နားကပ်ရောင်းသူတွေအနေနဲ့ရော ၀ယ်မဲ့သူတွေအနေနဲ့ပါ အခြေခံမျက်နှာကျနဲ့ လိုက်ဖက်တဲ့ နားကပ်ပုံစံမျိုးကို နားလည်ထားဖို့ လိုအပ်ပါတယ်။
(၁) မျက်နှာဝိုင်း – ဒေါင်လိုက်ပုံစံရှိတဲ့ နားဆွဲလုံးလေးတွေ၊ မီးပန်းဆိုင်းပုံစံရှိတဲ့ နားဆွဲလေးတွေဟာ မျက်နှာရဲ့အမြင့်ကို ထပ်ရှည်စေပြီး သွယ်လျတဲ့အသွင် ရစေနိုင်ပါတယ်။
(၂) လေးထောင့်မျက်နှာ- နားကွင်းတွေနဲ့အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ နားကွင်းမှာ တွဲလောင်းလေးတွေ ထပ်ဖြည့်ထားတဲ့ပုံစံမျိုးနဲ့ မျက်နှာရဲ့ လေးထောင့်ကျနေတဲ့ ထောင့်စွန်း လေးတွေကို သွယ်လျသွားအောင် လိုက်ဖြည့်ပေးနိုင်ပါတယ်။
(၃) ဘဲဥပုံမျက်နှာ- အ၀ိုင်းပုံ၊ တြိဂံပုံနဲ့ ဘဲဥပုံသာမက နားဆွဲ၊ ပန်းဆွဲ တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဘဲဥပုံမျက်နှာတွေကတော့ သိပ်ရွေးချယ် စရာမလိုပါဘူး။
(၄) အသဲပုံမျက်နှာကျ – ဒေါင်လိုက်နဲ့ အရင်းမှာ အ၀ိုင်း၊ နားဆွဲနဲ့ ပန်းဖွားပုံစံမျိုးတွေက မျက်နှာရဲ့ ချွန်းကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်ဖြည့်ပေးပါတယ်။