၂၀၁၉ ထိ ဒါေတြကုိ သယ္ေဆာင္မသြားပါနဲ႔ !

Trend ပရိသတ္ၾကီးေရ ဒီလက ဒီဇင္ဘာဆုိေတာ့ ႏွစ္သစ္ကိုေရာက္လုနီးပါးျဖစ္ေနျပီေနာ္။၂၀၁၉ ကုိမေရာက္ခင္ ဒီႏွစ္ထဲမွာပဲ ခ်န္ထားခဲ႔ခ်င္တဲ႔အရာေလးေတြမရွိဘူးလား?? ဥပမာ ကုိယ့္ရဲ႔မေကာင္းတဲ႔အက်င့္တစ္ခုခုေပါ့

အခု Trend ကုိအားေပးေနတဲ႔စာဖတ္ပရိသတ္ၾကီးအတြက္ ဘ၀ထဲကေန ဖယ္ကုိထုတ္ထားသင့္တဲ႔ ၂၀၁၉ ထိသယ္ေဆာင္မထားသင့္ေတာ့တဲ႔အရာေလးေတြကုိ ျပန္ျပီးေျပာျပမ်ွေ၀ေပးခ်င္ပါတယ္။ဘာေတြလဲဆုိရင္…

*ဆုိရွယ္မီဒီယာကုိ တအားဖက္တြယ္ေနတဲ႔စိတ္
ဆုိရွယ္မီဒီယာေလာကကုိ တအားဖက္တြယ္မိေနတဲ႔အခါ အျပင္ေလာကနဲ႔အဆက္ျပတ္သြားတတ္ပါတယ္။အျပင္ေလာကက မိတ္ေဆြသူငယ္ခ်င္းေတြ၊မိသားစုေတြနဲ႔ရင္းႏွီးမႈကုိေလ်ာ့သြားေစပါတယ္။အေ၀းေရာက္ေနတဲ႔မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အဆက္အသြယ္မျပတ္ရွိတယ္ဆုိေပမဲ့ ေသခ်ာအသံုးမခ်တတ္ရင္ ကုိယ့္ဘက္က ဆံုးရွံဳးမႈေတြကပိုမ်ားပါတယ္။ဒီေတာ့ ဖုန္းမွဖုန္း၊ေဖ့ဘြတ္ခ္မွေဖ့ဘြတ္ခ္ျဖစ္ေနတဲ႔စိတ္ေလးကုိ ျဖည္းျဖည္းခ်င္းေလ်ွာ့ခ်ျပီးလက္ေတြ႔ဘ၀ကလူေတြကုိ ပုိျပီးအခိ်န္ေပးၾကည့္ပါ။သင့္ရဲ ႔၂၀၁၉ က ပုိျပီးအဓိပၸာယ္ရွိလာပါလိမ့္မယ္။

*တစ္ပါးသူကုိ မနာလိုတဲ႔စိတ္
လူတုိင္းမွာ မနာလိုတဲ႔စိတ္ကေတာ့ တစ္ခါတစ္ေလျဖစ္တတ္ၾကတာပါပဲ။ဒါေပမဲ႔ သူမ်ားကုိ အလြန္အကြ်ံမနာလိုျဖစ္၊မေကာင္းေျပာတဲ႔အထိ မျဖစ္ရင္ေတာ့အေကာင္းဆံုးပါေနာ္။သူမ်ားကုိ မနာလိုျဖစ္တာက ကုိယ့္စိတ္လည္းပင္ပန္းျပီး တစ္ျခားသူအျမင္မွာလည္း ကုိယ္က သေဘာထားေသးသိမ္တဲ႔သူ၊မေပါင္းသင့္တဲ႔သူျဖစ္သြားေစပါတယ္။သူမ်ားကုိ အားက်မနာလိုျဖစ္ျပီး လုိက္မျပိဳင္ပါနဲ႔။ကုိယ့္ကုိယ့္ကုိယ္သာ ယွဥ္ျပိဳင္ပါ

*စိတ္ဖိစီးမႈေတြကုိ အ၀င္မခံပါနဲ႔ေတာ့
စိတ္ဖိစီးမႈေတြကုိ ၂၀၁၉ ထိ အပါမခံပါနဲ႔။စိတ္ဖိစီးမႈဟာ ေကာင္းက်ိဳးထက္ ဆုိးက်ဳိးကုိသာပုိျဖစ္ေစတာပါ။ဒါေၾကာင့္ ဒီႏွစ္မကုန္ခင္ စိတ္ဖိစီးမႈေတြမ၀င္လာေအာင္၊သူတစ္ပါးရဲ ႔မေကာင္းတဲ႔ေ၀ဖန္မႈေတြကုိလ်စ္လ်ဴရႈႏုိင္ေအာင္ ေနၾကည့္ပါ။စိတ္ဖိစီးမႈဆုိတာ မရွိဘူးမဟုတ္ ရွိလာ၊ၾကံဳလာရဦးမွာပါပဲ၊ဒါေပမဲ႔ ကုိယ္က ထိန္းခ်ဳပ္ႏုိင္ေအာင္ၾကိဳးစားပါ။ညဘက္ဆုိပံုမွန္အိပ္ေပးတာ၊ေလ့က်င့္ခန္းပံုမွန္လုပ္တာ၊စာဖတ္တာ၊တရားထုိင္တာစတာေတြကလည္း စိတ္ဖိစီးမႈေတြမ၀င္လာေအာင္ထိန္းခ်ဳပ္ေပးပါတယ္။

*ဖက္ရွင္အေဟာင္းေတြထားပစ္ခဲ႔ပါ
ဖက္ရွင္ဆုိတာ အျမဲတမ္းအေျပာင္းအလဲရွိေနျပီး ဆန္းသစ္ေနတာပါ။ဒါေပမဲ႔ ေပၚသမ်ွေတာ့လိုက္၀ယ္ေနလုိ႔မရပါဘူး။ကုိယ့္ဆီမွာရွိေနတဲ႔အ၀တ္အစားပံုတံုးေတြကုိ ေရာင္းတန္ေရာင္း၊ေပးတန္ေပးျပီး ကုိယ္နဲ႔တကယ္အံ၀င္ခြင္က် သက္ေတာင့္သက္သာျဖစ္ေစမယ့္ အ၀တ္အစားမ်ိဳးကုိေရြးခ်ယ္
၀ယ္ယူပါ။တစ္ခါတစ္ေလ လွလုိ႔၀ယ္လုိက္ေပမဲ႔ ကုိယ္နဲ႔မလုိက္ဖက္တာ၊သက္ေတာင့္သက္သာမျဖစ္တာေတြရွိတတ္ပါတယ္။အဲ႔ဒီလုိမ်ိဳးက် ေငြကုန္တာပဲအဖတ္တင္မွာပါ။ဒါေၾကာင့္ ဖက္ရွင္ကိုလည္းအမွီလုိက္လုိ႔ ပံုတံုးတံုးေတြထားပစ္ခဲ႔ဖုိ႔လိုပါတယ္။အ၀တ္အစားလွလွေလးတစ္စံုက သင့္ကုိပုိုျပီး
ယံုၾကည္မႈတုိးလာေစမွာပါ။

*သာေပါင္းညာစားသူငယ္ခ်င္းေတြကုိ ဘ၀ထဲကထုတ္ပစ္ခဲ႔ပါ
ကုိယ့္ဘ၀ထဲမွာရွိေနမယ့္လူေတြဟာ နည္းပါေစ တန္ဖိုးရွိတဲ႔သူေတြခ်ည္းပဲျဖစ္ေနဖုိ႔လိုပါတယ္။အေပါင္းအသင္းသူငယ္ခ်င္းေတြမ်ားေတာ့မ်ားပါရဲ႔။တကယ္တမ္းက် ကုိယ့္အေပၚမေကာင္းတဲ႔သူေတြက ၁၀ေယာက္မွာ၈ေယာက္ေလာက္ျဖစ္ေနရင္…။တကယ္တမ္းကုိယ့္အေပၚ ဘယ္သူက စစ္မွန္တယ္ဆုိတာ ခြဲျခားတတ္မွာပါ။အားနာမေနပဲ ဘ၀ထဲက ထုတ္ပစ္ခဲ႔ပါ

*သူမ်ားကုိအျပစ္ပံုခ်တတ္တဲ႔ စိတ္
ကိစၥတစ္ခုခုကုိ အသင္းအဖြဲ႔နဲ႔လုပ္တယ္။ဒါေပမဲ႔ အမွားအယြင္းတစ္စံုတစ္ခုျဖစ္လာရင္ ဒါက အားလံုးရဲ႔ အမွားပါပဲ။ကုိယ္တစ္ေယာက္တည္းလြတ္ရင္ျပီးေရာတစ္ျခားသူအေပၚအျပစ္ပံုခ်တာမ်ိဳး မလုပ္သင့္ပါဘူး။အဖြဲ႔အစည္း၊အသင္းအဖြဲ႔နဲ႔လုပ္တဲ႔အခါ တာ၀န္ယူတတ္တဲ႔စိတ္ရွိတာက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႔စိတ္ပါပဲ။ဒါေၾကာင့္ ကုိယ္က ေၾကာက္လုိ႔ျဖစ္ေစ၊အျပစ္လြတ္ခ်င္လုိ႔ျဖစ္ေစ သူတစ္ပါးအေပၚအျပစ္ပံုခ်မိတဲ႔စိတ္မ်ိဳးရွိခဲ႔တယ္ဆုိရင္ ၂၀၁၉ ထိဒီစိတ္ကုိ မသယ္ေဆာင္သြားပါနဲ႔ေတာ့။ကုိယ့္ရဲ ႔တာ၀န္ယူတတ္တဲ႔စိတ္က ကုိယ့္တန္ဖုိးကုိျမင့္တက္ေစမွာပါ။

*အသစ္အဆန္းတစ္ခုကုိစရမွာေၾကာက္တဲ႔စိတ္
လူတုိင္းကေတာ့ ကုိယ္နဲ႔မရင္းႏွီးတဲ႔အလုပ္ကုိလုပ္ရမွာ၊ကုိယ္မသိတဲ႔ေနရာေဒသကုိပထဆံုးသြားရမွာ စိတ္လႈပ္ရွားတတ္၊ေၾကာက္တတ္ၾကတာပါပဲ။ဒါေပမဲ႔ အဲ႔ဒီေၾကာက္တဲ႔စိတ္ကုိ တတ္နုိင္သေလာက္ေလ်ွာ့ခ်ျပီး ဘ၀ရဲ႔အေတြ႔အၾကံဳသစ္ေတြကုိယူၾကည့္ပါ။ေၾကာက္စိတ္ကေန ရေအာင္
ရုန္းထြက္ၾကည့္ပါ။သင့္ကုိတကယ္ေပ်ာ္ရႊင္ေစတဲ႔အရာက ဘာလဲဆုိတာ ရွာေဖြၾကည့္ပါ။

Ref:Bustle

Unicode

Trend ပရိသတ်ကြီးရေ ဒီလက ဒီဇင်ဘာဆိုတော့ နှစ်သစ်ကိုရောက်လုနီးပါးဖြစ်နေပြီနော်။၂၀၁၉ ကိုမရောက်ခင် ဒီနှစ်ထဲမှာပဲ ချန်ထားခဲ့ချင်တဲ့အရာလေးတွေမရှိဘူးလား?? ဥပမာ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တစ်ခုခုပေါ့

အခု Trend ကိုအားပေးနေတဲ့စာဖတ်ပရိသတ်ကြီးအတွက် ဘဝထဲကနေ ဖယ်ကိုထုတ်ထားသင့်တဲ့ ၂၀၁၉ ထိသယ်ဆောင်မထားသင့်တော့တဲ့အရာလေးတွေကို ပြန်ပြီးပြောပြမျှဝေပေးချင်ပါတယ်။ဘာတွေလဲဆိုရင်

*ဆိုရှယ်မီဒီယာကို တအားဖက်တွယ်နေတဲ့စိတ်
ဆိုရှယ်မီဒီယာလောကကို တအားဖက်တွယ်မိနေတဲ့အခါ အပြင်လောကနဲ့အဆက်ပြတ်သွားတတ်ပါတယ်။အပြင်လောကက မိတ်ဆွေသူငယ်ချင်းတွေ၊မိသားစုတွေနဲ့ရင်းနှီးမှုကိုလျော့သွားစေပါတယ်။အဝေးရောက်နေတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ရှိတယ်ဆိုပေမဲ့ သေချာအသုံးမချတတ်ရင် ကိုယ့်ဘက်က ဆုံးရှုံးမှုတွေကပိုများပါတယ်။ဒီတော့ ဖုန်းမှဖုန်း၊ဖေ့ဘွတ်ခ်မှဖေ့ဘွတ်ခ်ဖြစ်နေတဲ့စိတ်လေးကို ဖြည်းဖြည်းချင်းလျှော့ချပြီးလက်တွေ့ဘဝကလူတွေကို ပိုပြီးအချိန်ပေးကြည့်ပါ။သင့်ရဲ ့၂၀၁၉ က ပိုပြီးအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

*တစ်ပါးသူကို မနာလိုတဲ့စိတ်
လူတိုင်းမှာ မနာလိုတဲ့စိတ်ကတော့ တစ်ခါတစ်လေဖြစ်တတ်ကြတာပါပဲ။ဒါပေမဲ့ သူများကို အလွန်အကျွံမနာလိုဖြစ်၊မကောင်းပြောတဲ့အထိ မဖြစ်ရင်တော့အကောင်းဆုံးပါနော်။သူများကို မနာလိုဖြစ်တာက ကိုယ့်စိတ်လည်းပင်ပန်းပြီး တစ်ခြားသူအမြင်မှာလည်း ကိုယ်က သဘောထားသေးသိမ်တဲ့သူ၊မပေါင်းသင့်တဲ့သူဖြစ်သွားစေပါတယ်။သူများကို အားကျမနာလိုဖြစ်ပြီး လိုက်မပြိုင်ပါနဲ့။ကိုယ့်ကိုယ့်ကိုယ်သာ ယှဉ်ပြိုင်ပါ

*စိတ်ဖိစီးမှုတွေကို အဝင်မခံပါနဲ့တော့
စိတ်ဖိစီးမှုတွေကို ၂၀၁၉ ထိ အပါမခံပါနဲ့။စိတ်ဖိစီးမှုဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုဖြစ်စေတာပါ။ဒါကြောင့် ဒီနှစ်မကုန်ခင် စိတ်ဖိစီးမှုတွေမဝင်လာအောင်၊သူတစ်ပါးရဲ ့မကောင်းတဲ့ဝေဖန်မှုတွေကိုလျစ်လျူရှုနိုင်အောင် နေကြည့်ပါ။စိတ်ဖိစီးမှုဆိုတာ မရှိဘူးမဟုတ် ရှိလာ၊ကြုံလာရဦးမှာပါပဲ၊ဒါပေမဲ့ ကိုယ်က ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ညဘက်ဆိုပုံမှန်အိပ်ပေးတာ၊လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊စာဖတ်တာ၊တရားထိုင်တာစတာတွေကလည်း စိတ်ဖိစီးမှုတွေမဝင်လာအောင်ထိန်းချုပ်ပေးပါတယ်။

*ဖက်ရှင်အဟောင်းတွေထားပစ်ခဲ့ပါ
ဖက်ရှင်ဆိုတာ အမြဲတမ်းအပြောင်းအလဲရှိနေပြီး ဆန်းသစ်နေတာပါ။ဒါပေမဲ့ ပေါ်သမျှတော့လိုက်ဝယ်နေလို့မရပါဘူး။ကိုယ့်ဆီမှာရှိနေတဲ့အဝတ်အစားပုံတုံးတွေကို ရောင်းတန်ရောင်း၊ပေးတန်ပေးပြီး ကိုယ်နဲ့တကယ်အံဝင်ခွင်ကျ သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားမျိုးကိုရွေးချယ်
ဝယ်ယူပါ။တစ်ခါတစ်လေ လှလို့ဝယ်လိုက်ပေမဲ့ ကိုယ်နဲ့မလိုက်ဖက်တာ၊သက်တောင့်သက်သာမဖြစ်တာတွေရှိတတ်ပါတယ်။အဲ့ဒီလိုမျိုးကျ ငွေကုန်တာပဲအဖတ်တင်မှာပါ။ဒါကြောင့် ဖက်ရှင်ကိုလည်းအမှီလိုက်လို့ ပုံတုံးတုံးတွေထားပစ်ခဲ့ဖို့လိုပါတယ်။အဝတ်အစားလှလှလေးတစ်စုံက သင့်ကိုပိုုပြီး
ယုံကြည်မှုတိုးလာစေမှာပါ။

*သာပေါင်းညာစားသူငယ်ချင်းတွေကို ဘဝထဲကထုတ်ပစ်ခဲ့ပါ
ကိုယ့်ဘဝထဲမှာရှိနေမယ့်လူတွေဟာ နည်းပါစေ တန်ဖိုးရှိတဲ့သူတွေချည်းပဲဖြစ်နေဖို့လိုပါတယ်။အပေါင်းအသင်းသူငယ်ချင်းတွေများတော့များပါရဲ့။တကယ်တမ်းကျ ကိုယ့်အပေါ်မကောင်းတဲ့သူတွေက ၁ဝယောက်မှာ၈ယောက်လောက်ဖြစ်နေရင်…။တကယ်တမ်းကိုယ့်အပေါ် ဘယ်သူက စစ်မှန်တယ်ဆိုတာ ခွဲခြားတတ်မှာပါ။အားနာမနေပဲ ဘဝထဲက ထုတ်ပစ်ခဲ့ပါ

*သူများကိုအပြစ်ပုံချတတ်တဲ့ စိတ်
ကိစ္စတစ်ခုခုကို အသင်းအဖွဲ့နဲ့လုပ်တယ်။ဒါပေမဲ့ အမှားအယွင်းတစ်စုံတစ်ခုဖြစ်လာရင် ဒါက အားလုံးရဲ့ အမှားပါပဲ။ကိုယ်တစ်ယောက်တည်းလွတ်ရင်ပြီးရောတစ်ခြားသူအပေါ်အပြစ်ပုံချတာမျိုး မလုပ်သင့်ပါဘူး။အဖွဲ့အစည်း၊အသင်းအဖွဲ့နဲ့လုပ်တဲ့အခါ တာဝန်ယူတတ်တဲ့စိတ်ရှိတာက ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့စိတ်ပါပဲ။ဒါကြောင့် ကိုယ်က ကြောက်လို့ဖြစ်စေ၊အပြစ်လွတ်ချင်လို့ဖြစ်စေ သူတစ်ပါးအပေါ်အပြစ်ပုံချမိတဲ့စိတ်မျိုးရှိခဲ့တယ်ဆိုရင် ၂၀၁၉ ထိဒီစိတ်ကို မသယ်ဆောင်သွားပါနဲ့တော့။ကိုယ့်ရဲ ့တာဝန်ယူတတ်တဲ့စိတ်က ကိုယ့်တန်ဖိုးကိုမြင့်တက်စေမှာပါ။

*အသစ်အဆန်းတစ်ခုကိုစရမှာကြောက်တဲ့စိတ်
လူတိုင်းကတော့ ကိုယ်နဲ့မရင်းနှီးတဲ့အလုပ်ကိုလုပ်ရမှာ၊ကိုယ်မသိတဲ့နေရာဒေသကိုပထဆုံးသွားရမှာ စိတ်လှုပ်ရှားတတ်၊ကြောက်တတ်ကြတာပါပဲ။ဒါပေမဲ့ အဲ့ဒီကြောက်တဲ့စိတ်ကို တတ်နိုင်သလောက်လျှော့ချပြီး ဘဝရဲ့အတွေ့အကြုံသစ်တွေကိုယူကြည့်ပါ။ကြောက်စိတ်ကနေ ရအောင်
ရုန်းထွက်ကြည့်ပါ။သင့်ကိုတကယ်ပျော်ရွှင်စေတဲ့အရာက ဘာလဲဆိုတာ ရှာဖွေကြည့်ပါ။

Ref:Bustle

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.