ကလေးတွေကို ဖုန်းပေးကြည့်ခြင်းဟာ ပျင်းရိလေးတွဲစေပြီး စိတ်ကျရောဂါပါဖြစ်စေ

ကလေးတွေကို ဖုန်းပေးမကြည့်နဲ့.. ဖုန်းပေးမကြည့်နဲ့ဆိုတာ တကယ်လည်း သူတို့လေးတွေအတွက် ကျန်းမာရေဒထိခိုက်မှုတွေ ရှိနေလို့ပါ။ တချို့ လူကြီးတွေက အရမ်းအလုပ်မျးနေတော့ ကလေးတွေငြိမ်အောင်ဆိုပြီး ဖုန်းတစ်လုံးနဲ့ ပစ်ထားတတ်ပါတယ်။ ကလေးဆိုတာ ငယ်ရွယ်တုန်းအချိန်မှာ စိတ်ကြိုက် ဆော့ပစ်ရမှာပါ။ တစ်နေရာတည်းမှာပဲ ဖုန်းတစ်လုံးနဲ့ငြိမ်နေတာမျိုး မကောင်းပါဘူး။

Image result for Screentime Is Making Children Stressed

ကိုယ်တိုင်ရော ကလေးတွေပါ စမတ်ဖုန်းတွေရဲ့သားကောင်မဖြစ်အောင် သတိထားဆင်ခြင်သင့်ပါတယ်။ လူကြီးက ရှေ့ကသုံးပြနေရင် ကလေးတွေလည်းလိုက်သုံးချင်မှာပါ။ အင်တာနက်က လူတွေအတွက် အကျိုးပြုနိုင်တာမှန်ပေမယ့် အသုံးမတတ်ရင်လည်း ဘေးဖြစ်စေမှာပါ။

ဆရာဝန်များကတော့ ဒီလို စမတ်ဖုန်းတွေ ၊ကွန်ပျုတာတွေနဲ့ နီးစပ်နေတဲ့ ကလေးငယ်မှာ ကျန်းမာရေး၊ ဖွံဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ပြဿနာရှိလာနိုင်တယ်လို့ ပြောထားပါတယ်။

Related image

အချိန်မခွဲခြားနိုင်တော့

တစ်ခုခုဆို ဖုန်းပဲတစ်ချိန်လုံးကြည့်နေတော့ နေ့စဉ်လုပ်ဆောင်ရမယ့် အရာတွေကို ကလေးတွေအနေနဲ့ မခွဲခြားနိုင်တော့ပါဘူး။ ငယ်စဉ်တည်းက သေချာမပြသထားရင် ကြီးလာတဲ့အခါလည်း သူ့ရဲ့ကိုယ်ပိုင်အချိန်ကို အကျိုးရှိရှိ အသုံးချတတ်တော့မှာ မဟုတ်ပါဘူး။ စားချိန် ၊ အိပ်ချိန် ၊ စာသင်ချိန် ၊ ကစားချိန် စသဖြင့် အားလုံးကို သင်က စနစ်ကျကျစီမံပြထားဖို့လိုပါတယ်။ ဗီဒီယိုဂိမ်းမှာပဲ ကလေးက အချိန်ကုန်တာများနေတယ်ဆိုရင် ကလေးရဲ့ကိုယ်လက်လှုပ်ရှားမှုနဲ့ ဦးနှောက်စွမ်းရည်တွေကို ထိခိုက်စေမှာပါ။

Image result for Screentime Is Making Children Stressed

စိတ်ဖိစီးမှု မြင့်တက်

စမတ်ဖုန်းတွေကြာကြာအသုံးပြုခြင်းဟာ စိတ်ကျေနပ်မှုထက် ဦးနှောက်နဲ့ ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှုတွေကိုဖြစ်စေပါတယ်။ မိသားစုနဲ့လည်း ကင်းဝေးလာမယ်။ ဒီအင်တာနက်ကနေ တစ်ဆင့် လူတွေနဲ့ဆက်သွယ်ပြီးအပြင်လောကကို အထိတွေ့ပြတ်နေခဲ့တယ်။ ငယ်စဉ်တည်းက သုံးစွဲလာတဲ့အလေ့ကျင့်ဟာ ဆယ်ကျော်သက်အရွယ်ထိ ကူးစက်လာပြီး ထိခိုက်မှုတွေရှိလာတယ်။ ဒါဟာ အန္တရာယ်များတဲ့ အခြေအနေပါ။

အိပ်ရေးပျက်လာမယ်

ဒါက ကလေးတွေမှမဟုတ်ဘူး။ လူကြီးတွေမှာပါ ဒီအကျင့်က ဖျောက်မရတာပါ။ မနက်မိုးလင်းတာနဲ့
ဖုန်းကောက်ကိုင်၊ ညအိပ်ရာဝင်ခါနီးလည်း ဖုန်းကြည့်လို့ မပြီး။ ဆိုတော့ ကလေးတွေအနေနဲ့ အိပ်ရေးဝဝအိပ်ပြီး အချိန်မှန် စားသောက်ဖို့လိုအပ်ပါတယ်။ အဓိက ကျန်းမာရေးပဲမဟုတ်လား။ အိမ်တစ်အိမ်မှာ လူတစ်ယောက်နေမကောင်းတာနဲ့ ရှိသမျှလူ အငြိမ်မနေရပါဘူး။ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ် ဖွံဖြိုးမှာပါ ပြဿနာတွေရှိလာနိုင်ပါတယ်။ အိပ်ရေးပျက်ရင် အစားလည်းပျက်မှာပါ။

Related image

နောက်ဆုံးအဆင့် suicide
နောက်ဆုံး အန္တရာယ်ရှိဆုံးအခြေအနေကတော့ ကိုယ့်ကိုကိုယ် သတ်သေခြင်းပါပဲ။ ဖုန်းကြည့်များလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး ဖြစ်နိုင်လား လို့ တွေးကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်က စိတ်ချင်းမတူဘူးလေ။ ကိုယ်က ဒီလိုတွေးပေမယ့် အခြားလူအတွေးထဲ ဘယ်လိုရှိနိုင်မလဲ မမြင်နိုင်ပါဘူး။ ဒီအင်တာနက် ကိစ္စတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေသွားတဲ့လူတွေ မနည်းတော့ပါဘူး။ ခုနပြောခဲတဲ့ စိတ်ဖိစီးမှုတွေများလာရင် ထွက်ပေါက်အနေနဲ့ ဘယ်လိုရှာလဲ၊ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာ တွေ့နေ မြင်နေရပါတယ်။ အဓိက ဒီကလေးတွေမှာ စာဖတ်အားနည်းပြီး လူမှုပတ်ဝန်းကျင် ထိတွေ့မှုမရှိလို့ပါ။ ကောင်းကောင်းဆုံးဖြတ်ချက် မချနိုင်တော့ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ဖုန်းပေးကိုင်တော့မယ်ဆိုရင် ဒါလေးတွေတော့ သိထားသင့်ပါ
တယ်နော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.