သင္ဟာ ဆံပင္ကုိမၾကာခဏေဆာ့ကစားေနတတ္သူတစ္ေယာက္လား?

တစ္ခါတစ္ေလ သတိထားမိျပီးျဖစ္ေစ သတိမထားမိပဲျဖစ္ေစ ကုိယ့္ဆံပင္ကို လိမ္ေနတာမ်ိဳး၊ဆံပင္ကုိဖြျပီးကစားေနတာမ်ိဳးျဖစ္တတ္ပါတယ္။ဒီလုိဆံပင္ကုိေဆာ့ကစားမိေနတာဟာ စိတ္ပုိင္းဆုိင္ရာအေျခအေနနဲ႔ဆက္စပ္ေနပါတယ္တဲ႔။

ေလ့လာရွာေဖြေတြ႔ရွိခ်က္ေတြအရ သင့္ဆံပင္ကုိ မၾကာခဏဖြျပီးေဆာ့ကစားေနတာဟာ ဒီလုိ စိတ္ပုိင္းဆုိင္ရာအလွည့္အေျပာင္းေလးေတြေၾကာင့္ျဖစ္တယ္လုိ႔သိရပါတယ္။

*စိတ္ဖိစီးမႈမ်ားလာတဲ႔အခါ
ေလ့လာခ်က္ေတြအရ ဆံပင္ကုိ ခဏခဏလိမ္တယ္။ဖြေနတယ္၊ေဆာ့ကစားေနတယ္ဆုိတာဟာစိတ္ဖိစီးမႈမ်ားေနတာေၾကာင့္ပါ။ကုိယ္၀တ္လာတဲ႔အ၀တ္အစားအျပင္အဆင္က အဆင္မေျပဘူးလုိ႔စိတ္ကထင္ေနတဲ႔အခါမ်ိဳး၊တစ္ေယာက္ေယာက္နဲ႔ပထမဆံုးအၾကိမ္စေတြ႔ရမွာမို႔ စိတ္လႈပ္ရွားေနတ႔ဲ
အခါမ်ိဳးမွာ စိတ္ဖိစီးမႈျဖစ္လာျပီး ဆံပင္ကုိ သြားျပီးကစားေနမိတာပါပဲ။

*ကိုယ္သေဘာက်တဲ႔လူကုိ ေတြ႔တဲ႔အခါ
ဒီလုိဆံပင္ကုိလိမ္ေနတာ၊ဖြေနတာဟာ တစ္ျခားတစ္ေယာက္အတြက္ အခ်က္ျပတဲ႔သေကၤတတစ္ခုျဖစ္ေနပါတယ္။ကိုယ္သေဘာက်တဲ႔တစ္စံုတစ္ေယာက္ကုိေတြ႔တဲ႔အခါ မိန္းကေလးအေတာ္မ်ားမ်ားက စိတ္လႈပ္ရွားရင္ခုန္လာျပီး အေၾကာင္းရင္းမရွိဆံပင္ကုိလိမ္ေနတာမ်ိဳး၊ဆံပင္ကုိသပ္လိုက္တာမ်ိဳးစသျဖင့္ဆံပင္နဲ႔ပတ္သက္တာတစ္ခုခုကုိလုပ္ေလ့ရွိပါတယ္။သတိထားမိတတ္တဲ႔လူဆုိ ဒီမိန္းကေလး ငါ့ကုိေၾကြေနျပီွဆုိတာ ရိပ္မိႏုိင္ပါတယ္။

*တစ္ခုခုကုိေလးေလးနက္နက္စဥ္းစားေနတဲ႔အခါ
ကိစၥတစ္ခုခုကုိအာရံုစုိက္စဥ္းစားေနတဲ႔အခါ ကုိယ္ေတြက အမွတ္မထင္ ဆံပင္ကိုပဲသြားသြားလိမ္မိ၊ဖြမိေနတတ္ပါတယ္လုိ႔ ပညာရွင္တစ္ေယာက္က ေျပာျပထားပါတယ္။အထူးသျဖင့္ ဆံပင္ဖြတာနဲ႔စိတ္နဲ႔က ဆက္စပ္ေနတဲ႔အေၾကာင္းေဖာ္ျပထားတာပါ။ပ်င္းရိေနတဲ႔အခါမ်ိဳး၊တစ္ခုခုကုိနက္နက္နဲနဲ
ေတြးမိေနတာမ်ိဳး၊စိတ္လႈပ္ရွားေနတဲ႔အခါမ်ိဳး၊စိတ္ဖိစီးမႈေတြတအားမ်ားလာတဲ႔အခါမ်ိဳးမွာ လက္က အလိုအေလ်ာက္ဆံပင္ေတြကုိေရာက္သြားျပီးလိမ္မိ၊ဖြမိ၊ကစားမိတာမ်ိဳးျဖစ္ေစပါတယ္။

*ယံုၾကည္မႈေလ်ာ့နည္းတဲ႔အခါမ်ိဳး
တစ္ခုခုအဆင္မေျပျဖစ္မွာစုိးလုိ႔ စိတ္ပူေနရင္ ကုိယ့္ကုိယ့္ကုိယ္ပါ ယံုၾကည္မႈရေလ်ာ့နည္းလာတတ္ပါတယ္။အဲ႔ဒီအခါမ်ိဳးမွာ တစ္ျခားလူေတြေရွ႔က ထြက္ေျပးသြားခ်င္သလုိျဖစ္ျပီး စိတ္လႈပ္ရွားမႈျမင့္တက္လာကာ ဆံပင္ကုိသြားျပီးကလိမိ၊ကစားမိတတ္ပါတယ္။ဒါေပမဲ႔ အဲ႔ဒါက ပုိျပီးစိတ္လႈပ္ရွားမႈ
ျမင့္တက္လာေစတယ္လုိ႔လည္းသိရပါတယ္။

*သက္ေတာင့္သက္သာမျဖစ္တဲ႔အခါမ်ိဳး
တစ္ေယာက္ေယာက္က ေခါင္းကုိကုိင္ေနမယ္။ဆံပင္ေတြဖြေနမယ္။လည္ပင္းကုိ အေၾကာင္းမရွိအေၾကာင္းရွာပြတ္သပ္ေနမယ္ဆုိရင္ အဲ႔ဒီလူဟာအေတာ္ၾကီးစိတ္သက္ေတာင့္သက္သာျဖစ္မေနလို႔ပါပဲတဲ႔။စိတ္ဖိစီးမႈျဖစ္တာမဟုတ္ေပမဲ႔ တစ္ခုခုေၾကာင့္ေနရထုိင္ရတာ သက္ေတာင့္သက္သာမရွိတဲ႔အခါ ယံုၾကည္မႈေလ်ာ့နည္းလာျပီး ဆံပင္ကုိသြားျပီးကစားမိေနတာပါ။

အထူးသျဖင့္ စိတ္ဖိစီးမႈျဖစ္တဲ႔အခါ၊စိတ္သက္ေတာင့္သက္သာမျဖစ္တဲ႔အခါ လက္က ဆံပင္ကုိအလိုအေလ်ာက္ေရာက္သြားျပီး ဖြတာ၊ကစားတာေတြလုပ္မိေနတာပါ။ဒီလုိဆံပင္ဖြတာဟာ အျမဲတမ္းျဖစ္တတ္တဲ႔လူေတြလည္းရွိမယ္။တစ္ခါတစ္ေလမွ ဆံပင္ကုိဖြမိ၊လိမ္မိတဲ႔လူေတြလည္းရွိမယ္။ဘယ္လိုလဲဆံပင္ကုိဖြမိကစားမိပါေစ ဒီလုိ အက်င့္က ဆံပင္ပ်က္စီးမႈကုိ ဦးတည္ေနပါတယ္တဲ႔။

ဆံပင္ကုိဖြမိ လိမ္မိ ကစားမိတာဟာ ဆံပင္ေတြရႈပ္ေထြးရစ္ပတ္ေစျပီး ဆံပင္ႏွစ္ခြပုိျဖစ္လာေစပါတယ္။ကုိယ့္လက္က ညစ္ပတ္ေနတာျဖစ္ေစ၊အဆီထြက္ေနတာျဖစ္ေစ အဲ႔အခ်ိန္မွာဆံပင္ကုိသြားကုိင္မိရင္ လက္ကအဆီေတြ၊ညစ္ပတ္တာေတြဟာ ဦးေရျပားနဲ႔ဆံပင္ေတြကုိ ေရာက္သြားျပီး ၾကမ္းတမ္းတဲ႔ဆံသားအသြင္ေျပာင္းလဲသြားေစႏုိင္ပါတယ္။ဒါေၾကာင့္စိတ္လႈပ္ရွားလာတုိင္း၊စိတ္ဖိစီးမႈမ်ားလာတုိင္း ဆံပင္ကုိဖြမိကစားမိေနတတ္သူဆုိရင္ ဆံပင္ကုိ ကလိမယ့္အစား stress ball ေလးေတြေဆာင္ထားတာမ်ိဳး၊တစ္ျခားတစ္ခုခုကုိအာရံုုစုိက္လုိက္တာမ်ိဳးလုပ္ေပးသင့္ပါတယ္။

Ref:rebelcircus

Unicode

တစ်ခါတစ်လေ သတိထားမိပြီးဖြစ်စေ သတိမထားမိပဲဖြစ်စေ ကိုယ့်ဆံပင်ကို လိမ်နေတာမျိုး၊ဆံပင်ကိုဖွပြီးကစားနေတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုဆံပင်ကိုဆော့ကစားမိနေတာဟာစိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ဆက်စပ်နေပါတယ်တဲ့။

လေ့လာရှာဖွေတွေ့ရှိချက်တွေအရ သင့်ဆံပင်ကို မကြာခဏဖွပြီးဆော့ကစားနေတာဟာ ဒီလို စိတ်ပိုင်းဆိုင်ရာအလှည့်အပြောင်းလေးတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

*စိတ်ဖိစီးမှုများလာတဲ့အခါ
လေ့လာချက်တွေအရ ဆံပင်ကို ခဏခဏလိမ်တယ်။ဖွနေတယ်၊ဆော့ကစားနေတယ်ဆိုတာဟာစိတ်ဖိစီးမှုများနေတာကြောင့်ပါ။ကိုယ်ဝတ်လာတဲ့အဝတ်အစားအပြင်အဆင်က အဆင်မပြေဘူးလို့စိတ်ကထင်နေတဲ့အခါမျိုး၊တစ်ယောက်ယောက်နဲ့ပထမဆုံးအကြိမ်စတွေ့ရမှာမို့ စိတ်လှုပ်ရှားနေတဲ့
အခါမျိုးမှာ စိတ်ဖိစီးမှုဖြစ်လာပြီး ဆံပင်ကို သွားပြီးကစားနေမိတာပါပဲ။

*ကိုယ်သဘောကျတဲ့လူကို တွေ့တဲ့အခါ
ဒီလိုဆံပင်ကိုလိမ်နေတာ၊ဖွနေတာဟာ တစ်ခြားတစ်ယောက်အတွက် အချက်ပြတဲ့သင်္ကေတတစ်ခုဖြစ်နေပါတယ်။ကိုယ်သဘောကျတဲ့တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ မိန်းကလေးအတော်များများက စိတ်လှုပ်ရှားရင်ခုန်လာပြီး အကြောင်းရင်းမရှိဆံပင်ကိုလိမ်နေတာမျိုး၊ဆံပင်ကိုသပ်လိုက်တာမျိုးစသဖြင့်ဆံပင်နဲ့ပတ်သက်တာတစ်ခုခုကိုလုပ်လေ့ရှိပါတယ်။သတိထားမိတတ်တဲ့လူဆို ဒီမိန်းကလေး ငါ့ကိုကြွေနေပြီှဆိုတာ ရိပ်မိနိုင်ပါတယ်။

*တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေတဲ့အခါ
ကိစ္စတစ်ခုခုကိုအာရုံစိုက်စဉ်းစားနေတဲ့အခါ ကိုယ်တွေက အမှတ်မထင် ဆံပင်ကိုပဲသွားသွားလိမ်မိ၊ဖွမိနေတတ်ပါတယ်လို့ ပညာရှင်တစ်ယောက်က ပြောပြထားပါတယ်။အထူးသဖြင့် ဆံပင်ဖွတာနဲ့စိတ်နဲ့က ဆက်စပ်နေတဲ့အကြောင်းဖော်ပြထားတာပါ။ပျင်းရိနေတဲ့အခါမျိုး၊တစ်ခုခုကိုနက်နက်နဲနဲ
တွေးမိနေတာမျိုး၊စိတ်လှုပ်ရှားနေတဲ့အခါမျိုး၊စိတ်ဖိစီးမှုတွေတအားများလာတဲ့အခါမျိုးမှာ လက်က အလိုအလျောက်ဆံပင်တွေကိုရောက်သွားပြီးလိမ်မိ၊ဖွမိ၊ကစားမိတာမျိုးဖြစ်စေပါတယ်။

*ယုံကြည်မှုလျော့နည်းတဲ့အခါမျိုး
တစ်ခုခုအဆင်မပြေဖြစ်မှာစိုးလို့ စိတ်ပူနေရင် ကိုယ့်ကိုယ့်ကိုယ်ပါ ယုံကြည်မှုရလျော့နည်းလာတတ်ပါတယ်။အဲ့ဒီအခါမျိုးမှာ တစ်ခြားလူတွေရှေ့က ထွက်ပြေးသွားချင်သလိုဖြစ်ပြီး စိတ်လှုပ်ရှားမှုမြင့်တက်လာကာ ဆံပင်ကိုသွားပြီးကလိမိ၊ကစားမိတတ်ပါတယ်။ဒါပေမဲ့ အဲ့ဒါက ပိုပြီးစိတ်လှုပ်ရှားမှု
မြင့်တက်လာစေတယ်လို့လည်းသိရပါတယ်။

*သက်တောင့်သက်သာမဖြစ်တဲ့အခါမျိုး
တစ်ယောက်ယောက်က ခေါင်းကိုကိုင်နေမယ်။ဆံပင်တွေဖွနေမယ်။လည်ပင်းကို အကြောင်းမရှိအကြောင်းရှာပွတ်သပ်နေမယ်ဆိုရင် အဲ့ဒီလူဟာအတော်ကြီးစိတ်သက်တောင့်သက်သာဖြစ်မနေလို့ပါပဲတဲ့။စိတ်ဖိစီးမှုဖြစ်တာမဟုတ်ပေမဲ့ တစ်ခုခုကြောင့်နေရထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့အခါ ယုံကြည်မှုလျော့နည်းလာပြီး ဆံပင်ကိုသွားပြီးကစားမိနေတာပါ။

အထူးသဖြင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ၊စိတ်သက်တောင့်သက်သာမဖြစ်တဲ့အခါ လက်က ဆံပင်ကိုအလိုအလျောက်ရောက်သွားပြီး ဖွတာ၊ကစားတာတွေလုပ်မိနေတာပါ။ဒီလိုဆံပင်ဖွတာဟာ အမြဲတမ်းဖြစ်တတ်တဲ့လူတွေလည်းရှိမယ်။တစ်ခါတစ်လေမှ ဆံပင်ကိုဖွမိ၊လိမ်မိတဲ့လူတွေလည်းရှိမယ်။ဘယ်လိုလဲဆံပင်ကိုဖွမိကစားမိပါစေ ဒီလို အကျင့်က ဆံပင်ပျက်စီးမှုကို ဦးတည်နေပါတယ်တဲ့။

ဆံပင်ကိုဖွမိ လိမ်မိ ကစားမိတာဟာ ဆံပင်တွေရှုပ်ထွေးရစ်ပတ်စေပြီး ဆံပင်နှစ်ခွပိုဖြစ်လာစေပါတယ်။ကိုယ့်လက်က ညစ်ပတ်နေတာဖြစ်စေ၊အဆီထွက်နေတာဖြစ်စေ အဲ့အချိန်မှာဆံပင်ကိုသွားကိုင်မိရင် လက်ကအဆီတွေ၊ညစ်ပတ်တာတွေဟာ ဦးရေပြားနဲ့ဆံပင်တွေကို ရောက်သွားပြီး ကြမ်းတမ်းတဲ့ဆံသားအသွင်ပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကြောင့်စိတ်လှုပ်ရှားလာတိုင်း၊စိတ်ဖိစီးမှုများလာတိုင်း ဆံပင်ကိုဖွမိကစားမိနေတတ်သူဆိုရင် ဆံပင်ကို ကလိမယ့်အစား stress ball လေးတွေဆောင်ထားတာမျိုး၊တစ်ခြားတစ်ခုခုကိုအာရုုံစိုက်လိုက်တာမျိုးလုပ်ပေးသင့်ပါတယ်။

Ref:rebelcircus

476 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.