ကြည့်လိုက်ရင် မာကြောသလိုနဲ့ တကယ်တမ်းကျ ပိုပင်ပန်းနေရတာဟာ …

တစ်ခါတစ်လေ အချို့ အမျိုးသမီးတွေကြည့်လိုက်ရင် သိပ်မာကြောပါတယ်။ ယောက်ျားမျာနဲ့ ဥာဏ်ရည်တန်းတူအလုပ်လုပ်နိုင်ပါတယ်။ ဘယ်သူတွေ တိုက်ခိုက်ပါစေ.. ဘယ်တော့မှ လက်မြှောက်အရှုံးမပေးဘူးဆိုတဲ့ မိန်းမတွေမှာ မကြာခဏ စိတ်ပင်ပန်းမှုဒဏ်ကို ခံရပါတယ်။

Related image

လေ့လာမှုများအရ အင်အားအရှိဆုံး ၊ အကြံခိုင်ဆုံး၊ အံ့သြစရာအကောင်းဆုံးဆိုတဲ့ အမျိုးသမီးတွေမှာ သူများထက်ပိုပြီး စိတ်ခံစားမှုတွေပြင်းထန်ပြီး ပင်ပန်းနေတတ်ပါတယ်။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိပြီးသားပါ။ တစ်ခုခုဆို အကူညီလိုအပ်နေရဲ့သားနဲ့ ငါတစ်ယောက်တည်းလုပ်နိုင်တယ်ဆိုပြီး တင်းခံနေတာမျိုးပေါ့။ ဒါတွေက ပိုပင်ပန်းရပါတယ်။

ဘယ်သူမှ မတိုင်ပင် ၊ထုတ်မပြောမိတဲ့အခါ တစ်ယောက်တည်း ဒီပြဿနာတွေနဲ့ ခေါင်းပိနေရပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုလူတစ်ယောက်ဆိုရင် တစ်ယောက်တည်း တင်းမခံပါနဲ့။ အကူညီယူပါ။ သင့်ကို လက်ကမ်းကြိုဆိုနေမယ့်သူတွေ အများကြီးပါ။ အချိန်မရွေး ကူညီပေးမယ့်သူတွေရှိပါတယ်။

Related image

အဓိက သူမဟာ အပေးသာ အားသန်ပါတယ်။ သူများဆီက ယူရမှာမျိုး သိပ်အားနာပါတယ်။ အခွင့်ရေးယူမယ့်သူမျိုးတွေဆို ကောင်းကောင်းသိပါတယ်။ ဘေးနားမှာ ဒီလိုလူမျိုးတွေကိုကြာကြာမထားတတ်ပါဘူး။ မိတ်ပျက်မှာတွေလည်း ဂရုမစိုက်တတ်ပါဘူး။ ဒီလိုတွေအတွက် ပေးရတဲ့အချိန်ကို နှမြောလို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် မိန်းမသားတစ်ယောက်အနေနဲ့ နုနယ်ပါတယ်။ ခိုလှုံရမယ့် ရင်ခွင်တစ်ခု ၊ အားပေးမယ့် လက်တစ်စုံ လိုအပ်ပါတယ်။ သန်မာချင်ယောင်ဆောင်ရတာ ပင်ပန်းပါတယ်။ လူသားပဲ.. တစ်ခါတစ်လေဖွင့်ထုတ် ဝန်ခံလိုက်ပါ။ အားလုံး အဆင်ပြေသွားမှာပါ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.