သင့်မသိစိတ်ထဲကအကြောက်တရားကို ပုံတစ်ပုံကဖော်ပြနိုင်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား?
ဟုတ်ရဲ့လား??
Source:rebelcircus
Unicode
လူတိုင်းမှာ မသိစိတ်ထဲက ကြောက်နေတဲ့အကြောက်တရားလေးတွေရှိပါတယ်။တစ်ချို့ကတော့ ကိုယ်ဘာကိုကြောက်တယ်ဆိုတာသိပေမဲ့ တစ်ချို့ကတော့ ဝေခွဲမရပါဘူး။ကိုယ်တကယ်ကြောက်နေတာ ဘာလဲပေါ့။လေ့လာချက်တွေအရ ဒီပုံတွေထဲမှာ သင်ပထမဆုံးမြင်လိုက်ရတဲ့ပုံရိပ်က သင့်မသိစိတ်ထဲက အကြောက်တရားကိုဖော်ပြနေပါတယ်တဲ့။ဟုတ်ရဲ့လား ကြည့်လိုက်ပါဦး
ဒီပုံထဲမှာ သင်ပထမဆုံးမြင်လိုက်ရတဲ့အရာဟာ ဓားဆိုရင် သင်ဟာ ကုသလို့မရတဲ့ရောဂါတစ်ခုခုဖြစ်မှာကို မသိစိတ်ထဲက ကြောက်ရွံ့နေတာပဲဖြစ်ပါတယ်။ ပန်းသီးကို ပထမဆုံးမြင်လိုက်ရတယ်ဆိုရင်တော့ သင့်ရဲ ့မသိစိတ်ထဲကကြောက်နေတဲ့အရာဟာ သင်ချစ်ရတဲ့လူတစ်ယောက်ကိုဆုံးရှုံးရမှာကိုပါပဲ။ပေါက်ဖတ်ကိုမြင်ရတယ်ဆိုရင် သင်ဟာ မမြင်ရတဲ့အရာတွေကိုကြောက်နေတာပါ။သရဲတစ္ဆေတို့၊မမြင်ရတဲ့သဘာဝလွန်စွမ်းအားတွေကို ထိတ်လန့်နေတာပဲဖြစ်ပါတယ်။တကယ်လို့ လိပ်ပြာကိုမြင်ရင်တော့ သင်ဟာ သစ္စာဖောက်ခံရတာကို ကြောက်နေတာပဲဖြစ်ပါတယ်။
ဒုတိယပုံမှာ သင်ပထမဆုံးမြင်လိုက်ရတဲ့အရာက မိန်းကလေးငယ်လေးဆိုရင် သင့်ရဲ ့ငယ်ဘဝတုန်းကထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဟာ အရွယ်ရောက်လာတဲ့အထိသင့်ကိုခြောက်လှန့်နေတယ်လို့ပြောပြနေတာပါပဲ။ဒီပုံမှာ လိပ်ပြာကိုအရင်မြင်လိုက်ရတယ်ဆိုရင် သင်ဟာ ဆုံးဖြတ်ချက်အမှားတွေချမိမှာ၊အခွင့်အရေးတွေဆုံးရှုံးလိုက်ရမှာကြောက်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။စတော်ဘယ်ရီသီးကို အရင်မြင်တယ်ဆိုရင်တော့သင်ဟာ လက်ရှိအချစ်ရေးမှာပျော်ရွှင်မှုမရှိမှာ၊မေတ္တာရေးမှာ ကံမကောင်းမှာကိုကြောက််နေတာဖြစ်ပါတယ်။သစ်ပင်တွေကိုပထမဆုံးမြင်ရင် သင်လုပ်ခဲ့မိတဲ့အရာတစ်ခုကြောင့်အပြစ်ရှိသလိုခံစားနေတယ်။အဲ့အဖြစ်အပျက်က အရိပ်လိုလိုက်နေတာကို ကြောက်လန့်နေတယ်လို့ဖော်ပြနေတာပါ။
တတိယပုံမှာ သင်ပထဆုံးမြင်လိုက်တဲ့ပုံဟာ မိန်းကလေးငယ်လေးလား။အဲ့ဒါဆိုရင် သင်ဟာ ကလေးဘဝတုန်းကမပျော်ရွှင်ရတဲ့အကြောင်းတွေကို ခုထိပြန်သတိရပြီး ထိတ်လန့်နေဆဲလို့ဖော်ပြနေပါတယ်။တကယ်လို့ လူတစ်ယောက်သစ်ပင်နောက်က ချောင်းကြည့်နေတာကို ပထမဆုံးမြင်ရင်တော့ သင်က သစ္စာဖောက်ခံရမှာကို အမြဲကြောက်လန့်နေတတ်သူတစ်ယောက်ပါတဲ့။
ဟုတ်ရဲ့လား??
Source:rebelcircus
209 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.