အသည်းကွဲပြီး အချစ်သစ်တစ်ဖန်အတွက်သင်အဆင်သင့်ဖြစ်နေပြီဆိုတာဒီအချက်တွေကပြောပြနေ








(၄) ပြီးခဲ့တာတွေအတွက် စိတ်နာခြင်း ဒေါသဖြစ်ခြင်းမခံစားရတော့ဘူး




Unicode

တွေ့ကြုံဆုံကွဲဆိုတဲ့ သဘောတရားကို လက်ခံထားရမှာ လူတိုင်းရဲ့တာဝန်ပါ…လူတိုင်းကတော့ တစ်ယောက်တည်းနဲ့ချစ်တစ်ယောက်တည်းနဲ့ပဲ ယူမယ်လို့စိတ်ကူးထားကြပင်မဲ့ ကိုယ့်ရဲ့လက်တွဲဖော်အစစ်မှန်နဲ့ ဆုံဖို့ကံကကြန့်ကြာနေသ၍ကြားထဲက အရန်တွေနဲ့အရင်ဆုံရအုံးမှာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေ ပေါင်းသင်းပတ်သတ်လို့မရတော့လို့ ထင်လာရင်တော့ လက်တွဲဖြုတ်ကြရမှာပါပဲ။ သံယောဇဉ်မပြတ်တဲ့သူကတော့ အချိန်ကာလတစ်ခုအထိနာကျင်ခံစားရမှာပေါ့လေ…ဒါပင်မဲ့လည်း လုံးဝရှေ့ဆက်လို့မရတော့ တဲ့ အခြေနေမှန်းသိလာတဲ့အခါ ကိုယ့်ရဲ့ အသည်းကွဲမှုကို လျော့ချဖို့အချိန်ရောက်လာပြီဆိုတာ သတိထားမိသွားမှာပါ။ အသည်းကွဲတာပြီးဆုံးသွားပြီး အချစ်သစ်စမယ်ဆိုရင်တောင် စလို့ရပြီး Ready ဖြစ်နေပြီဆိုတာ ဘယ်လို အချက်တွေကပြောပြနေလဲ…

(၁) သင့်ဝါသနာနဲ့သင့်ဘဝအတွက်ပဲသင်ဦးစားပေးတတ်လာပြီ

ကိုယ့်ရဲ့ဝါသနာနဲ့ကိုယ့်ဘဝတိုးတတ်ဖို့ ကိစ္စတွေကလွဲရင် တစ်ခြားအရာတွေကို စဉ်းစားတွေးပူတတ်တော့တဲ့ အခြေနေမဟုတ်တော့ဘူး။

(၂) လူအများကြားသွားလာစကားပြောရတာကိုပြန်လည်ခုံမင်လာပြီ

လူအများကြားမှာသွားလာစကားပြောရတာကို အရင်လိုအသည်းကွဲလို့ ရှောင်ပုန်းနေတာမျိုးမဟုတ်ပင်မဲ့ ပေါ်ပေါ်ထင်ထင် ပြောရဲဆိုရဲနဲ့ လန်းလန်းဆန်းဆန်းဖြစ်လာပါပြီ။

(၃) အရင်ပြတ်ဆဲခဲ့တဲ့သူရယ် သူ့အကြောင်းတွေရယ်အကုန်လုံးကို မုန်းတယ်ဆိုတာမျိုးထက် မေ့ပစ်လိုက်နိုင်ခဲ့ပြီ

ဒေါသဖြစ်ဖို့ ခွန်အားမရှိတော့သလို စိတ်လည်းမပါတော့ဘူး။ ကိုယ့်ဘဝအတွက်ပဲကိုယ်တွေးတတ်တဲ့ အခြေနေမျိုးဖြစ်လာပါပြီ။

(၄) ပြီးခဲ့တာတွေအတွက် စိတ်နာခြင်း ဒေါသဖြစ်ခြငး်မခံစားရတော့ဘူး

ပြီးခဲ့တာတွေအတွက် စိတ်နာခြင်း ဒေါသဖြစ်ခြင်းတွေ မခံစားရပဲ အားလုံးကို မေ့ပစ်နေတဲ့ အခြေနေမျိုးရောက်နေပါပြီ။

(၅) တစ်စုံတစ်ယောက်သောသူကို စိတ်ဝင်စားတတ်သဘောကျတတ်လာပြီ

အရင်လို လူတွေအပေါ်စိတ်ဝင်စားမှုမရှိတာမျိုးမဟုတ်ပဲ ကိုယ်သဘောကျမိတဲ့ သူမျိုး၊ ကိုယ့်မျက်စိထဲ ကြည့်ကောင်းတယ်ထင်တဲ့သူမျိုး ပြန်ပေါ်လာပါပြီ။

485 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.