Suicide Silence ဟာအဆိုတော်ဟောင်း Mitch Lucker ရဲ့ဘ၀အကြောင်းရိုက်ကူးထားတဲ့ မိနစ် ၃၀ ကြာမှတ်တမ်းရုပ်ရှင်ကိုထုတ်ခဲ့ပါတယ်။ ခရစ်စမတ်နေ့မှာ post လုပ်ခဲ့တာဖြစ်ပြီး deathcore ဂီတရဲ့အချစ်ခင်ရဆုံး အဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ Lucker အကြောင်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီ့ရုပ်ရှင်မှာ သူ့၊သူ့ဝိုင်းဖေါ်တွေနဲ့ သူ့မိသားစုဝင်တွေနဲ့လုပ်တဲ့ အင်တာဗျူးတွေပါဝင်ပါတယ်။
Lucker ဟာ ၂၀၁၂ခုနှစ် Halloween ညမှာအရက်သောက်ထားပြီး မော်တော်ဆိုင်ကယ်စီးပြီး မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ နောက်နေ့မနက်မှာတော့ ရခဲ့တဲ့ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကြောင့် Suicide Silence အတွက် အဆိုသမားအသစ်ရှာပြီးဝိုင်းပြန်ဖွဲ့ဖို့ တစ်နှစ်လောက်ကြာအောင် စောင့်စားစေခဲ့ရပါတယ်။ အခုတော့ All Shall Perish က Eddie Hermida ပါဝင်လာပြီး album အသစ်ကိုအသံသွင်းနေတာဖြစ်ပါတယ်။
ဒီ video ထဲမှာတော့ Mitch Lucker ရဲ့မိခင်ဖြစ်သူ Denise Hadded က “Mitchell မှာအဲဒီ့ပါရမီ နဲ့ဘုရားပေးလက်ဆောင်ပါလာပြီးသားပါ (ဂီတကနေတစ်ဆင့်လူထုနဲ့ဆက်သွယ်နိုင်တဲ့ပါရမီ) သူဒီနေ့ဒီမှာမရှိတော့ပေမယ့် အဲဒီ့လက်ဆောင်တွေကိုဆက်လက် မျှဝေခံစားနေကြဦးမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကိုတော့အောက်ပါ Link မှာကြည်ရှုနိုင်ပါတယ်။
Ref:musicfeeds