မိန်းကလေးဆိုတာ ကိုယ်ချစ်ရသူရဲ့ဘ၀အတွက်အဓိပ္ပါယ်ရှိတဲ့အရာတွေမှာပထမဖြစ်ချင်တတ်ကြတာပါ…
Unicode
ကိုယ့်ချစ်သူအပေါ်သိပ်ချစ်တတ်တဲ့မိန်းကလေးတွေက အတ္တအနည်းငယ်ကြီးတတ်ကြတာတော့သဘာဝပါပဲဲ။  သူတို့ဆီမှာရှိတဲ့ အတ္တ ဆိုတာကလည်းကိုယ့်ချစ်သူကို ချစ်တဲ့စိတ်ရယူပိုင်ဆိုင်လိုချင်တဲ့ စိတ်တွေကြောင့် ဖြစ်လာတဲ့ချစ်စရာ အတ္တတွေပါ။
သိပ်ချစ်တတ်တဲ့ ချစ်သူမိန်းကလေးတွေက ကိုယ်ချစ်ရသူရဲ့ အချစ်ဆုံးမိန်းကလေးဖြစ်ချင်တတ်ကြပါတယ်။ သူ့ကောင်လေးရဲ့အရာရာ၊ သူ့ကောင်လေးရဲ့ဘယ်သူကိုမှမပေးရသေးတဲ့ အရာတွေကိုလိချင်တတ်ကြသူတွေပါ။ ချစ်သူကောင်လေးကအရင်က ရည်းစားရှိခဲ့တယ်အချစ်ဦးရှိခဲ့တယ်ဆိုရင်တော့ ကဲ…J ဝင်လို့မဆုံးတော့ဘူးသာမှတ် …ပြီးခဲ့တာတွေကိုချီးခြောက်ရေနူးပြီး ရှင်နဲ့သူ့ကိုဘယ်လောက်ချစ်ခဲ့တာနဲ့လက်ရှိကျွန်မနဲ့ဘယ်သူ့ကိုပိုချစ်လဲ…တစ်ခုခုလုပ်ပေးလိုက်ရင်လည်း အရင်ကကောသူ့ကို ဒီလိုပြောခဲ့ဘူးလုပ်ပေးခဲ့ဘူးလား မလုပ်ပေးဘူးတဲ့အရာဆိုရင် အမလေး..သူကဦးဆုံးပါဆိုပြီး ဂုဏ်ယူပြီးပျော်နေတတ်ကြတာပါ။
ဒီလိုအရာတွေကို သင့်ရဲ့အတိတ်ကို အပြစ်တင် နောက်ကြောင်းပြန်ပြီးစိတ်ရှုပ်အောင်လုပ်တာမဟုတ်ပါဘူး။ သင့်ဘဝရဲ့တန်ဖိုးရှိတဲ့နေ့တွေ တန်ဖိုးရှိတဲ့အရာတွေကိုသူသာပထမဦးဆုံးပိုင်ဆိုင်ချင်တတ်ကြတာပါ။ ဒီလိုစိုးရိမ်ပူပန်နေတတ်တဲ့ချစ်သူကောင်မလေးကို သင့်ရဲ့အချစ်တွေပုုံအောပေးပြီးဘယ်ကောင်မလေးကိုမှမပေးဖူးတဲ့အချစ် မပေးဖူးတဲ့တန်ဖိုးထားမှုမျိုးပေးပြီး သက်ဆုံးတိုင်ချစ်မြတ်နိုးဖို့အကြံပေးပါရစေ…
ဒီကောင်မလေးသင့်အပေါ်သိပ်ချစ်တယ်ဆိုတာ သင်မမေ့ပါနဲ့
125 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.