မွေးလရာသီအလိုက် လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို ခန့်မှန်းကြမယ်

ကိုယ်မွေးတဲ့ ရာသီအလိုက် ကိုယ်တိုင်တောင် မသိနိုင်တဲ့ အကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးတွေကို သိနိုင်တယ်ဆိုရင် ဟုတ်ပါ့မလားလို့ တွေးမိမလား ။ သုတေသနများကတော့ ရာသီတစ်ခုချင်းစီမှာ မွေးဖွားသူတွေရဲ့စိတ်နေစိတ်ထား ၊ အနေထိုင်အပြုမူတွေကို လေ့လာကြည့်မိသလောက် အများစုဟာ တူညီနေတဲ့အချက်လေးတွေရှိနေတတ်ပါတယ်။ ဒါတွေကို အခြေခံပြီး ရာသီအလိုက် လူတွေရဲ့စိတ်နေစိတ်ထားကိုလည်း ခန့်မှန်းလို့ရတာပေါ့။

ကဲ.. ဒါဆို ကိုယ်မွေးတဲ့ ရာသီနဲ့တိုက်ပြီး ဘယ်လိုအကျင့်စရိုက် လက္ခဏာတွေရှိမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်…

ဆောင်းရာသီ

Image result for winter
အေးချမ်းတဲ့ ဆောင်းရာသီမှာ မွေးဖွားသူတွေဟာ သူများနဲ့မတူ ကွဲပြားနေတတ်ပါတယ်။ ဒီလိုပဲ စိတ်အခြေအနေဟာ ခဏခဏအပြောင်းလဲမြန်တယ်။ အခုနေ ဝမ်းနည်းနေရင်းနဲ့ တစ်အောင့်ကြာ ထပျော်ချင်လည်း ပျော်နေတတ်တဲ့ လူမျိုးတွေပါ။ အလုပ်လုပ်နှုန်းကတော့ သူများထက် မြင့်ပါတယ်။ သူစိတ်ဝင်စားတဲ့အလုပ်လုပ်နေပြီဆိုရင် ထမင်းမေ့ ၊ ဟင်းမေ့ပါပဲ။ တော်တော်လေးလည်း အကောင်းမြင်တတ်တဲ့ အထဲမှာပါပါတယ်။ ဒါပေမယ့်ပိုခံစားလွယ်တတ်တယ်။ မကြာခဏ စိတ်ဓာတ်ကျပြီး ကျန်းမာရေးမကောင်းသူဆို မကြာခဏ နှလုံးအမောဖောက်တတ်ပါတယ်။

နွေရာသီ

Related image
နွေဦးရာသီမှာ မွေးဖွားသူတွေကတော့ သိပ်ပြီး ဝမ်းနည်းမလွယ်ကြပါဘူးတဲ့။ ပျော်ပျော်နေတတ်တဲ့ထဲမှာ ပါပါတယ်။ အမျှော်မြင်လည်း သိပ်ကြီးသူပါ။ စိတ်လှုပ်ရှားစရာ စွန့်စားရာတာတွေ သိပ်ကြိုက်သူပေါ့။ တစ်ခုခုဆို ဇိုးခနဲ ဇတ်ခနဲဝင်လုပ်တတ်လို့ လူကြီးတွေက အမြဲဟန့်တားရတယ်။ မိန်းကလေးလည်း မိန်းကလေးအလျောက် နေထိုင်တာကအစ ပွင့်လင်းပါတယ်။ ဘာကိုမှ ချုပ်တည်း တင်းကြပ်ထားတာမျိုးမရှိပါဘူး။ နွေရာသီဖွားတွေက ဥာဏ်လည်း သိပ်ပြေးသတဲ့။

မိုးရာသီ

Related image
အေးမြ စိုစွတ်တဲ့ မိုးရာသီဖွားလေးတွေကတော့ အနေအေးတဲ့လူတွေလည်းရှိသလို ၊ သွက်လက်တဲ့သူတွေလည်း ရှိပါတယ်။ မိုးပေါက်လေးတွေလိုပဲ လူတွေကို အမြဲအေးစွတ်မှုတွေ ပေးတတ်သူလေးတွေပေါ့။ သူ့ကြောင့် သူများဒုက္ခရောက်စေမယ့်အရာတွေ အမြဲရှောင်တယ်။ တီထွင်ကြံဆမှု ဥာဏ်လည်းကောင်းသလို စာလေ့လာတဲ့အခါ သူများထက် တစ်ပန်းသာတဲ့ဦးနှောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူလည်း ဆောင်းရာသီဖွားတွေလိုပဲ စိတ်ခံစားမှုလွယ်ပါတယ်။ တစ်ခါတစ်လေ စိတ်က ဟိုဘက်နဲ့ ဒီဘက်ပြေးနေတတ်တယ်။ စိတ်မကောင်းစွာနဲ့ အချစ်ရေးမှာတော့ ကံဆိုးသူလေးတွေများပါတယ်။

529 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.