အမြဲတမ်း အဆိုးမြင်နေတဲ့စိတ်တွေကို ဘယ်လိုဖျောက်ပစ်မလဲ

လူတော်တော်များများကိုကြည့်လိုက်ရင် ကိစ္စတစ်ခုအပေါ် သည်းခံနိုင်စွမ်းမရှိတော့ပါဘူး။
တစ်ခုခုဆို ပြန်ပြောလိုက်၊ ပြန်လုပ်လိုက်ရမှ ကျေနပ်ပီတိဖြစ်ကြပါတယ်။ အဓိကကတော့ အကြောမခံချင်တာပေါ့။ ဟုတ်ပါတယ်.. တစ်ချို့ လူပါးဝချင်တဲ့ လူတွေရှိတယ်။ သူလို ကိုယ်လိုပဲကို
နည်းနည်းလေး သူတို့ကအသာစီးလိုချင်ကြတယ်။ ဒီလိုလူမျိုးတွေနဲ့ ပြိုင်ငြင်း ၊ ပြိုင်ပြောတာက
ဘာမှမဖြစ်ပေမယ့် တကယ်တမ်း ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ကိုယ့်ရဲ့အဆိုးမြင်စိတ်ကို ပြလိုက်မယ်ဆိုတစ်ဖက်မှာ ကိုယ့်ရဲ့အရှိန်ဝါတွေ မှိန်ကြစေပါတယ်။

Related image

ဒါဆို သည်းခံနိုင်စိတ်ရှိအောင် ဘယ်လိုတည်ဆောက်ယူမလဲ…

မင်းကို စိတ်အနှောင့်ယှက်ဖြစ်စေမယ့် အဖြစ်ပျက်တွေကနေ ရုန်းထွက်ပါ။ ပြီးပြီးသား ကိစ္စတွေအတွက် မင်းရဲ့စိတ်ကို နုံးအောင်မလုပ်ပါနဲ့။ ပြန်တွေးပြီး တစ်ဖက်လူကို အပြစ်တွေထိုင်ပြော ၊ နားမခံသာအောင် နားငြီးစေတာက မင်းရဲ့အရောင်ကို မှိန်ကြသွားစေပါတယ်။

ဘယ်တော့မှ လူတစ်ယောက်ရဲ့လုပ်ရပ်ကို ဝေဖန်မစောပါနဲ့။ ဟိုက ဘာမှမလုပ်ရသေးဘူး။ မင်းက
ဝေဖန်စောပြလိုက်ရင် လေပေါတဲ့လူလို့သာ သူတို့သတ်မှတ်ပါလိမ့်မယ်။ စောင့်ကြည့်ပါ။ သုံးသပ်ပါ။
အချိန်ပေးပါ။ စိတ်တိုလွယ်တဲ့စိတ်ကို လျော့ပါ။ ထစ်ခနဲရှိ ဒေါသထွက်တဲ့အကျင့်က အရုပ်ဆိုးစေပါတယ်။ အပိုတွေ မလုပ်ပြပါနဲ့။ တစ်ချို့ အမူရာတွေဟာ သူများတွေအမြင်မှာ အပိုပါပဲ။

Image result for Emotional Wreck

အဓိပ္ပာယ်မရှိတဲ့အရာတွေအတွက် ဝမ်းနည်းမလွယ်ပါနဲ့။ စိတ်ပျော့တာဟာ နေရာတကာမကောင်းပါဘူး။ ပြတ်သားသင့်တဲ့ နေရာပြတ်သားပါ။ ဒေါသထွက်လွယ်ပြီး တစ်ခွန်းမကျန်ပြန်ပြောတတ်တဲ့လူဟာ စိတ်ပျော့ပြီး ​ဝမ်းနည်းလွယ်တယ်ဆို ဘာလုပ်မှာလဲ? ကိုယ်ဟာ ဒေါသစိတ်ကို ထိန်းချုပ်နိုင်ပြီး ပြတ်သားနိုင်အောင် ကြိုးစားပါ။

Related image

တစ်ခုခုဆို ” ငါက ဒါမျိုးဆို သိပ်စိတ်တိုတာ” ဆိုတဲ့ စကားမျိုးကို ရှောင်ပါ။ ဘာအကြောင်းကြောင့်
ငါဟာ သိပ်ဒေါသကြီးပါတယ်ဆိုတာကို လူတကာလျှောက်မပြောပါနဲ့ ။မင်းစိတ်တို ဒေါသထွက်လာချိန်ဆို ဘယ်သူမှ မင်းဘေးမှာရှိမှာမဟုတ်ပါဘူး။ရှောင်ထွက်သွားကြလိမ့်မယ်။ ပျော်စရာကောင်းတဲ့ အကြောင်းရာတွေသာ လူတွေနဲ့မျှေ​ဝပါ။ စိတ်ချမ်းသာရပါတယ်။

798 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.