MAMA ပြဲမွာ ပရိသတ္အခ်စ္ေတာ္ျဖစ္ခဲ႔တဲ႔ Park Bo Gum

Park Bo Gum ကုိေတာ့ ပရိသတ္ေတြက ဘယ္လိုခ်စ္မွန္းမသိခ်စ္ေနၾကပါျပီ။

ဒီႏွစ္ 2018 MAMA ပြဲမွာ MC အျဖစ္ Park Bo Gum က ေဆာင္ရြက္ေပးရပါတယ္။ဒီဇင္ဘာ ၁၂ရက္ေန႔က ဂ်ပန္ႏုိင္ငံ Saitama Super Arena မွာက်င္းပခဲ႔တာျဖစ္ျပီး အဲ႔ဒီပြဲအျပီးမွာ ပရိသတ္ေတြက သူ႔ကုိ Best MC အျဖစ္ ခ်ီးက်ဴးခဲ႔ၾကပါတယ္တဲ႔။

Park Bo Gum ဟာ ကုိရီးယားစကားအျပင္ အဂၤလိပ္စကား၊ဂ်ပန္စကား ဘာသာစကားသံုးမ်ိဳးနဲ႔ အခမ္းအနားပြဲကုိ တင္ဆက္ေပးခဲ႔တယ္လုိ႔သိရပါတယ္။Park Bo Gum ဟာ MAMA ပြဲအတြက္ အစီအစဥ္တင္ဆက္သူအျဖစ္ ၂ႏွစ္ဆက္တုိက္ဖိတ္ၾကားခံရသူျဖစ္ျပီး အဲဒါနဲ႔ပတ္သက္လုိ႔ Bo Gum က “ကြ်န္ေတာ့္ကုိ ၂ႏွစ္ဆက္တုိက္ MC အျဖစ္ေရြးခ်ယ္တာ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။အခုလုိ ဂ်ပန္မွာ နာမည္ေက်ာ္အႏုပညာရွင္ေတြရဲ ႔ေဖ်ာ္ေျဖမႈကုိျမင္ရတဲ့အတြက္ေရာ ပရိသတ္ေတြနဲ႔ေတြ႔ရတဲ႔အတြက္ပါ ကြ်န္ေတာ္အရမ္းေပ်ာ္ပါတယ္”လုိ႔သူ႔ရဲ႔ခံစားခ်က္ကုိေျပာျပခဲ႔ပါတယ္။

သူ႔ရဲ႔စီစဥ္တင္ဆက္မႈက ဘယ္ေလာက္ေကာင္းလဲဆုိရင္ပရိသတ္ေတြက ေနာက္ႏွစ္မွာလည္းသူ႔ကုိ MC အျဖစ္ထပ္ျမင္ခ်င္တဲ႔အေၾကာင္းေျပာခဲ့ပါတယ္။Park Bo Gum ကလည္း “စကားလံုးေတြက အင္အားၾကီးပါတယ္။ေနာက္ႏွစ္ဆံုျဖစ္ဖုိ႔လည္း ကြ်န္ေတာ္ေမ်ွာ္လင့္ပါတယ္”ဆုိျပီး ျပန္ေျဖခဲ႔ပါတယ္။Park Bo Gum က သူ႔ရဲ႔ဇာတ္ညႊန္းအတုိင္း ဘာအမွားအယြင္းမရွိပဲ ပြဲတစ္ခုလံုးျပီးတဲ႔အထိ ပရိသတ္ေတြစိတ္ကုိ ဆြဲေဆာင္ထားႏုိင္ခဲ႔တာပဲျဖစ္ပါတယ္။ဒါေၾကာင့္တစ္ခ်ိဳ႔ပရိသတ္ေတြက သူ႔ကုိ Best MC award ေပးဖုိ႔ ေျပာေနျပီး ခ်ီးက်ဴးစကားေတြမ်ားစြာေျပာခဲ့ၾကတာပါ။

ကဲ Park Bo Gum ကေတာ့ သရုပ္ေဆာင္စြမ္းရည္နဲ႔တင္မက အစီအစဥ္တင္ဆက္သူအေနနဲ႔ပါ ပရိသတ္ေတြအသည္းကိုဖမ္းစားေနတာပဲျဖစ္ပါတယ္။အခုလတ္တေလာမွာ သူနဲ႔ မင္းသမီးေခ်ာ Song Hye Kyo တုိ႔ရဲ႔ဇာတ္လမ္းတြဲသစ္ေလးထြက္ရွိထားလို႔ အားေပးဖုိ႔လည္း မေမ့နဲ႔ဦးေနာ္

Source:Koreaboo

Unicode

Park Bo Gum ကိုတော့ ပရိသတ်တွေက ဘယ်လိုချစ်မှန်းမသိချစ်နေကြပါပြီ။

ဒီနှစ် 2018 MAMA ပွဲမှာ MC အဖြစ် Park Bo Gum က ဆောင်ရွက်ပေးရပါတယ်။ဒီဇင်ဘာ ၁၂ရက်နေ့က ဂျပန်နိုင်ငံ Saitama Super Arena မှာကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာ ပရိသတ်တွေက သူ့ကို Best MC အဖြစ် ချီးကျူးခဲ့ကြပါတယ်တဲ့။

Park Bo Gum ဟာ ကိုရီးယားစကားအပြင် အင်္ဂလိပ်စကား၊ဂျပန်စကား ဘာသာစကားသုံးမျိုးနဲ့ အခမ်းအနားပွဲကို တင်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။Park Bo Gum ဟာ MAMA ပွဲအတွက် အစီအစဉ်တင်ဆက်သူအဖြစ် ၂နှစ်ဆက်တိုက်ဖိတ်ကြားခံရသူဖြစ်ပြီး အဲဒါနဲ့ပတ်သက်လို့ Bo Gum က “ကျွန်တော့်ကို ၂နှစ်ဆက်တိုက် MC အဖြစ်ရွေးချယ်တာ ကျေးဇူးအများကြီးတင်ပါတယ်။အခုလို ဂျပန်မှာ နာမည်ကျော်အနုပညာရှင်တွေရဲ ့ဖျော်ဖြေမှုကိုမြင်ရတဲ့အတွက်ရော ပရိသတ်တွေနဲ့တွေ့ရတဲ့အတွက်ပါ ကျွန်တော်အရမ်းပျော်ပါတယ်”လို့သူ့ရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။

သူ့ရဲ့စီစဉ်တင်ဆက်မှုက ဘယ်လောက်ကောင်းလဲဆိုရင်ပရိသတ်တွေက နောက်နှစ်မှာလည်းသူ့ကို MC အဖြစ်ထပ်မြင်ချင်တဲ့အကြောင်းပြောခဲ့ပါတယ်။Park Bo Gum ကလည်း “စကားလုံးတွေက အင်အားကြီးပါတယ်။နောက်နှစ်ဆုံဖြစ်ဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ်”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။Park Bo Gum က သူ့ရဲ့ဇာတ်ညွှန်းအတိုင်း ဘာအမှားအယွင်းမရှိပဲ ပွဲတစ်ခုလုံးပြီးတဲ့အထိ ပရိသတ်တွေစိတ်ကို ဆွဲဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်တစ်ချို့ပရိသတ်တွေက သူ့ကို Best MC award ပေးဖို့ ပြောနေပြီး ချီးကျူးစကားတွေများစွာပြောခဲ့ကြတာပါ။

ကဲ Park Bo Gum ကတော့ သရုပ်ဆောင်စွမ်းရည်နဲ့တင်မက အစီအစဉ်တင်ဆက်သူအနေနဲ့ပါ ပရိသတ်တွေအသည်းကိုဖမ်းစားနေတာပဲဖြစ်ပါတယ်။အခုလတ်တလောမှာ သူနဲ့ မင်းသမီးချော Song Hye Kyo တို့ရဲ့ဇာတ်လမ်းတွဲသစ်လေးထွက်ရှိထားလို့ အားပေးဖို့လည်း မမေ့နဲ့ဦးနော်

Source:Koreaboo

408 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.