ရွိခဲ႔ဖူးတဲ႔ခ်စ္သူအေၾကာင္း ဖြင့္ဟလာတဲ႔ Cha Eun Woo

My ID is Gangnam Beauty ဇာတ္လမ္းတြဲနဲ႔ဲ ပရိသတ္ေတြၾကားထဲမွာ ပုိျပီးေရပန္းစားေက်ာ္ၾကားလာတဲ႔ မင္းသားေခ်ာ Cha Eun Woo ဟာ သူ႔ရဲ ႔ငယ္စဥ္တုန္းက အခ်စ္ေရးအေၾကာင္းကုိဖြင့္ဟလာခဲ႔ပါတယ္။

မၾကာေသးခင္က ထုတ္လႊင့္ခဲ႔တဲ႔ Happy Together 4 အစီအစဥ္မွာ သူ႔ရဲ ႔ပထမဆံုးနဲ႔ေနာက္ဆံုးအခ်စ္ေရးအေၾကာင္းကုိေျပာျပသြားခဲ႔တာျဖစ္ပါတယ္။” ကြ်န္ေတာ္ Trainee ဘ၀တုန္းက ရည္းစားရွိခဲ႔ဖူးပါတယ္။ကြ်န္ေတာ့္ရဲ႔ခံစားခ်က္ကုိ သူမကုိ ဘယ္လိုဖြင့္ေျပာရမလဲမသိလုိ႔ ကြ်န္ေတာ့္အေပၚဘယ္လိုခံစားခ်က္ရွိလဲဆုိျပီးစာပုိ႔ေမးခဲ႔တာပါ။အဲ႔ဒီမွာ သူမက ကြ်န္ေတာ္ေရာဘယ္လုိလဲဆုိျပီးေမးလာပါတယ္။အဲ႔ဒါနဲ႔ ကြ်န္ေတာ္လည္းသူမကုိၾကိဳက္တဲ႔အေၾကာင္းဖြင့္ေျပာျပီး ခဏတာဒိတ္ျဖစ္ခဲ႔ၾကပါတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။ေနာက္ေတာ့ ကုိယ္စီအလုပ္ေတြမ်ားလုိ႔လမ္းခြဲခဲ႔ၾကတာပါတဲ႔။

အဲ႔ဒါက သူ႔ရဲ႔ပထမဆံုးနဲ႔ေနာက္ဆံုးအခ်စ္ေရးပါ။အထက္တန္းေက်ာင္းသားတုန္းကလည္း ေကာင္မေလးမရွိခဲ႔ပါဘူး။ဘာလုိ႔လဲဆုိေတာ့ သူ႔ရဲ ႔အေဖကုိ တကၠသိုလ္မေရာက္ခင္ရည္းစားမထားဘူးလု႔ိ ကတိေပးထားတဲ႔အတြက္ေၾကာင့္ပါတဲ႔။အေဖက စာၾကိဳးစားျပီး တကၠသုိလ္မွာ မိန္းမေကာင္းေလးနဲ႔ေတြ႔ပါ။အဲ႔ဒီမတိုင္ခင္ေတာ့ ရည္းစားမထားနဲ႔လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

ဒါေပမ႔ဲ အထက္တန္းေက်ာင္းတက္တုန္းက စီနီယာအစ္မၾကီးေတြကေတာင္ သူ႔ကုိလာၾကည့္ခဲ႔ၾကပါတယ္တဲ႔။ဒါေပမဲ႔ သူ႔အတြက္ေတာ့ အဲ႔ဒါက ဖိအားတစ္ခုျဖစ္ေစပါတယ္။ေကာင္မေလးေတြက ခဏခဏလာရွိဳးၾကေတာ့ သူ႔အေနနဲ႔ အေဖ့ကုိေပးထားတဲ႔ကတိမတည္ႏုိင္မွာစုိးရိမ္လာပါတယ္။အဲ႔ဒါေၾကာင့္ ေက်ာင္းသူေလးေတြသူ႔ကုိလာၾကည့္ျပီဆုိ ထြက္ေျပးခဲ႔တယ္လုိ႔ထပ္ေျပာျပခဲ႔ပါေသးတယ္။သူငယ္ငယ္တည္းက စန္းပြင့္ပါတယ္ေပါ့ေလ။

အခုလက္ရွိမွာေတာ့ Cha Eun Woo က ASTRO အဖြဲ႔၀င္သူငယ္ခ်င္းေတြနဲ႔ပဲ ဂီတဘက္မွာ ေျခလွမ္္းခ်ဲ႔ထြင္ေနတာပါ။ရုပ္ရွင္ဇာတ္လမ္းတြဲရုိက္ကူးဖုိ႔ေတာ့အသံမၾကားေသးပါဘူး။ပရိသတ္ေတြအတြက္ သူ႔ရဲ ႔ပံုေလးေတြ ျပန္ျပီးေဖာ္ျပေပးလိုက္ပါတယ္။

Unicode

My ID is Gangnam Beauty ဇာတ်လမ်းတွဲနဲဲ့ ပရိသတ်တွေကြားထဲမှာ ပိုပြီးရေပန်းစားကျော်ကြားလာတဲ့ မင်းသားချော Cha Eunwoo ဟာ သူ့ရဲ ့ငယ်စဉ်တုန်းက အချစ်ရေးအကြောင်းကိုဖွင့်ဟလာခဲ့ပါတယ်။

မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ Happy Together 4 အစီအစဉ်မှာ သူ့ရဲ ့ပထမဆုံးနဲ့နောက်ဆုံးအချစ်ရေးအကြောင်းကိုပြောပြသွားခဲ့တာဖြစ်ပါတယ်။” ကျွန်တော် Trainee ဘဝတုန်းက ရည်းစားရှိခဲ့ဖူးပါတယ်။ကျွန်တော့်ရဲ့ခံစားချက်ကို သူမကို ဘယ်လိုဖွင့်ပြောရမလဲမသိလို့ ကျွန်တော့်အပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုပြီးစာပို့မေးခဲ့တာပါ။အဲ့ဒီမှာ သူမက ကျွန်တော်ရောဘယ်လိုလဲဆိုပြီးမေးလာပါတယ်။အဲ့ဒါနဲ့ ကျွန်တော်လည်းသူမကိုကြိုက်တဲ့အကြောင်းဖွင့်ပြောပြီး ခဏတာဒိတ်ဖြစ်ခဲ့ကြပါတယ်”လို့ပြောပြခဲ့ပါတယ်။နောက်တော့ ကိုယ်စီအလုပ်တွေများလို့လမ်းခွဲခဲ့ကြတာပါတဲ့။

အဲ့ဒါက သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်ရေးပါ။အထက်တန်းကျောင်းသားတုန်းကလည်း ကောင်မလေးမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ သူ့ရဲ ့အဖေကို တက္ကသိုလ်မရောက်ခင်ရည်းစားမထားဘူးလို့ ကတိပေးထားတဲ့အတွက်ကြောင့်ပါတဲ့။အဖေက စာကြိုးစားပြီး တက္ကသိုလ်မှာ မိန်းမကောင်းလေးနဲ့တွေ့ပါ။အဲ့ဒီမတိုင်ခင်တော့ ရည်းစားမထားနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အထက်တန်းကျောင်းတက်တုန်းက စီနီယာအစ်မကြီးတွေကတောင် သူ့ကိုလာကြည့်ခဲ့ကြပါတယ်တဲ့။ဒါပေမဲ့ သူ့အတွက်တော့ အဲ့ဒါက ဖိအားတစ်ခုဖြစ်စေပါတယ်။ကောင်မလေးတွေက ခဏခဏလာရှိုးကြတော့ သူ့အနေနဲ့ အဖေ့ကိုပေးထားတဲ့ကတိမတည်နိုင်မှာစိုးရိမ်လာပါတယ်။အဲ့ဒါကြောင့် ကျောင်းသူလေးတွေသူ့ကိုလာကြည့်ပြီဆို ထွက်ပြေးခဲ့တယ်လို့ထပ်ပြောပြခဲ့ပါသေးတယ်။သူငယ်ငယ်တည်းက စန်းပွင့်ပါတယ်ပေါ့လေ။

အခုလက်ရှိမှာတော့ Cha Eun Woo က ASTRO အဖွဲ့ဝင်သူငယ်ချင်းတွေနဲ့ပဲ ဂီတဘက်မှာ ခြေလှမ််းချဲ့ထွင်နေတာပါ။ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးဖို့တော့အသံမကြားသေးပါဘူး။ပရိသတ်တွေအတွက် သူ့ရဲ ့ပုံလေးတွေ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.