ဝက်စ်ဟမ်းကို အနိုင်ယူပြီး မေးခွန်းများကို ဖြေကြားလိုက်နိုင်ပြီဆိုတဲ့ အာစင်ဝင်းဂါး

article-2529642-1a4bf49800000578-561_634x423.jpeg

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၆)ရက်နေ့  Boxing Day ပွဲစဉ်များကို ကစားသွားခဲ့ရာမှာ အာဆင်နယ်အသင်းဟာ လန်ဒန် မြို့ခံပြိုင်ဘက်အသင်း ၀က်စ်ဟမ်းကို နောက်ကလိုက်ကစားကာ (၁-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးနေရာကို ဒုတိယနေရာတက်လာတဲ့မန်စီးတီးထက် တစ်မှတ်အသာနဲ့ ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ဒီ ပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအတွက် ကာလ်တန်ကိုးလ်က အဖွင့်ဂိုးအရင်သွင်းခဲ့ပြီးမှ အာဆင်နယ်အတွက် သီယို ၀ဲလ်ကော့တ်က(၂)ဂိုး၊ ပိုလ်ဒေါစကီးကတစ်ဂိုးပြန်လည်သွင်းနိုင်ခဲ့တာကြောင့် (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါ တယ်။ “ ခက်ခဲတဲ့မေးခွန်းတွေကို ကျွန်တော်တို့အသင်း ပြန်လည်တုန့်ပြန်နိုင်ခဲ့ပါပြီ။ ဒီပွဲကိုသာ မနိုင်ခဲ့ဘူးဆိုရင် မေးခွန်းတွေအများကြီးဖြေနေရဦးမယ်။ ဒီနေ့ပွဲက ခြေစွမ်းဟာ ချန်ပီယံလောင်းအသင်းဖြစ်ဖို့ ထိုက်တန်လားဆို ရင်တော့ ဟုတ်ပါတယ်လို့ ဖြေချင်ပါတယ်။ အာရုံစူးစိုက်နိုင်မှုက ထိပ်တန်းအဆင့်မျိုးပါ။ ပွဲစဉ်ဇယားကြောင့်ပဲ ခက်ခဲတဲ့အနေအထားတွေဖြစ်ပေါ်လာခဲ့ရတာပါ။  လေးပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက်မှာ ပြန်လည်နိုင်ပွဲ ရဖို့အတွက် ယုံကြည်ချက်တွေအပြည့်နဲ့ ကစားခဲ့ကြတာပါ”လို့ ၀င်းဂါးက ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးတဲ့နောက် မန်စီးတီးကို (၆-၃)ဂိုးနဲ့ ရှုံးခဲ့ကာ  ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နာပိုလီ ကို နှစ်ဂိုးပြတ်အရေးနိမ့်သွားခဲ့ရပါတယ်။ ဒီပွဲအပြီး ချဲလ်ဆီးနဲ့ဂိုးမရှိသရေကျခဲ့တဲ့အတွက် လေးပွဲဆက်နိုင်ပွဲနိုင်ပွဲပျောက်နေခဲ့တာကြောင့် ချန်ပီယံခြေစွမ်းမရှိဘူး လို့ ဝေဖန်ခံနေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အာစင်ဝင်းဂါးက နိုင်ပွဲရခဲ့ပြီးတဲ့နောက်  မေးခွန်းတွေကိုဖြေနိုင်ခဲ့ ပြီလို့ ၀င့်ကြွားခဲ့တာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.