စကားနည်းသူတွေကို လျော့တွက်မိရင် သင်မှားမယ်…

ကျွန်တော်တို့လူနေမှုအဆင့်တန်းထဲ လူတွေမှာ အမျိုးစားကွဲပြားစွာရှိကြပါတယ်။ တစ်ချို့ က ဆက်ဆံရေးကောင်းတယ်။ လူအများကြား ကောင်းကောင်းဝင်ဆန့်အောင်နေနိုင်တယ်။ တစ်ချို့ ကျ ထောင့်လေးထဲ ကပ်နေပြီးလူတွေကို ငေးကြည့်နေတာမျိုး။ တိတ်ဆိတ်နေတတ်တာမျိုး ။ ဒီလို လူမျိုးတွေက မှားမှား မှန်မှန် ဘာမှဝင်ပြောလေ့မရှိတော့ အနိုင်ကျင့်ရင်ရမှာပဲလို့ တချို့ တွေက ထင်ကောင်းထင်ကြလိမ့်မယ်။

Related image

အသာစီးရရင် ကြောချင်ကြတာ လူ့သဘာဝပါပဲ။ ဒါပေမယ့် စဉ်းစားကြပါဦး။ ဒီလိုလူတွေကို အနိုင်ကျင့်လိုက်ရလို့ ကိုယ့်အတွက် ဘာအကျိုးမြတ်ရှိလဲဆိုတာ။ သင့်အနေနဲ့ တစ်ခုသိထားရမှာက ဒီလူတွေဟာ သည်းခံနိုင်စွမ်းရှိသလောက် သည်းခံတယ်။ တတ်နိုင်သရွေ့ဘာမှမပြောပဲ နေနိုင်အောင်ကြိုးစားတယ်။ ဒါပေမယ့် သူတို့ဟာ ပြန်ပြောရင်လည်း စကား တစ်လုံးဆို တစ်လုံးထဲ ထိပါတယ်။

တချို့ ကြတော့လည်း စကားနည်းပေမယ့် လုပ်ချင်တာလုပ်နေတာမျိုးတွေရှိတယ်။ လူမကြောက်ဘူး။
သူ့ကို ဘာမှလာမပြောနဲ့ ၊ သူလည်း ဘာမှမပြောဘူး .. ကိုယ့်ဘောင်နဲ့ ကိုယ်နေ။ ထိခိုက်စေမျိုး မရှိဘူး။ ဒီလိုလူတွေကို သွားထိမိရင် သင်အကြီးကျယ်မှားပါလိမ့်မယ်။ သင့်ကို လက်စားပြန်ချေမှာလား ?

Image result for Alone

အဲ့လိုမဟုတ်ဘူး။ သူဟာ ဘာလဲဆိုတာသိအောင် သင့်ကိုအချိန်တန်ပြသွားမှာပါ။ မင်းကလိုက်ပြီး တိုက်ခိုက်နေချိန် သူဘာမှ မတုံ့ပြန်ဘူးဆိုတာ ကြောက်လို့ ငြိမ်ခံနေတာမဟုတ်ပဲ လေချွေတာပြီး သူဘာလဲဆိုတာ ချပြသွားတာပါ။

လူလူချင်း လျော့တွက်ခြင်း ကင်းဝေးကြပါစေ။ ဘာပဲဖြစ်ဖြစ် သူ့အမြင် ကိုယ့်အမြင်လေးစားသင့်ပါတယ်။ ဝေဖန် မစောပါနဲ့။ ကိုယ်က အကြီးကြီးတွေပြောပြီး သူ့လောက်မှအဖြစ်မရှိရင် ရှက်စရာပါ။ စကားဆိုတာလည်း များတိုင်းလည်း မကောင်းပါဘူး။ စကားအရမ်းနည်းလွန်းတာလည်း မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် မျှတနေရင် အဆင်ပြေပါတယ်။ စကားနည်းသူတွေမှာ အပေါင်းသင်းမရှိပေမယ့် သူတို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာတော့ ပျော်ရွှင်နေကြသူတွေပါ။

Image result for  Alone

စကားနည်းတိုင်း အင်အားနည်းသူလို့ လျော့မတွက်မိပါစေနဲ့။ သူတို့ဟာ သင်ထင်ထားတာထက်တောင် အများကြီး သန်မာပါတယ်… ဒီစာလေးဖတ်ပြီး စကားနည်းတဲ့ သူငယ်ချင်းလေးတွေကို သတိရသွားရင် ခေါ်ပြလိုက်ဦးနော်.. စိတ်အာဟာရဖြစ်စေမှာပါ …

979 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.