EXO နဲ့ BLACKPINK တို့ပူးပေါင်းဖျော်ဖြေမယ်ဆို ပျော်ကြမှာလား?
Source:Koreaboo
Unicode
EXO နဲ့ BLACKPINK ဆိုတာ တောင်ကိုရီးယားတစ်ခွင်မှာ နာမည်ကျော်ကြားတဲ့အဆိုတော်အဖွဲ့နှစ်ဖွဲ့ပါ။ဒီနှစ်ဖွဲ့သာ ပူးပေါင်းဖျော်ဖြေမယ်ဆိုရင်ဖြင့် ပရိသတ်တွေက အတော်လေးပျော်ရွှင်ကြမှာပါ။အတူပူးပေါင်းဖျော်ဖြေဖြစ်မယ်ဆိုရင် ၂၀၁၉ အတွက် ဒါက အကြီးမားဆုံးပူးပေါင်းမှုဖြစ်ပြီး အင်တာနက်တစ်ခွင်မှာလုံးဝရေပန်းစားသွားမယ့်သတင်းပါပဲ။
အခုတောင် ပရိသတ်တစ်ချို့က သူတို့နှစ်ဖွဲ့ပူးပေါငး်ဖျော်ဖြေတော့မလားမသိဘူးဆိုပြီး ထင်ကြေးပေးနေကြတယ်လို့သိရပါတယ်။ထင်ကြေးပေးရလောက်တဲ့ အချက်လေးတွေလည်းရှိနေပါတယ်။
ဒီနှစ်ထဲမှာ သူတို့နှစ်ဖွဲ့ရဲ့အကလှုပ်ရှားမှုတွေက ဆင်တူသလိုဖြစ်နေတာမျိုး၊သင်္ကေတပုံစံတွေကအစ ဆင်နေတာမျိုး၊ပိုပြီးသိသာစေတာကတော့ EXO ရဲ့မန်နေဂျာ groovechaja က BLACKPINK အဖွဲ့ဝင် Jennie ရဲ ့အင်စတာအကောင့်ကိုသွားပြီး ဖောလိုးလုပ်ထားတာမျိုး၊Blackpink ရဲ ့ပရိသတ်ဖြစ်မှာပေါ့လို့ပြောလို့ရပေမဲ့ EXO ရဲ့ နောက်ထပ်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ suerte._.sh531 အကောင့်ကလည်းBLACKPINK အဖွဲ့ဝင်တွေကို စပြီးဖောလိုးလုပ်ထားခဲ့ပါတယ်တဲ့။
ဒီအချက်တွေကို ပရိသတ်တွေက သတိထားမိပြီး EXOPINK ဖြစ်လာဖို့ စိတ်လှုပ်ရှားနေကြပါတယ်။တရားဝင်ကြေညာချက်မထုတ်ပေမဲ့၊မသေချာသေးပေမဲ့လည်း ပရိသတ်တွေကတော့ မျှော်လင့်ထားကြပါတယ်။တကယ်ပဲဖြစ်လာမလားဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါပဲ။
Source:Koreaboo
4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.