ချစ်ရတဲ့အစ်မ Lee Bo Young အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ Lee Jong Suk
Source:Soompi
Unicode
SBS ကနေထုတ်လွှင့်ပြသခဲ့တဲ့ ‘I Hear Your Voice’ ဇာတ်လမ်းတွဲဟာဆိုရင် အရမ်းလည်းအောင်မြင်ခဲ့ပြီးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်သလို ဇာတ်ကားရိုက်ကူးပြီးချိန်မှာလည်း အဖွဲ့သားတွေအားလုံး ကိုယ်စီရင်းနှီးမှုသံယောဇဉ်ကြိုး ခိုင်မာလာကြပါတယ်။
ဇာတ်လမ်းတွဲပြီးကတည်းက အဖွဲ့သားတွေဟာ အကုန်လုံးဆုံပြီး အမြဲလိုလိုတွေ့ဖြစ်ကြတယ်လို့လည်းသိရပါတယ်။ဒီနှစ် ၂၀၁၈ မှာလည်း မင်းသား Lee Jong Suk ဟာ သူတို့အနုပညာမောင်နှမတွေ တွေ့ဆုံကြတဲ့ပွဲပုံရိပ်လေးတွေကို အင်စတာဂရမ်အကောင့်လေးမှာတင်ထားပါတယ်။
“ဒီနှစ် “‘I Hear Your Voice’ အဖွဲ့သားတွေ ဆုံဖြစ်ကြပြန်ပြီ။ကျွန်တော်တို့ချစ်ရတဲ့ အစ်မလည်း ကျန်းကျန်းမာမာရှိပြီး ရင်သွေးလေးကိုချောချောမွေ့မွေ့မွေးဖွားနိုင်ဖို့ မျှော်လင့်ပါတယ်”ဆိုတဲ့စာလေးရေးထားပါသေးတယ်။
ဇာတ်လမ်းတွဲထဲမှာပါဝင်ထားကြတဲ့ Lee Jong Suk ၊ Lee Bo Young ၊ Kim Kwang Gyu နဲ့တစ်ခြားအဖွဲ့သားတွေပြန်လည််ဆုံတွေ့ကြတဲ့ပုံရိပ်လေးကို ကြည့်ရတာကြည်နူးစရာပါပဲ။ဇာတ်လမ်းတွဲပြီးသွားပေမဲ့သူတို့ရဲ့သံယောဇဉ်ကမပြီးသေးပါဘူး။မင်းသမီး Lee Bo Young ဟာဆိုရင်
သူမရဲ ့ဒုတိယမြောက်ရင်သွေးလေးကိုလွယ်ထားရတဲ့အတွက် Jong Suk က သူချစ်ခင်ရတဲ့အစ်မအတွက်ဆုတောင်းပေးထားတာဖြစ်ပါတယ်။ပြန်လည်ဆုံတွေ့ကြတဲ့သူတို့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
Source:Soompi
350 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.