source:Allkpop
Unicode
Queen of Korea လို့ပြောလိုက်ရင် ဘယ်သူ့ကိုပြေးမြင်မိကြမှာလဲ? Song Hye Kyo ပဲပေါ့ ဟုတ်တယ်ဟုတ်! အလှအပလား ဖက်ရှင်လားသရုပ်ဆောင်တာလား သူ မပိုင်တာဘာမှမရှိဘူးလို့ဆိုရလောက်တဲ့အထိ ပရိသတ်အသိအမှတ်ပြုခံရတဲ့ မတ်မတ် kyo ဟာ အခုလည်းဆွဲဆောင်မှုရှိတဲ့ပုံရိပ်ခပ်မိုက်မိုက်လေးတွေနဲ့ ပရိသတ်တွေအသည်းကိုခြွေခဲ့ပြန်ပါပြီ။
ဒီဇင်ဘာ ၁ရရက်နေ့က Song Hye Kyo ဟာ အမျိုးသမီးစီးဖိနပ်ဘရန်းဒ်တစ်ခုဖြစ်တဲ ့’Suecomma Bonnie’ အတွက် ကြော်ငြာရိုက်ကူးပေးခဲ့ပါတယ်။ဒီကြော်ငြာရိုက်ကူးရေးက ‘Shine On Me’ campaign နဲ့လည်းဆက်နွယ်နေပါသေးတယ်။
‘Shine On Me’ ဟာ မိန်းကလေးတိုင်း ကိုယ်ပိုင်ပုံစံကိုရွေးချယ်နိုင်ပြီး ကိုယ့်ပုံစံနဲ့ကိုယ် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ရည်ရွယ်ထားတဲ့ Campaign တစ်ခုဖြစ်ပါတယ်။ဒီလို Campaign အတွက်မော်ဒယ်လ်အဖြစ်ရိုက်ကူးပေးထားတဲ့ပုံရိပ်တွေကို “Suecomma Bonnei” က ချပြခဲ့တာပဲဖြစ်ပါတယ်။ဒီပုံတွေမှာဆိုရင် Song Hye Kyo ကို ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ခေတ်ဆန်လှပနေတာကိုမြင်တွေ့ရမှာပါ။
Song Hye Kyo ဟာ ‘Suecomma Bonnie’ Shoe Brand အတွက် ကြော်ငြာပေးတာဖြစ်သလို သူမရဲ့ခပ်တိုတိုဆံပင်စတိုင်လ်ကလည်းလိုက်ဖက်ညီစွာဆွဲဆောင်မှုရှိနေပြန်ပါတယ်။တကယ့်ကို အရုပ်မလေးတစ်ရုပ်လိုပါပဲ။အသက် ၃ရနှစ်လို့ထင်ရက်စရာမရှိအောင်လှလွန်းပါတယ် ယူရေ 💗
အခုလက်ရှိမှာတော့ Song Hye Kyo ဟာ tvN ကရိုက်ကူးတဲ့ “Boyfriend” ဇာတ်ကားမှာ Park Bo Gum နဲ့အတူတွဲဖက်သရုပ်ဆောင်ထားပြီးအဲ့ဒီဇာတ်လမ်းတွဲဟာလည်းပရိသတ်အားပေးမှုအများကြီးရရှိနေတယ်လို့သိရပါတယ်။အခုတော့ Song Hye Kyo ရဲ ့အမိုက်စားပုံရိပ်လေးတွေကို ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
Source:Allkpop
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.