မိန်းကလေးတစ်ယောက်ဘာကိုမှ နားမလည်နိုင်တော့တဲ့အချိန်ကျမှရှင်းပြဖို့မကြိုးစားပါနဲ့




Unicode

မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သတ်ရင် သိပ်ကို အစွဲလမ်းကြီးတတ်ကြသူတွေပါ။ အထူးသဖြင့်သိပ်ချစ်တတ်ကြတဲ့မိန်းကလေးတွေပေါ့။ သူတို့ရဲ့ချစ်သူအမျိုးသားပေါ် သိပ်ချစ်သလောက်သိပ်လည်းနက်နက်နဲနဲ သဘောထားတတ်ကြတယ်။ ဒါကြောင့် သူတို့အပေါ်ကောင်းပေးရင်နှစ်ဆပြန်ကောင်းပေးတတ်သလို သူတို့နာကြည်းသွားပြီဆိုရင်လည်း ပြင်းပြင်းထန်ထန်နာကျင်သွားတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ကိုယ့်အပေါ်ကောင်းနေတဲ့အချိန်မှာ သိပ်တန်ဖိုးထားသင့်တယ်ဆိုတာကိုမမေ့ပါနဲ့။ ကိုယ့်အပေါ်လိုက်ဂရုစိုက်နေတယ် ကိုယ့်အပေါ်ပြည့်စုံစေချင်နေတယ်ဆိုတာ မင်းကသူ့အတွက်အရေးပါနေလို့ပါ။ အေး…ဒီလိုမှမဟုတ်ပဲ မင်းအပေါ်စိတ်နာသွားတဲ့တစ်နေ့ မင်းရဲ့ ဘာဆို ဘာကိုမှနားလည်ပေးလို့မရ ချစ်လို့မရတော့တဲ့တစ်နေ့မှာ  မင်းသူနားလည်သဘောပေါက်အောင်ဘယ်အရာကိုမှကြိုးစားရှင်းပြလို့မရနိုင်တော့ပါဘူး။

ဒါကြောင့် မိန်းကလေးတစ်ယောက်သင့်ရဲ့အရာရာကို နားလည်ပေးနိုင်တဲ့အချိန်တွေမှာ တန်ဖိုးထားဆက်ဆံပေးနိုင်ပါစေ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.