စောင့်မျှော်နေတဲ့ Chilling Adventures of Sabrina part 2 မကြာမီ ထွက်လာတော့မည်..

Netflix က အမိုက်စား စီးရီးတစ်ခုဖြစ်တဲ့ Chilling Adventures of Sabrina ဟာ အောက်တိုဘာ ၂၆ရက်နေ့ကထွက်ရှိခဲ့တာဖြစ်ပြီး အခုဆို season 1 ပြီးသွားပါပြီ။ လာမယ့် ဧပြီလ ၅ရက်နေ့ဆို part 2 ထွက်ရှိတော့မှာဖြစ်ပါတယ်။

Archie ရဲ့comic book ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Warner Bros. Televison မှာထုတ်လုပ်ပါတယ်။

Related image

ပထမ season မှာဆိုတော့ Sabrina ဆိုတဲ့ မိန်းကလေး ၁၆နှစ်ပြည့်ကာနီးမှာ ထူးထူးဆန်းဆန်းတွေစဖြစ်ပါတယ်။ သူမမှာ စုန်းသွေးတစ်ဝက် ၊ လူသွေးတစ်ဝက်ရောနှောနေတာပေါ့။ မှော်ဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတွေအတွက် သဘောကျစေမယ့် ဇာတ်ကားပါ။ သူမမှာ စုန်းတစ်ယောက်လိုနေရမလား ၊ လူတစ်ယောက်လိုပဲနေလိုက်ရမလားဆိုပြီး တွေဝေနေခဲ့ပါတယ်။ စုန်းသွေးတစ်ဝက်ပါနေတဲ့ သူမကို ကျောင်းက သူငယ်ချင်းတွေနဲ့ပတ်ဝန်းကျင်မှ သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ…

Image result for chilling adventures of sabrina part 2

အခု part 2 မှာရော ဘာတွေဆက်ဖြစ်မှာလဲ.. ထွက်ရှိလာတဲ့ trailer ဗီဒီယိုလေးကတော့ သိပ်ကိုမိုက်ပါတယ်နော်..ကြည့် ကြည့်လိုက်ပါဦး…

36 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.