ဒိုင်ကိုဝေဖန်ခဲ့တာကြောင့် ပွဲပယ်၊ ငွေဒဏ်များကျခံရဖို့ရှိနေတဲ့ ဘရန်ဒန်ရော်ဂျာ

article-2529620-1a4c48c000000578-771_634x402.jpeg

မန်စီးတီးကို အဝေးကွင်းမှာ (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်လီမေဆင်ရဲ့ ဆုံးဖြတ်ချက် များကို မကျေမနပ်ဖြစ်နေခဲ့တဲ့ လီဗာပူးလ်နည်းပြဘရန်ဒန်ရော်ဂျာက ပြင်းပြင်းထန်ထန်စကားလုံးများနဲ့ ဝေဖန် ခဲ့တာကြောင့် အက်ဖ်အေရဲ့ အရေးယူမှုကိုခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဘရန်ဒန်ရော်ဂျာအဓိက မကျေနပ်ခဲ့တဲ့ဆုံးဖြတ်ချက်များကတော့ စတားလင်းဂိုးသမားနဲ့ တစ်ဦးချင်းတွေ့မယ့်အခွင့်အရေးကို စည်းကြပ် ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ရုပ်သံပြကွက်များအတွင်း ပြန်လည်ကြည့်ရှုခဲ့ရာ မှာလည်း စတားလင်းလူကျွံခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲပြီးကာနီး လူးဝစ်ဆွာရက်ဇ်ကို ဧရိယာအတွင်းဆွဲလှဲချခံခဲ့ရမှု မှာလည်း ပင်နယ်လ်တီမပေးခဲ့တာကိုလည်း ဘရန်ဒန်ရော်ဂျာမကျေနပ်တာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပွဲအတွင်းဒိုင်ရဲ့စွမ်းဆောင်မှုအပေါ် ဘယ်လိုမြင်မိပါသလဲဆိုတဲ့အမေးကို “ဘယ်နေရာကနေစပြီးပြောစေချင်လဲ။ ကျွန်တော်တို့လိုချင်ခဲ့တဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ မရခဲ့ပါဘူး။လူကျွံဘောပေးခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကတော့ ဆိုးလွန်းပါတယ်။ စတားလင်းကိုလူ ကျွံတယ်ပြောရအောင် မန်စီးတီးနောက်ခံလူနဲ့က မတူညီတဲ့မြက်လိုင်းမှာရှိနေခဲ့တာလေ။ ဒီလိုအဆင့်မျိုးမှာ အလုပ်လုပ်နေရင် ဒီလောက်လွယ်ကူးတဲ့အရာကိုတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်သင့်တယ်ဗျာ။ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့နိုင်မယ့် အခွင့်အရေးပါ။ လူးဝစ်ဆိုရင်လည်း ပင်နယ်လ်တီရသင့်တဲ့ပြစ်ဒဏ်ကျူးလွန် ခံခဲ့ရပေမယ့်မရခဲ့ပါဘူး။ ဒါကြောင့် နောက်ဆိုရင် မန်စီးတီး-လီဗာပူးလ်ပွဲတိုင်း မန်ချက်စတာသားဒိုင်တစ်ဦး ကိုတာဝန်မပေးဖို့ မျှော်လင့်မိပါတယ်”လို့ ဘရန်ဒန်ရော်ဂျာက ပြောခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.