သင့်ဆီက ဒါလေးတွေကိုလိုချင်ကြောင်း သူမပါးစပ်က ထုတ်ပြောမှာတော့မဟုတ်ဘူး…

မိန်းမတွေဟာ နားလည်ရခက်တယ်လို့တော့ မပြောပါနဲ့လေ။ ယောက်ျားလေးတွေရဲ့စိတ်ကိုလည်း
မိန်းမတွေအနေနဲ့ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒီလိုပဲ ချစ်တဲ့စိတ်နဲ့သာ နှစ်ယောက်ကြား နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာမဟုတ်လား ။

တစ်ခါတစ်လေ မိန်းမတွေဟာ သူတို့လိုချင်တာကို ပါးစပ်ကနေ ထုတ်မပြောပါဘူး။ ပါးစပ်ကပြောမှ
သိတာထက် အလိုက်တသိလုပ်ပေးတဲ့ လူမျိုးကို မိန်းကလေးတွေဟာ ပိုသဘောကျပါတယ်။
ဒါကြောင့် မင်းအနေနဲ့ ကိုယ့်ချစ်သူရဲ့အမူရာတွေ နားမလည်ရင် ဒါမှမဟုတ် မိန်းမတွေနဲ့ပတ်သတ်ပြီး အထာမသိသေးဘူးဆိုရင် ဒါလေးတွေကို အရင်လေ့လာထားနော်။

Image result for lover

မိန်းကလေးတိုင်း surprise လုပ်ခံရတာကြိုက်တယ်။ လူကြားထဲလုပ်တာနဲ့ နှစ်ယောက်တည်း
ကြိတ် surprise တာပဲ ကွာပါတယ်။ အချို့ မိန်းကလေးတွေက လူအများရှေ့ချစ်ပြခံရတာ ကြိုက်တယ်။ အချို့ ကျတော့လည်း နှစ်ယောက်တည်းသာ သိပါစေ.. လူရှေ့သူရှေ့ဆို ရှက်တတ်တယ်။ အဲ့လိုလေးတွေပေါ့။ ကိုယ့်ချစ်သူမိန်းကလေးရဲ့ type ကိုလည်း သေချာသိဖို့ လိုအပ်ပါတယ်နော်။

အချိန်မပေးနိုင်ရင် ဘယ်မိန်းမမှ နားမလည်ပေးနိုင်ဘူးဆိုတာ မဟုတ်ဘူးနော်။ ချစ်သူအတွက်
အချိန်မပေးနိုင်ဘူးဆိုတာလည်း မဟုတ်သေးဘူး။ တကယ်ချစ်ရင် အချိန်ကိုပေးနိုင်တယ်။ တကယ်လို့ မင်း အရမ်းအလုပ်ရှုပ်နေရင်တောင် သူမကို အေးဆေးဖြေရှင်းချက်ပေးသင့်ပါတယ်။ ဒါဆို နားလည်ပါတယ်။

Related image

တစ်ခါတစ်လေတော့ ကြည်နူးစရာ တီတီတာတာလေးတွေ ပြောပြသင့်တယ်။ အမူရာလေးတွေနဲ့လည်း သူမစိတ်ကို လန်းအောင်လုပ်ပေးသင့်ပါတယ်။ သူမ မထင်မှတ်ထားတဲ့အချိန်မှာ ပါးလေး ရွတ်ခနဲ နမ်းလိုက်တာတို့ ၊ ဆံပင်လေး သပ်ပေးတာတို့ ပေါ့။ မင်းအတွက် အပန်းမကြီးပေမယ့် သူမ ပျော်ရွှင်ရပါတယ်။ မင်းရဲ့အဆိုးဝါးဆုံးနေ့ရက်တွေအကြောင်း သူမကိုဝေမျှပါ။ သူမက မင်းကိုအကောင်းဆုံးနှစ်သိမ့်မှုပေးနိုင်မှာပါ။ အတူတိုင်ပင်ပါ။ ဘာပဲလုပ်လုပ်  ပြောပြရတယ်ဆိုတာထက် ချစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အသိပေးတယ်ဆိုတဲ့ သဘောက ပို ချိုမြိန်ပါတယ်။

သူမအပေါ် သည်းခံပါ။ စိတ်ရှည်ပါ။ မအော်ပါနဲ့။ တကယ်လို့ စိတ်ဆိုးလို့ အော်မိရင် စိတ်ကျေနပ်
အောင် ချော့တတ်ပါစေ။ လောကမှာ မိန်းမပေါပါတယ်။ တကယ်တမ်း ကိုယ်နဲ့တကယ် ဘဝကြမ်းကို
အတူတူဖြတ်သန်းရဲမယ့် မိန်းမ ၊ ဘယ်လိုအခြေအနေမျိုးမဆို ချစ်ရဲတဲ့ မိန်းမမျိုးက ရှားပါတယ်။
တန်ဖိုးထားတတ်အောင်လည်း ကြိုးစားပါ။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.