ရေခဲသေတ္တာထဲယောင်လို့တောင်မထည့်သင့်သောအရာများ

ယနေ့ခေတ်မှာ လူတော်တော်များများဟာ စားစရာတွေကို တစ်နေ့တစ်ခါဈေးထွက်ဝယ်တာမျိုး မပြုလုပ်ကြပဲ ရေခဲသေတ္တာထဲမှာသိုလှောင်ပြီး သိမ်းဆည်းတက်ကြပါတယ်။ ဘယ်လိုအစားအစာမျိုးတွေကို ရေခဲသေတ္တာထဲထပ်သင့်မထည့်သင့်ဆိုတာကို အနည်းငယ်လေ့လာကြည့်ရအောင်…

1. ငှက်ပျောသီး

ငှက်ပျောသီးငှက်ပျောသီးဟာ ရေခဲသေတ္တာထဲမှာထက် အပြင်မှာပိုပြီး ဓာတ်မြေသြဇာဓာတ်ကိုရရှိနိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခုက ရေခဲသေတ္တာရဲ့ အေးတဲ့ဓာတ်ကြောင့်ငှက်ပျောသီးဟာ ပုံမှန်ထက်ပိုပြီး မှည့်ဖို့ကြာတယ်လို့ဆိုကြပါတယ်။

2. အာလူး

အာလူး  အာလူးကို ဟာခြောက်သွေ့ပြီး အပူချိန်သင့်တင့်မျှတတဲ့ပတ်ဝန်းကျင်မှာထားသင့်တဲ့အရာဖြစ်လို့ ရေခဲသေတ္တာလို စိုထိုင်းပြီး အေးတဲ့နေရာမှာထားဖို့မသင့်တော်ပါဘူး။ နောက်ပြီး အာလူးကို လေမရနိုင်အောင် အိတ်တွေ ဘူတွေနဲ့လှောင်ထားတာမျိုး မသုံးသေးပဲ ရေကြိုဆေးထားတာမျိုးရှောင်ပါ။

3. ကြက်သွန်နီ

ကြက်သွန်နီလေ့လာတွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ အခွံမခွာရသေးတဲ့ကြက်သွန်နီကို ကြွပ်ကြွပ် အိတ်နဲ့ပိတ်ထားတာ ရေခဲသေတ္တာထဲ ထည့်ထားတာမျိုးမလုပ်ပဲ လေရအောင်ထားပေးရမယ်လို့ဆိုပါတယ်။ အခွံနွှာပြီးရင်တော့ တစ်ခုခုနဲ့အုပ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းနိုင်ပါတယ်လို့သိရပါတယ်။

4. ကြက်သွန်ဖြူ

 ကြက်သွန်ဖြူသိထားပြီးကြလားတော့မသိပေမဲ့ ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲ မှာ ထည့်ထားတာကြာရင် အညှောင့်တွေထွက်လာတက်ပြီး ကြလာရင် မှိုတက်စေနိုင်တယ်လို့သီရပါတယ်။

5. ပေါင်မုန့်

ပေါင်မုန့်  ပေါင်မုန့်ဆိုတဲ့အရာမျိုးကနူးညံ့တဲ့အရာမျိုးပါ။ ရေခဲသေတ္တာဟာပေါင်မုန့်ရဲ့ နူးညံမှုကို ပြောင်းလဲစေပါတယ်။ ဥပမာ ပေါင်မုန့်အိအိလေးကို sandwichesလုပ်စားဖို့ရည်ရွယ်ပြီး ရေခဲသေတ္တာထဲကထုတ်ထုတ်ခြင်းမှာပေါင်မုန့်ဟာ မာကြောပြီး ကြမ်းတမ်းတဲ့အသွင်ကိုပြောင်းလဲသွားတာကိုမြင်ရပါလိမ့်မယ်။

ရေခဲသေတ္တာဆိုတာနဲ့စားစရာ မှန်သမျှထည့်တိုင်းမကောင်းဘူးဆိုတာကို သိရှိသွားကြပြီး ကျန်းမာပျော်ရွှင်စွာစားသောက်နေထိုင်နိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.