Jonghyun ကို သတိရလွမ်းဆွတ်စွာနဲ့ အမှတ်တရသီချင်းလေးသီဆိုခဲ့တဲ့ IU
Source:Soompi
Unicode
ဒီဇင်ဘာ ၁၅ရက်နေ့တုန်းက တောင်ကိုရီးယားအဆိုတော်မလေး IU ဟာ သူမရဲ ့၁ဝနှစ်ပြည့်အမှတ်တရဖျော်ဖြေပွဲကိုစင်္ကာပူမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲမှာ သူမဟာ သူငယ်ချင်းဖြစ်သူ Jonghyun ကိုသတိရလွမ်းဆွတ်နေခဲ့ပြီး သူ့အတွက် အမှတ်တရတေးသီချင်းလေးသီဆိုခဲ့ပါတယ်တဲ့။
SHINee အဖွဲ့ဝင် Jonghyun ဟာ ၂၀၁၇ ဒီဇင်ဘာ ၁၈ရက်နေ့က သေဆုံးခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာ ၁၈ဆိုရင် သေဆုံးတာ တစ်နှစ်ပြည့်မှာဖြစ်ပါတယ်။IU နဲ့ Jonghyun ဟာ အရမ်းခင်မင်ခဲ့တဲ့သူငယ်ချင်းမောင်နှမတွေဖြစ်ပြီး IU ဟာ သူမရဲ့ဖျော်ဖြေပွဲမှာ “တကယ်တော့ နောက်ထပ်ဆိုမယ့်သီချင်းဟာ ကျွန်မသီဆိုမယ့်စာရင်းထဲမှာမပါဝင်ပါဘူး။ဒါပေမဲ့ အရင်တည်းက ဒီသီချင်းကိုဆိုဖို့ ကျွန်မစဉ်းစားပြင်ဆင်ထားပြီးသားပါ။ဒီသီချင်းကို ကျွန်မတကယ်လွမ်းနေရတဲ့သူကြားနိုင်ဖို့မျှော်လင့်ပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။
သူမသီဆိုခဲ့တဲ့ “Gloomy Clock” သီချင်းဟာ အရင်တုန်းက Jonghyun နဲ့အတူသီဆိုခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ပရိသတ်တွေကိုင်ဆောင်ထားတဲ့ Light Stick လေးတွေကို SHINee ရဲ ့
သင်္ကေတအရောင်လေးပြောင်းပြီး ကိုင်ပေးဖို့တောင်းဆိုခဲ့ပြီး သီချင်းစာသားတစ်နေရာမှာလည်း Jonghyun ရဲ့နာမည်ကိုဝမ်းနည်းကြေကွဲစွာထည့်ဆိုခဲ့သေးတယ်လို့သိရပါတယ်။သူ့ကိုလွမ်းနေကြတဲ့သူတွေအများကြီးပါ 😔
Source:Soompi
555 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.