၂၀၁၈ အတွင်းထွက်ရှိခဲ့တဲ့ ဆယ်လီတွေရဲ့ ထူးထူးခြားခြားကောလဟာလများ
Source:mtv
Unicode
ဒီ ၂၀၁၈ အတွင်းမှာ နာမည်ကျော်ပြည်ပအနုပညာရှင်တွေနဲ့ပတ်သက်ပြီးထူးခြားတဲ့ကောလဟာလတွေများစွာထွက်ရှိခဲ့ပါတယ်။သိပြီးတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်းရှိနိုင်ပါတယ်။၂၀၁၈ အတွင်း ဘယ်လိုကောလဟာလတွေထွက်ရှိခဲ့တာလဲဆိုရင်…
*Ariana grande ကို အမြဲတမ်းကုန်းပိုးသွားရတယ်
Ariana ကို ဘယ်သွားသွား သူ့မန်နေဂျာက ကုန်းပိုးသွားရတယ်ဆိုတဲ့သတင်းဟာ ဆိုုရှယ်မီဒီယာတစ်ခွင်ပျံ့နှံ့ခဲ့ပါသေးတယ်။အဲ့ဒီသတင်းရဲ့အစကတော့ သူမရဲ ့မန်နေဂျာသူမကို ချီသွားခဲ့တဲ့ဓာတ်ပုံတစ်ပုံကစပြီးပျံ့ခဲ့တာပါ။တကယ်တော့ အဲ့ဒီအချိန်တုန်းက Ariana ရဲ ့ခြေချောင်းလေးတွေနာကျင်ပြီးသွေးထွက်နေလို့ ချီပြီးသွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
*ကိုယ်ဝန်လွယ်ထားရတဲ့ Camila cabello
ချစ်စရာကောင်းလှတဲ့နာမည်ကျော်အဆိုတော်မလေး Camila Cabello ဟာ ကိုယ်ဝန်လွယ်ထားရတယ်လို့ကောလဟာလသတင်းထွက်ရှိခဲ့တာသူမရဲ ့ပရိသတ်တွေဆိုသတိထားမိမှာပါ။Camila က သူမရဲ ့ဗိုက်ကိုကိုင်ထားပြီး ‘You’re the only thing I did right’ဆိုတဲ့စာသားလေးရေးတင်ခဲ့ရာမှ ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Camila က မဟုတ်တဲ့အကြောင်းငြင်းဆိုခဲ့ပါတယ်။
*One Direction အဖွဲ့အတူပြန်ဖြစ်တော့မယ်
One Direction အဖွဲ့ကိုပြန်လည်ပေါင်းစည်းစေချင်တဲ့ ဆန္ဒက ပရိသတ်တွေရင်ထဲမှာရှိပေမဲ့ Liam နဲ့ Zayn က အသီးသီးငြင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။အခုတော့တစ်ယောက်ချင်းစီသီိချင်းတွေသီဆိုရင်း ပရိသတ်တွေကိုဆွဲဆောင်နေကြပါတယ်။
*Kylie jenner ရဲ့သမီးလေးအဖေက သူမရဲ့ကိုယ်ရံတော်ဖြစ်တယ်
နာမည်ကျော် Kylie Cosmetic ပိုင်ရှင် Kylie ဟာ အောင်မြင်ကျော်ကြားသူပီသစွာပဲ ကောလဟာလတွေနဲ့မစိမ်းပါဘူး။သမီးလေး Stormi ကိုမွေးပြီးမကြာခင်မှာပဲ ကလေးရဲ့အဖေဟာ Travis မဟုတ်ပဲ သူမရဲ့သက်တော်စောင့် ကိုယ်ရံတော်ဆိုတဲ့ သတင်းတွေထွက်ရှိိလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကောလဟာလဆိုတဲ့အတိုင်း မကြာခင်မှာပဲ သတင်းအတုတွေကပျောက်ကွယ်သွားခဲ့ပါတယ်။
*Harry styles ဟာ James Bond အဖြစ်ရွေးချယ်ခံရတယ်
James Bond ဒါရိုက်တာ Christopher Nolan က တကယ်လို့ ငယ်ရွယ်တဲ့မင်းသားတစ်ယောက်ယောက်နဲ့ရိုက်ရမယ်ဆိုရင် Harry Styles ဟာ James Bond ဇာတ်ကောင်နဲ့လိုက်ဖက်ညီတယ်လို့ပြောခဲ့ကြောင်းသတင်းထွက်ရှိခဲ့ပါတယ်။Daniel Craig ပြီးရင်နောက်ထပ် James Bond ဟာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ သေချာမရွေးချယ်ရသေးပါဘူး။ဒီသတင်းကတော့ ဆက်ပြီးစောင့်ကြည့်ရမယ့်သတင်းပါပဲ။
Source:mtv
445 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.