ကိုယ့်ပျော်ရွှင်မှုက ကိုယ့်ရွေးချယ်မှုပေါ်ပဲမူတည်ပါတယ်…

လူတိုင်းအတွက် လောကကြီးကပေးထားတဲ့လက်ဆောင်ကြီးတစ်ခုရှိပါတယ်။ ဒါကတော့…ရွေးချယ်မှုဆိုတာပါပဲ…လူတိုင်း အကောင်းဆုံးဖြစ်ချင်ကြတာကြီးပါပဲ ဒါကလည်းကိုယ့်ရဲ့ရွေးချယ်မှုပေါ်ပဲ မူတည်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေက စိတ်ညစ်ညစ်နဲ့ငြီးတတ်ကြတယ် လောကကြီးကမတရားဘူး …ဘယ်သူတွေကြတော့ ဘယ်လိုဖြစ်ပြီး ငါကျတော့ မဖြစ်ဘူးဆိုတာမျိုးပေါ့…ဒီလိုမျိုးလောကကြီးကိုအပြစ်တင်တော့မယ်လို့စဉ်းစားလိုက်ရင်ကိုယ်ရော ရွေးချယ်မှုမှန်ကန်ခဲ့ရဲ့လား…ကိုယ့်ဘ၀အတွက် ချထားပေးတဲ့ ရွေးချယ်မှုတွေကြားထဲ ကိုယ်အရွေးမှန် ခဲ့ရဲ့လားဆိုတာမျိုးထည့်စဉ်းစားပါ။

နောက်တစ်ခုက ဘယ်အရာမဆို အဆိုးနဲ့အကောင်းဒွန်တွဲနေစမြဲပါ။ ကိုယ်ရွေးချယ်ထားတဲ့လမ်းဟာ ခက်ခဲပင်မဲ့ မှန်ကန်ပြီးကိုယ့်ဘ၀အတွက် တစ်ကယ့်ဘ၀အမှန်တကယ်အစစ်မှန်ဆိုရင် ရွေးချယ်ဖို့ဝန်မလေးပါနဲ့။ လောကမှာ ဘယ်အရာမဆိုအလွယ်လိုက်ရင် ကံဆိုးတတ်ကြတာကြီးပါပဲ။

ကိုယ့်ဘ၀ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့မှန်ကန်တဲ့ရွေးချယ်မှုပေါ်ပဲမူတည်ပါတယ်။ ကိုယ့်အတွက်တကယ်တမ်းတည်မြဲနိုင်တဲ့အရာတွေပေါ်ပဲကပ်တွယ်ပါ။ ကိုယ့်အတွက် ကောင်းမွန်တယ်လို့ထင်ရတဲ့ ရွေးချယ်မှုမျိုးကိုပဲရွေးချယ်နိုင်ကြပါစေ…

Unicode




462 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.