”Encounter” ဇာတ်ကားထဲက Yong Junhyung ရဲ့ သီချင်းချိုချိုလေး နားထောင်ပြီးကြပြီလား

ပထမ episode မှာတင် ဝက်ဝက်ကွဲအောင်မြင်မှုတွေ ရရှိခဲ့တဲ့ ”Encounter” ဇာတ်ကားမှာ မင်းသားနဲ့ မင်းသမီးတွေဟာ ဘယ်သူတွေလဲဆိုတာတော့ ပရိတ်သတ်သိပြီးမှာပါ။ ဇာတ်ကားကောင်းတွေထွက်လာတိုင်း ဇာတ်ဝင်တေးတွေကပါ ကြည့်ရှုသူ ပရိတ်သတ်တွေနားထဲကို စွဲစေခဲ့တယ်။

Watch: Yong Junhyung Sweetly Sings “Don’t Hesitate” For “Encounter” OST

တကယ်လည်း လိုက်ဖက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ သီချင်းတွေကို တွဲစပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတွေရဲ့လက်ရာကတော့ အံ့မခန်းပါပဲနော်။ ကဲ.. မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအညွန်းလေး ထပ်ပြောပြပေးမယ်နော်။

Image result for encounter kdrama

အရာရာမှာ ကိုယ့်စိတ်တိုင်းကျ ဘယ်တော့မှ မနေရ ၊ မိဘတွေက စီမံတဲ့အတိုင်း ထားရာနေ ၊ စေရာသွား ဘဝမှာပဲ ရှင်သန်နေရတဲ့ အမျိုးသမီး Cha Soo Hyun နဲ့ ရိုးရှင်းတဲ့ဘဝမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွင်စွာနေတဲ့ Kim Jin Hyuk တို့ရဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကြည့်ဖူးနေကြ အက်ကြောင်းထပ်နေတဲ့ ဇာတ်လမ်းတွေလို မဟုတ်ပါဘူး။ ကြည့်ရကျိုးနပ်စေမှာပါ။

Related image

ကဲ.. အခုတော့ ဒီဇာတ်ကားထဲက ပရိတ်သတ်တွေကြားနာမည်ကြီးနေတဲ့ သီချင်းချိုချိုးလေးကို တင်ပေးလိုက်တယ်နော်။ နားထောင်ကြည့်ပါဦး..

518 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.