ကိုယ်အကြိုက်ဆုံးအရောင်တစ်ခုကကိုယ့်ရဲ့စိတ်နေစိတ်ထားတစ်ချို့ကိုပြောပြနေ…
(၁) အနီရောင်
(၂) အဖြူရောင်
(၃) အနက်ရောင်
(၄) အ၀ါရောင်
(၅) အစိမ်းရောင်
(၆) ခဲရောင်
(၇) ပန်းရောင်
(၈) အပြာရောင်
အပြာရောင်ကြိုက်တတ်တဲ့ သူတွေဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းမှုကို လိုလားတတ်သူတွေပါ။ တရားမျှတမှုကို လိုလားပြီး မျှမျှတတဖြတ်သန်းနေထိုင်တတ်သူပါ။ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ဖြေရှင်းတတ်ပြီးလူကြီးဆန်တဲ့အတွေးရှိတတ်ကြပါတယ်။
Unicode
တကယ်တော့ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို သဘောကျနှစ်ခြိုက်တယ်ဆိုတာ သူ့ရဲ့စိတ်အခြေနေကိုချပြလိုက်တာနဲ့အတူတူပါပဲ။ သူ့ရဲ့စိတ်ပင်ကို အပေါ်မူတည်ပြီးမှ ကြိုက်တဲ့အရာတွေဖြစ်လာတတ်ကြတာပါ။ ဒါကြောင့် ကိုယ်တစ်ခုခုကို ကြိုက်တယ်ပြောမိပြီဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထားတစ်ခိုျ့ကို သူတစ်ပါးကို ချပြတာနဲ့တော့တူတူပါပဲ။ ဒီတစ်ခါမှာတော့ လူတွေအများဆုံးကြိုက်လေ့ရှိတဲ့အရောင်တွေအကြောင်းနဲ့ ဒီအရောင်တွေကို သဘောကျမိတဲ့လူတစ်ချို့ရဲ့စိတ်နေစိတ်ထားကိုခံမှန်းကြည့်လိုက်ရအောင်…
(၁) အနီရောင်
အနီရောင် ကြိုက်တဲ့သူတော်တော်များများဟာ လူစည်တဲ့ပွဲတွေ ကိုသွားရတာကြိုက်တတ်ကြပါတယ်။ စည်စည်ကားကားနဲ့လင်းလင်းထိန်ထိန်နေရတာကိုသဘောကျတတ်ကြပြီး ဘယ်အရာမဆို ရဲရင့်စွာဆုံးဖြတ်ရင်ဆိုင်လိုစိတ်ရှိသူပါ။ စိတ်အနည်းငယ်ကြီးတတ်ပင်မဲ့သဘောထားလည်းပြည့်ဝကြပါတယ်။ တုံ့ဆိုင်းတယ်ဆိုတာမျိုးတော့သူတို့ဘဝမှာမရှိသလောက်နည်းပါတယ်။ ခြေသွက်လက်သွက်ရှိပြီး ပြောပြီးလုပ်ပြီးမှသာစိတ်မကောင်းတတ်တာမျိုးပါ။
(၂) အဖြူရောင်
အဖြူရောင်ကြိုက်သူတွေက အဖြူဆိုတဲ့အတိုင်း စိတ်ထားကတော့ အေးချမ်းကြတဲ့သူတွေများပါတယ်။ အေးချမ်းတယ်ဆိုပင်မဲ့စိတ်နာစရာရှိလာရင်တော့ချက်ချင်းတွေဆိုသလို လျစ်လျူရှုလိုက်ကြတာပါပဲ။ ဘဝကို Romantic ဆန်ဆန်လေးဖြတ်သန်းချင်တတ်ကြပြီး စိတ်ကူးယဉ်ရတာကို ပျော်တတ်ကြသူတွေပါ။ သန့်သန့်လေးနေတတ်ပြီး ရှုပ်ရှုပ်ယှက်ယှက်တွေသဘောမကျတတ်ကြပါဘူး။
(၃) အနက်ရောင်
အနက်ရောင် ကြိုက်တဲ့သူတွေဟာ သိပ်ကို လျို့ဝှက်တဲ့စိတ်ခံစားချက်တွေရှိတတ်ကြပါတယ်။ သိုသိုသိပ်သိပ်နဲ့နေတတ်ကြပြီး စိတ်ခံစားမှုအစစ်အမှန်ကို လွယ်လွယ်နဲ့ချမပြတတ်ကြသူတွေပါ။ တစ်စုံတစ်ခုဆိုတစ်ယောက်တည်းကြိတ်ခံတတ်ပြီး ခပ်အေးအေးနေပြတတ်သူတွေပါ။ အနက်ရောင်ကြိုက်သူတွေဟာတည်ငြိမ်တတ်ကြပြီး  လေးနက်တဲ့အတွေးခေါ်တွေလည်းရှိတတ်ကြပါတယ်။
(၄) အဝါရောင်
အဝါရောင်ကြိုက်သူတွေရဲ့စိတ်က ရွှင်လန်းပြီး အမြဲအနုပညာသွေးပါတဲ့သူတွေများပါတယ်။ သူတို့စိတ်ထဲမှာ တစ်ခုခုဆို ခွင့်လွှတ်ခြငး်နဲ့ရောချလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်လေးပဲနာကျင်မှုတွေကိုအဆုံးသတ်တတ်ကြပါတယ်။ ကိုယ့် Role လေးနဲ့ကိုယ်သန့်သန့်လေးနေတတ်ကြသူတွေဆိုလည်းမမှားပါဘူး။ ဘာအလုပ်လုပ် ဘယ်နေရာရောက်ရောက်လည်းလူအများကချစ်တတ်ကြပါတယ်။
(၅) အစိမ်းရောင်
အစိမ်းရောင်ကြိုက်တတ်တဲ့သူတော်တော်များများကတော့ ဘဝကို နက်ရှိုင်းစွာဖြတ်သန်းချင်တတ်ကြတဲ့သူတွေပါ။ တစ်ခုခုဆိုအလေးနက်တွေးပြီး စိုးရိမ်မှုလည်းအနည်းငယ်ကြီးတတ်ကြပါတယ်။ အဆင့်တန်းမြင့်မြင့်လေးနဲ့အထက်တန်းကျကျဖြစ်နေတဲ့ဘဝကိုဖြတ်သန်းချင်တတ်ကြသူတွေပါ။
(၆) ခဲရောင်
ဘဝရဲ့အနိမ့်အမြင့်လောကဓံကို တော်တော်ခံစားနေရသူ(သို့) ခံစားခဲ့ရသူတွေပါ။ဘယ်လိုအခြေနေမျိုးရောက်ရောက် ဘဝကိုအရှုံးမပေးတတ်ကြတဲ့သူတွေဖြစ်ပြီး လူတန်းစားမခွဲခြားတတ်သူတွေပါ။ အပေါင်းသင်းတွေရဲ့ချစ်ခင်ခြင်းကို ခံရသလောက်ကိုယ်တိုင်ကတော့ လူတောထဲတိုးရတာကို ငြီးငွေ့မနှစ်ခြိုက်သူတွေဖြစ်နေတာပါပဲ။ အေးအေးဆေးဆေးနဲ့ နားအေးပါးအေးဘဝကိုဖြတ်သန်းချင်တဲ့လူစားမျိုးထဲပါပါတယ်။
(၇) ပန်းရောင်
ပန်းရောင်ကြိုက်တဲ့သူတွေကတော့ အလှအပနှစ်ခြိုက်သူတွေပါ။ စိတ်ကူးယဉ်ဆန်ပြီး အမြဲလိုလိုနှစ်လိုဖွယ်ကောင်းတဲ့ကိစ္စတွေကိုပဲမျှော်လင့်တတ်ကြပါတယ်။ ထင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာလည်းတစ်ခြားသူတွေထက်ပိုပြီးဝမ်းနည်းကြေကွဲအားငယ်တတ်ကြပါတယ်။ စိတ်ထားနူးညံ့သလိုစိတ်ဓာတ်ပိုင်းဆိုင်ရာပျော့ညံ့တဲ့သူလေးတွေဆိုလည်းမမှားပါဘူး။
ဒီအရောင်တွေကတော့လူအကြိုက်ခံရဆုံးအရောင်တွေမလို့ ဒီအရောင်ကြိုက်တဲ့သူတွေရဲ့စိတ်နေစိ်တ်ထားတစ်ချို့ကိုပဲပြောပြခန့်မှန်းကြည့်ခဲ့တာပါ။ ကဲ…Trend ပရိတ်သတ်ကြီးတွေကော ဘယ်အရောက်ကြိုက်ကြတုန်းဟေ…
251 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.