Introvert (ဘာသိဘာသာ)ေနတတ္သူေတြရဲ႔စိတ္ဆုိတာ…

သင္ဟာ Introvert (ဘာသိဘာသာ)ေနတတ္သူတစ္ေယာက္လား?ဒါဆုိရင္ေတာ့ ဒီစာက သင္နဲ႔လံုး၀ကုိသက္ဆုိင္သြားပါျပီ။

Introvert ဆုိတာ တစ္ေယာက္တည္းသီးသန္႔ေနတတ္ေပမဲ႔ လူေတြအျမင္ကတ္ၾကတဲ႔ပံုစံမ်ိဳးေတာ့မဟုတ္ပါဘူး။အရမ္းရင္းႏွီးတဲ႔လူေတြနဲ႔သာအဆက္အသြယ္ရွိျပီးအဲ႔ဒီလူေတြကလြဲရင္ တစ္ျခားသူေတြကုိ ဘ၀ထဲ ေတာ္ရံုအ၀င္မခံၾကတဲ႔သူေတြပါ။အဲ႔ဒါေၾကာင့္ သူတု႔ိအေၾကာင္းမသိသူေတြဆုိရင္ ေခ်တယ္လုိ႔ထင္တတ္ၾကပါတယ္။အခု Introvert ေတြမွာသာ ရွိေနတဲ႔ အေတြးအေခၚေတြ၊စိတ္ကူးေတြကုိ ျပန္ျပီးမ်ွေ၀ေပးသြားမွာပါ။သင့္ရဲ ႔စိတ္ေတြနဲ႔ တစ္ထပ္တည္းက်ရဲ႔လား ၾကည့္လိုက္ပါဦး

*စဥ္းစားထားတာေတာ့အမ်ားၾကီး တကယ္တမ္းေျပာလိုက္ေတာ့ နည္းနည္းေလး
ကုိယ့္ရဲ ႔အိုင္ဒီယာက ဘယ္ေလာက္ေကာင္းေကာင္း၊ကုိယ့္စိတ္ထဲမွာ ဒီအတြက္ ဘာေတြျပင္ဆင္ထားတယ္။ဘယ္လိုေလးလုပ္ရင္ေကာင္းမယ္ဆုိတဲ႔အေတြးေတြကုိ တကယ္လက္ေတြ႔မွာေတာ့အကုန္ခ်မျပျဖစ္ဘူး။စိတ္ထဲမွာပဲ သိမ္းထားတာမ်ားတယ္။Introvert ေတြက တိတ္တိတ္ေန ေရႊဆုိတဲ႔စကားကုိ လက္ကုိင္ထားသူေတြပါ။

*အားလပ္ရက္ဆုိ တစ္ေယာက္တည္းေနရတာၾကိဳက္သူ
Introvert အတြက္ စေနတနဂၤေႏြပိတ္ရက္ဆုိ အိမ္မွာပဲ အခ်ိန္ကုန္ဆံုးၾကတာမ်ားပါတယ္။လူမ်ား၊လူရႈပ္တဲ႔ေနရာေတြ၊ပါတီပြဲေတြဟာ သူတုိ႔နဲ႔မသက္ဆုိင္တဲ႔ေနရာအလား ထင္မွတ္ထားၾကတယ္။တစ္ေယာက္တည္းအိမ္မွာေနရတာကုိ ႏွစ္ျခိဳက္ၾကတယ္။

*အာရံုစုိက္မခံခ်င္သူ
Introvert ေတြက လူအမ်ားအာရံုစုိက္ခံရမွာ အေသေၾကာက္ၾကပါတယ္။သူတုိ႔ကုိ သတိမထားမိဖုိ႔ပဲ ေမ်ွာ္လင့္ေနၾကတာပါ။ထင္ထင္ေပၚေပၚလည္းမရွိခ်င္ပဲ ဘ၀ကိုေအးေအးေဆးေဆးပဲျဖတ္သန္းခ်င္သူေတြျဖစ္ပါတယ္။လူအမ်ားနဲ႔ရွိေနရတာထက္ တစ္ေယာက္တည္းျဖစ္ေလ ေကာင္းေလပဲဆုိတဲ႔
သူမ်ိဳးေတြပါ။

*ကုိယ့္ကိုလာခင္မင္ၾကတဲ႔သူေတြကုိလည္း အေ၀းကုိတြန္းထုတ္မိေနသူ
သီးသန္႔တစ္ေယာက္တည္းေနတတ္သူေတြဟာ သူတုိ႔ကုိခင္မင္ခ်င္လုိ႔လာတဲ႔သူငယ္ခ်င္းေတြကုိေတာင္ အေ၀းကုိျပန္တြန္းထုတ္တတ္ၾကပါတယ္။မခင္လို႔ရယ္လည္းမဟုတ္ပဲ တသီးတသန္႔ေနခ်င္တဲ႔စိတ္ေၾကာင့္ျဖစ္ေနတာပါ။သူတုိ႔အတြက္ ကုိယ့္ဘက္ကစခင္တဲ႔သူ၊ကုိယ့္ဘက္က စျပီး ခင္မင္ဖုိ႔ၾကိဳးစားတဲ႔သူဆုိတာလည္းရွာမွရွားပါပဲ။ဒါေၾကာင့္သူတုိ႔နဲ႔ခင္မင္ဖုိ႔ဆုိရင္ စိတ္လည္းရွည္ရပါတယ္။ Introvert ေလးေတြက သူတုိ႔အေပၚစိတ္ရွည္တဲ႔သူကုိ ခင္မိျပီဆုိရင္လည္း အဲ႔ဒီသူကုိစိတ္ရင္းစိတ္မွန္နဲ႔ခင္ျပီး ဘာမဆုိကူညီဖုိ႔လည္း၀န္မေလးတတ္ၾကပါဘူး။

*တိရစာၦန္ေလးေတြနဲ႔သာ ပိုျပီးအေဖာ္ျပဳခ်င္သူ
လူအမ်ားနဲ႔သြားလာေနရရင္ေတာင္ တစ္ျခားသူေတြနဲ႔စကားေျပာဆုိဆက္ဆံရတာထက္ ေခြးေလးေတြ၊ေၾကာင္ေလးေတြနဲ႔သာ ပိုုျပီးအေဖာ္ျပဳေနခ်င္သူေတြျဖစ္ပါတယ္။လူစိမ္းေတြနဲ႔စကားေျပာရတာက သူတုိ႔အတြက္စိတ္သက္ေတာင့္သက္သာ မျဖစ္ေစပါဘူး။အဲ႔ဒါေၾကာင့္ တစ္ေယာက္တည္းေနလုိ႔ရတဲ႔လမ္းေၾကာင္းကိုပဲ အျမဲတမ္းရွာေဖြေနတတ္ပါတယ္။

*စာအုပ္ဖတ္ရတာႏွစ္သက္သူ
စာအုပ္ဖတ္ရတာကုိေတာ့ Introvert ေရာ Extrovert ပါ ႏွစ္သက္တဲ႔သူေတြရွိပါတယ္။ဒါေပမဲ႔ Introvert ေတြကေတာ့ ပုိျပီးစာအုပ္ေတြကုိ ႏွစ္သက္ပါတယ္။ဘယ္ေနရာေရာက္ေရာက္ သူတို႔မွာစာအုပ္တစ္အုပ္အျမဲပါတတ္ျပီး ေတာ္ရံုလူအမ်ားနဲ႔၀င္မေျပာရတဲ႔ေနရာဆုိရင္ စာအုပ္ေလးနဲ႔ ေအးေဆးသြားျငိမ့္ေနတတ္သူေတြပါ။သူတုိ႔အတြက္ စာအုပ္ဖတ္ရတာေလာက္ စိတ္ၾကည္ႏူးစိတ္ေက်နပ္စရာမရွိပါဘူး။

*တစ္ေယာက္တည္းခရီးသြားရတာၾကိဳက္သူ
Introvert ေတြဟာ ေခါင္းေဆာင္ႏုိင္စြမ္းရွိတယ္။တစ္ဖက္သားကုိလည္းနားလည္ေပးႏုိင္စြမ္းရွိတယ္။တစ္ျခားသူေတြနဲ႔သင့္ျမတ္ေအာင္ေပါင္းသင္းနုိင္စြမ္းရွိေပမဲ႔သူတုိ႔ရဲ ႔စိတ္ကုိက တသီးတသန္႔ဆန္တဲ႔အတြက္ သူစေျပာရင္ ကုိယ္ျပန္ေျပာလုိက္မယ္။ကုိယ္ကေတာ့ စမေျပာဘူးဆုိတဲ႔သူမ်ိဳးေတြပါ။စေျပာတယ္ဆုိရင္ ဒါသူ႔ဘက္က ေတာ္ေတာ္ေလးခင္မင္လုိ႔ပါပဲ။သူငယ္ခ်င္းေတြနဲ႔ခရီးသြားရတာၾကိဳက္ေပမဲ႔ တစ္ေယာက္တည္းခရီးသြားရတာပိုၾကိဳက္တဲ႔သူ၊အုပ္စုလိုက္သြားၾကျပီဆုိရင္လည္း အုပ္စုလိုက္စကားေျပာေနရတာထက္ ကုိယ္က စာဖတ္ေနတာမ်ိဳး၊ရုပ္ရွင္ၾကည့္ေနတာမ်ိဳးပဲလုပ္ေနတတ္ပါတယ္။

မသိတဲ႔သူေတြဆုိရင္ေတာ့ Introvert ေတြက အေခ်တစ္လိုင္းေပါ့။တကယ္ေတာ့ ေခ်တာမဟုတ္ပါဘူး။သူတုိ႔ေတြက တကယ္စိတ္ရွည္စြာနဲ႔ေပါင္းၾကည့္ရင္ ခင္မင္ဖုိ႔ေကာင္းတာ၊စိတ္ႏွစ္ျပီးကူညီတတ္တာေတြ႔ရပါလိမ့္မယ္။ေအးေအးေဆးေဆးရွိျပီး တစ္ဖက္လူအေပၚလည္း နားလည္ေပးတတ္လုိ႔ ရင္ဖြင့္ဖုိ႔ေကာင္းတဲ႔သူေတြပါ။သူတုိ႔ဘ၀ထဲမွာ လူအမ်ားၾကီးလည္းမထားတဲ႔အတြက္ သူတုိ႔ဘ၀ထဲရွိေနတဲ႔သူေတြဟာ သူတကယ္တန္ဖုိးထားခ်စ္ခင္တဲ႔လူေတြပါပဲ။

Source:rebelcircus

Unicode

သင်ဟာ Introvert (ဘာသိဘာသာ)နေတတ်သူတစ်ယောက်လား?ဒါဆိုရင်တော့ ဒီစာက သင်နဲ့လုံးဝကိုသက်ဆိုင်သွားပါပြီ။

Introvert ဆိုတာ တစ်ယောက်တည်းသီးသန့်နေတတ်ပေမဲ့ လူတွေအမြင်ကတ်ကြတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။အရမ်းရင်းနှီးတဲ့လူတွေနဲ့သာအဆက်အသွယ်ရှိပြီးအဲ့ဒီလူတွေကလွဲရင် တစ်ခြားသူတွေကို ဘဝထဲ တော်ရုံအဝင်မခံကြတဲ့သူတွေပါ။အဲ့ဒါကြောင့် သူတို့အကြောင်းမသိသူတွေဆိုရင် ချေတယ်လို့ထင်တတ်ကြပါတယ်။အခု Introvert တွေမှာသာ ရှိနေတဲ့ အတွေးအခေါ်တွေ၊စိတ်ကူးတွေကို ပြန်ပြီးမျှဝေပေးသွားမှာပါ။သင့်ရဲ ့စိတ်တွေနဲ့ တစ်ထပ်တည်းကျရဲ့လား ကြည့်လိုက်ပါဦး

*စဉ်းစားထားတာတော့အများကြီး တကယ်တမ်းပြောလိုက်တော့ နည်းနည်းလေး
ကိုယ့်ရဲ ့အိုင်ဒီယာက ဘယ်လောက်ကောင်းကောင်း၊ကိုယ့်စိတ်ထဲမှာ ဒီအတွက် ဘာတွေပြင်ဆင်ထားတယ်။ဘယ်လိုလေးလုပ်ရင်ကောင်းမယ်ဆိုတဲ့အတွေးတွေကို တကယ်လက်တွေ့မှာတော့အကုန်ချမပြဖြစ်ဘူး။စိတ်ထဲမှာပဲ သိမ်းထားတာများတယ်။Introvert တွေက တိတ်တိတ်နေ ရွှေဆိုတဲ့စကားကို လက်ကိုင်ထားသူတွေပါ။

*အားလပ်ရက်ဆို တစ်ယောက်တည်းနေရတာကြိုက်သူ
Introvert အတွက် စနေတနင်္ဂနွေပိတ်ရက်ဆို အိမ်မှာပဲ အချိန်ကုန်ဆုံးကြတာများပါတယ်။လူများ၊လူရှုပ်တဲ့နေရာတွေ၊ပါတီပွဲတွေဟာ သူတို့နဲ့မသက်ဆိုင်တဲ့နေရာအလား ထင်မှတ်ထားကြတယ်။တစ်ယောက်တည်းအိမ်မှာနေရတာကို နှစ်ခြိုက်ကြတယ်။

*အာရုံစိုက်မခံချင်သူ
Introvert တွေက လူအများအာရုံစိုက်ခံရမှာ အသေကြောက်ကြပါတယ်။သူတို့ကို သတိမထားမိဖို့ပဲ မျှော်လင့်နေကြတာပါ။ထင်ထင်ပေါ်ပေါ်လည်းမရှိချင်ပဲ ဘဝကိုအေးအေးဆေးဆေးပဲဖြတ်သန်းချင်သူတွေဖြစ်ပါတယ်။လူအများနဲ့ရှိနေရတာထက် တစ်ယောက်တည်းဖြစ်လေ ကောင်းလေပဲဆိုတဲ့
သူမျိုးတွေပါ။

*ကိုယ့်ကိုလာခင်မင်ကြတဲ့သူတွေကိုလည်း အဝေးကိုတွန်းထုတ်မိနေသူ
သီးသန့်တစ်ယောက်တည်းနေတတ်သူတွေဟာ သူတို့ကိုခင်မင်ချင်လို့လာတဲ့သူငယ်ချင်းတွေကိုတောင် အဝေးကိုပြန်တွန်းထုတ်တတ်ကြပါတယ်။မခင်လို့ရယ်လည်းမဟုတ်ပဲ တသီးတသန့်နေချင်တဲ့စိတ်ကြောင့်ဖြစ်နေတာပါ။သူတို့အတွက် ကိုယ့်ဘက်ကစခင်တဲ့သူ၊ကိုယ့်ဘက်က စပြီး ခင်မင်ဖို့ကြိုးစားတဲ့သူဆိုတာလည်းရှာမှရှားပါပဲ။ဒါကြောင့်သူတို့နဲ့ခင်မင်ဖို့ဆိုရင် စိတ်လည်းရှည်ရပါတယ်။ Introvert လေးတွေက သူတို့အပေါ်စိတ်ရှည်တဲ့သူကို ခင်မိပြီဆိုရင်လည်း အဲ့ဒီသူကိုစိတ်ရင်းစိတ်မှန်နဲ့ခင်ပြီး ဘာမဆိုကူညီဖို့လည်းဝန်မလေးတတ်ကြပါဘူး။

*တိရစ္ဆာန်လေးတွေနဲ့သာ ပိုပြီးအဖော်ပြုချင်သူ
လူအများနဲ့သွားလာနေရရင်တောင် တစ်ခြားသူတွေနဲ့စကားပြောဆိုဆက်ဆံရတာထက် ခွေးလေးတွေ၊ကြောင်လေးတွေနဲ့သာ ပိုုပြီးအဖော်ပြုနေချင်သူတွေဖြစ်ပါတယ်။လူစိမ်းတွေနဲ့စကားပြောရတာက သူတို့အတွက်စိတ်သက်တောင့်သက်သာ မဖြစ်စေပါဘူး။အဲ့ဒါကြောင့် တစ်ယောက်တည်းနေလို့ရတဲ့လမ်းကြောင်းကိုပဲ အမြဲတမ်းရှာဖွေနေတတ်ပါတယ်။

*စာအုပ်ဖတ်ရတာနှစ်သက်သူ
စာအုပ်ဖတ်ရတာကိုတော့ Introvert ရော Extrovert ပါ နှစ်သက်တဲ့သူတွေရှိပါတယ်။ဒါပေမဲ့ Introvert တွေကတော့ ပိုပြီးစာအုပ်တွေကို နှစ်သက်ပါတယ်။ဘယ်နေရာရောက်ရောက် သူတို့မှာစာအုပ်တစ်အုပ်အမြဲပါတတ်ပြီး တော်ရုံလူအများနဲ့ဝင်မပြောရတဲ့နေရာဆိုရင် စာအုပ်လေးနဲ့ အေးဆေးသွားငြိမ့်နေတတ်သူတွေပါ။သူတို့အတွက် စာအုပ်ဖတ်ရတာလောက် စိတ်ကြည်နူးစိတ်ကျေနပ်စရာမရှိပါဘူး။

*တစ်ယောက်တည်းခရီးသွားရတာကြိုက်သူ
Introvert တွေဟာ ခေါင်းဆောင်နိုင်စွမ်းရှိတယ်။တစ်ဖက်သားကိုလည်းနားလည်ပေးနိုင်စွမ်းရှိတယ်။တစ်ခြားသူတွေနဲ့သင့်မြတ်အောင်ပေါင်းသင်းနိုင်စွမ်းရှိပေမဲ့သူတို့ရဲ ့စိတ်ကိုက တသီးတသန့်ဆန်တဲ့အတွက် သူစပြောရင် ကိုယ်ပြန်ပြောလိုက်မယ်။ကိုယ်ကတော့ စမပြောဘူးဆိုတဲ့သူမျိုးတွေပါ။စပြောတယ်ဆိုရင် ဒါသူ့ဘက်က တော်တော်လေးခင်မင်လို့ပါပဲ။သူငယ်ချင်းတွေနဲ့ခရီးသွားရတာကြိုက်ပေမဲ့ တစ်ယောက်တည်းခရီးသွားရတာပိုကြိုက်တဲ့သူ၊အုပ်စုလိုက်သွားကြပြီဆိုရင်လည်း အုပ်စုလိုက်စကားပြောနေရတာထက် ကိုယ်က စာဖတ်နေတာမျိုး၊ရုပ်ရှင်ကြည့်နေတာမျိုးပဲလုပ်နေတတ်ပါတယ်။

မသိတဲ့သူတွေဆိုရင်တော့ Introvert တွေက အချေတစ်လိုင်းပေါ့။တကယ်တော့ ချေတာမဟုတ်ပါဘူး။သူတို့တွေက တကယ်စိတ်ရှည်စွာနဲ့ပေါင်းကြည့်ရင် ခင်မင်ဖို့ကောင်းတာ၊စိတ်နှစ်ပြီးကူညီတတ်တာတွေ့ရပါလိမ့်မယ်။အေးအေးဆေးဆေးရှိပြီး တစ်ဖက်လူအပေါ်လည်း နားလည်ပေးတတ်လို့ ရင်ဖွင့်ဖို့ကောင်းတဲ့သူတွေပါ။သူတို့ဘဝထဲမှာ လူအများကြီးလည်းမထားတဲ့အတွက် သူတို့ဘဝထဲရှိနေတဲ့သူတွေဟာ သူတကယ်တန်ဖိုးထားချစ်ခင်တဲ့လူတွေပါပဲ။

Source:rebelcircus

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.