ဇာတ်ကားသစ်အတွက် Script စဖတ်နေပြီဖြစ်တဲ့ Lee Dong Wook ၊ Yoo In Na နဲ့ အခြားအနုပညာ ရှင်များ

ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသတော့မယ့် tvN ရဲ့ ”Touch Your Heart” ဇာတ်ကားသစ်အတွက် Lee Dong Wook ၊ Yoo In Na နဲ့ အခြားအနုပညာရှင်များစွာ ပထမဆုံး ဇာတ်ညွှန်းကို ဖတ်နေပြီဖြစ်ပါတယ်။

 

နာမည်ကြီးသွားတဲ့ ဒရာမာဇာတ်ကား ”Goblin” ပြီးရင် Yoo In Na နဲ့ Lee Dong Wook တို့ရဲ့ဒုတိယမြောက် ပေါင်းစည်းမှုဖြစ်ပါတယ်။ အခြား အနုပညာရှင်တွေဖြစ်တဲ့ Shin Dong Wook, Son Sung Yoon, Oh Jung Se, Shim Hyung Tak, Jang So Yeon, Park Ji Hwan နဲ့ Lee Joon Hyuk တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်ညွန်းစဖတ်ချိန်မှာ ဒါရိုက်တာ Park Jonn Hwa က အခုလိုပြောကြားခဲ့ပါတယ်။
” လူတွေရဲ့ ရင်ထဲအသည်းထဲကို စွဲလန်းသွားဖို့အတွက် ကျွန်တော် ဒီရုပ်ရှင်ကို အတတ်နိုင်ဆုံး
အားသွန်ခွန်စိုက် ရိုက်ကူးသွားမယ် .. ၂ဝ၁၉မှာ တွင်ကျယ်နေမယ့် ဇာတ်ကားပေါ့။ အတူတကွ
တပျော်တပါးကြီး ရိုက်ကူးလိုက်ရအောင် ”

ပထမ ဇာတ်ညွှန်းဖတ်ပြီးတည်းက ကိုယ်ရိုက်မယ့် ဇာတ်ရုပ်တွေအတွက် စိတ်အားထက်သန်နေသလို အဆင်သင့်ဖြစ်နေကြတဲ့ ရုပ်ရှင်အဖွဲ့သားတွေ အားလုံးကိုမြင်ရတာလည်း စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲတဲ့။ ကဲ.. ”Encounter” ပြီးရင် “Touch Your Heart” အလှည့်ပဲနော်… ဇာတ်ကားထွက်ရှိမယ့်နေ့နဲ့ trailer ဗီဒီယိုလေးတွေကိုလည်း နားစွင့်ထားဦးနော့…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.