သူများနိုင်ငံမှာ ဒါတွေလုပ်မိရင် သင်အဖမ်းခံရနိုင်ပါတယ်…









Unicode

တစ်ခြားနိုင်ငံကိုအလည်အပတ်ခရီးသွားမယ်ဆိုရင် အစစအရာရာပြင်ဆင်သွားရ၊လေ့လာသွားရတာပါ။မပြင်ဆင်မလေ့လာပဲ ဟိုရောက်မှ လွဲချော်သွားရင် အဖမ်းခံရတာမျိုး၊ဒဏ်ငွေဆောင်ရတာမျိုးထိဖြစ်နိုင်ပါတယ်။ဒါကြောင့် Trend ပရိသတ်ကြီးအတွက် တစ်ခြားနိုင်ငံကိုသွားတဲ့အခါ ဘာတွေကြောင့်အဖမ်းခံရနိုင်တယ်၊ဒဏ်ငွေဆောင်ရနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ပြန်ပြီးမျှဝေပေးသွားမှာပါဖြစ်ပါတယ်။

*ဆဲရေးတိုင်းထွာခြင်း (သြစတေးလျ)
သြစတေးလျရောက်တဲ့အခါ လုံးဝ မဆဲရေးမိပါစေနဲ့။ဟာသအနေနဲ့တောင် ဆဲရေးလို့မရပါဘူး။Queensland နဲ့ Victora နဲ့ New South Wales မြို့မှာဆိုရင် လူကြားထဲဆဲရေးတိုင်းထွာမိတဲ့အခါ ထောင်ဒဏ် ၆လအထက်ထိ ကျခံရဖွယ်ရှိပါတယ်။

*ဝိုင်ဖိုင်မျှသုံးခြင်း (စင်္ကာပူ)
စင်္ကာပူမှာ တစ်ခြားသူတစ်ယောက်နဲ့ ဝိုင်ဖိုင်မျှသုံးမယ်ဆိုရင် ဂရုစိုက်ပါ။တကယ်လို့ ပိုင်ရှင်မသိပဲ သူ့ဝိုင်ဖိုင်ကို ကိုယ်က အမှတ်တမဲ့ယူသုံးလိုက်မိတဲ့အခါ ဒါကို hacker attack အဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် ၃နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။သေချာဂရုတစိုက်နဲ့ခွင့်ပြုချက်ယူသုံးသင့်ပါတယ််။

*ID ကတ်မပါခြင်း၊ဆေးယူလာခြင်း (ဂျပန်)
တကယ်လို့ ဂျပန်ရောက်ခဲ့မယ်ဆိုရင် သင့်ရဲ ့ ID ကတ်ကို မခွာတမ်းယူသွားပါ။ရဲအရာရှိက သင့်ကိုမေးမြန်းလို့ သင့်မှာမပါဘူး၊မရှိဘူးဆိုရင် ၂၃ရက်နီးပါး ဖမ်းဆီးခံရနိုင်ပါတယ်။ဒါ့အပြင် ဆေးယူတဲ့အခါမှာလည်း သေချာမေးမြန်းလေ့လာပြီးမှယူသင့်ပါတယ်။ဂျပန်မှာ ဆေးအတော်များများကိုပိတ်ပင်ထားပါတယ်။အအေးမိတုပ်ကွေးပျောက်ဆေးကအစ တားမြစ်ထားတဲ့ဆေးတွေရှိပါတယ်။ဒါကြောင့်ခရီးမထွက်ခင်ကတည်းက သေချာလေ့လာပါ

*ပီကေဝါးခြင်း (စင်္ကာပူ)
စင်္ကာပူမှာ ပီကေဝါးတာကို တားမြစ်ထားပါတယ်။အစိုးရရဲ ့ခွင့်ပြုချက်မရှိပဲ ပီကေကို ရောင်းတာ၊ဝယ်တာတွေ့ရင် သင့်အနေနဲ့ ထောင်ဒဏ်မှာ ၂နှစ်လောက်နေရဖွယ်ရှိပါတယ်။ခြွင်းချက်တစ်ခုကတော့ ပီကေဝါးချင်တယ်ဆိုရင် ဆရာဝန်ဆီကခွင့်ပြုချက်နဲ့ဝယ်ထားတဲ့ ပူရှိန်းပီကေလိုမျိုးပဲ စားခွင့်ရှိပါတယ်။

*ညအချိန် ကာရာအိုကေသီဆိုခြင်း (Hawaii)
Hawaii ကျွန်းဆွယ်ရဲ ့Honolulu မြို့မှာတော့ နေဝင်ချိန်ကျော်တာနဲ့ ကာရာအိုကေလိုမျိုး သီချင်းအကျယ်ကြီးသီဆိုတာကိုတားမြစ်ထားပါတယ်။ဒီတော့ ပင်လယ်ကမ်းခြေရဲ့အလှနဲ့ဝိုင်ရဲ့အရသာကိုသာစီးမျောခံစားရင်း ခရီးစဉ်ကိုဖြတ်သန်းတာအကောင်းဆုံးပါပဲ။

*အိမ်ခြေရာမဲ့လူတွေကို အစားအစာဝေငှခြင်း (အမေရိကန်)
အမေရိကန်နိုင်ငံ၊ဖလော်ရီဒါမြို့မှာတော့ လူမြင်ကွင်းနေရာမှာ သင်ဟာ အိမ်ခြေရာမဲ့လူတွေကို အစားအစာဝေငှပေးကမ်းတဲ့အခါ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ဒေသခံဘုရားကျောင်းက အသက် ၉ဝအရွယ်တရားဟောဆရာတောင် အစားအစာတွေချက်ပြုတ်ပြီး အိမ်ခြေရာမဲ့တွေကို ဝေပေးခဲ့လို့ ထောင်ဒဏ် ၂လကျခံခဲ့ရဖူးတယ်လို့သိရပါတယ်။တကယ်လို့ အစားအစာတွေပေးချင်တယ်ဆိုရင် ဂေဟာမှာဖြစ်စေ၊ဒေသခံတွေရဲ့ခွင့်ပြုချက်ရထားတဲ့ သီးသန့်နေရာမှာဖြစ်စေ ဝေငှလှူဒါန်းပေးလို့ရပါတယ်တဲ့။

Ref:Brightside/cosmopolitan

129 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.